BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လွိုင်ကော်တက္ကသိုလ်က...
သတင်းအတု

လွိုင်ကော်တက္ကသိုလ်က ထွက်ပြေးလွတ်မြောက်လာတဲ့ နည်းပြဆရာမပေးစာအဖြစ် ဖြန့်ထားတဲ့ သတင်းအမှား

လွိုင်ကော်တက္ကသိုလ်က ထွက်ပြေးလွတ်မြောက်လာတဲ့ နည်းပြဆရာမ အသွင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးစာပုံစံ ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  2 Dec 2023 7:50 PM IST
  • လွိုင်ကော်တက္ကသိုလ်က ထွက်ပြေးလွတ်မြောက်လာတဲ့ နည်းပြဆရာမပေးစာအဖြစ် ဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို Thandar Win နာမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး “လေးစားရပါသော နိုင်ငံတကာသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရှင့်” လို့ခေါင်းစဉ်တပ်ထားကာ ၎င်းရဲ့ ပေးစာအတွင်းမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကို KNPP နဲ့ KNDF အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ်ကို ဒရော့ဗုံးချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က လာကယ်ပေမယ့် ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အင်အားပိုများတာကြောင့် အချိန်မမီဘဲ ပညာရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရပြီး ဆရာ၊ ဆရာမ ၃၆ ဦးနဲ့ မိသားစုတွေ ဖမ်းဆီးသွားကြောင်း၊ ပါမောက္ခချုပ်ကြီးလည်း အသတ်ခံရတယ်ကြားသိရကြောင်း၊ ၎င်းနဲ့ တစ်ခြားဝန်ထမ်း နှစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေရော ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း၊ ကူးယူဖော်ပြခြင်းတွေ ပြုလုပ်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လွိုင်ကော်တက္ကသိုလ်က နည်းပြဆရာမ အသွင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးစာပုံစံ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာ တက္ကသိုလ်အတွင်းက ပါမောက္ခအပါအဝင် ဆရာ၊ ဆရာမ နဲ့ ဝန်ထမ်းတွေကို တိုက်ပွဲရဲ့ ဘေးလွတ်ရာကို ကယ်ထုတ်သွားခဲ့ပါတယ်။

    ဒီလို ကယ်ထုတ်သွားတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်ခံသူတွေက ဆရာ၊ဆရာမတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတာဖြစ်ကြောင်း၊ သတ်ပစ်လိုက်ပြီဖြစ်ကြောင်း အမျိုးစုံဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းအမှားစဖြန့်တဲ့ Thandar Win ဆိုတဲ့ အကောင့်ကနေလည်း ပါမောက္ခကို သတ်လိုက်ပြီဖြစ်ကြောင်း ထပ်မံဖြန့်ဝေခဲ့ပါတယ်။

    Thandar Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ နိုဝင်ဘာလ ၁၆ ရက်ဝန်းကျင်မှ စတင်ကာ ပိုစ့်တွေတင်ထားတဲ့ အကောင့်တစ်ခုဖြစ်တာ တွေ့ရပြီး၊ ၎င်းဖေ့စ်ဘွတ်ရဲ့ Profile နဲ့ Cover ဓါတ်ပုံတွေဟာလည်း ၁၆ ရက်နေ့ကမှ အသစ်ချိန်းထားတဲ့ ပုံတွေ ဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းရဲ့ နောက်ပိုင်းရက်ပိုစ့်တွေမှာလည်း စစ်တပ်က လာကယ်လို့ ၎င်းပြန်လွတ်လာတာ ဖြစ်ကြောင်း အစောပိုင်းတင်ခဲ့တဲ့ ပိုစ့်တွေ ဖျက်ချခံရကြောင်း ထပ်မံရေးသားလာပါတယ်။ သတင်းအမှားစဖြန့်စဉ်က ၎င်းကိုယ်တိုင် ကျောင်းအနောက်ပေါက်ကနေ ထွက်ပြေးခဲ့တာလို့ ဆိုထားပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က လာကယ်လို့ပေးခဲ့တာလို့ ထပ်မံဖြန့်ထားပါတယ်။

    လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို KNDF က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ စစ်တပ်က လာရောက်စစ်ကူပေးနိုင်ခြင်းမရှိသလို မည်သည့်စစ်သားမှ လာရောက် ကယ်ပေးနိုင်ခြင်း မရှိပါဘူး။ နောက်ဆုံး လက်ကျန်စစ်သားတွေဟာ KNDF ထံမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ဖြစ်စဉ်တွေက အထောက်အထားနဲ့ပျံ့နှံ့ခဲ့ပါတယ်။

    နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ KNDF က တိုက်ပွဲဖြစ်ပွားရာမှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ၎င်းတို့က ဘေးကင်းရာသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ ပြောင်းရွေ့ပေးခဲ့ရတဲ့ ဝန်ထမ်းနဲ့ မိသားစုတွေ ဘေးကင်လုံခြုံကြောင်း နာမည်စာရင်းတွေ အတိအကျနဲ့ ထုတ်ပြန်လာခဲ့ပါတယ်။ ဒါ့အပြင် ပါမောက္ခအပါအဝင် ဆရာ၊ဆရာမတွေ အားလုံးဘေးကင်းလုံခြုံကြောင်း ပါမောက္ခနဲ့ တစ်ခြား နည်းပြ ဆရာ၊ ဆရာမတွေက Video အင်တာဗျုးတစ်ပုဒ်နဲ့ KNDF က ထုတ်ပြန်ထားပါတယ်။ KNDF က ထုတ်ပြန်ထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ တစ်ခြားသတင်းအမှား အကြောင်းအရာကို အောက်ပါ Link မှာ ဖတ်ပါ။

    လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေကို KNDF က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအတု

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး နောက်ပိုင်းရက်တွေမှာ လူမှုကွန်ယက်ပေါ်က ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး၊ ထပ်ဆင့်ဖြန့်ဝေနေကြတဲ့ အကောင့်တွေအကုန်လုံးဟာလည်း စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupfake accountLoikaw UniversityKNDFCDMNon CDMသတင်းအမှားလွိုင်ကော်တက္ကသိုလ်လက်နက်ချအလင်းဝင်
    Read Full Article
    Claim :   လွိုင်ကော်တက္ကသိုလ် နည်းပြဆရာမ အသွင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးစာ
    Claimed By :  Facebook, Telegram, TikTok
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!