BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီက ကိုယ်စားလှယ်လောင်း...
သတင်းအတု

NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်မှူနဲ့ပတ်သက်တဲ့သတင်းအမှား

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးအရ ဝါဒဖြန့်ချိတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Jun 2020 10:33 AM IST
  • NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်မှူနဲ့ပတ်သက်တဲ့သတင်းအမှား

    ဒီလိုသတင်းအမှား ဖြန့်ဝေသူတွေဟာ အကောင့်ပုန်းတွေကို အသုံးချပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ နိုင်ငံရေးပါတီတွေ အပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

    ဒီရက်ပိုင်းထဲမှာပဲ Aung Naing Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇွန်လ ၄ ရက်နေ့ မနက် ၁၁ နာရီမှာ NLD ပါတီက ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ ပက်သက်တဲ့ သတင်းအမှားတစ်ပုဒ်ကို ပုသိမ်ကြီး-ပြည်ခိုင်ဖြိုး ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲ မှာ ရေးသားဖြန့်ဝေထားပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာရေးသားထားတဲ့အတိုင်းဖေါ်ပြရရင် "NLD ပါတီက ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်တော့မည်ဟု ကြားသိရသည် ။ ထိုသို့ ရွေးချယ်ရာတွင် အရည်အချင်းသတ်မှတ်ချက် (၆) ချက်ဖြင့် ရွေးချယ်သွားမည်လို့လည်း သိရှိရသည်။ အဆိုပါ အရည်အချင်းသတ်မှတ်ချက် (၆) ချက်အပြင် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများကိုပါ ထပ်တိုး သတ်မှတ်သင့်ကြောင်း အကြံပြုချင်ပါသည်။၁ ။ ထောင်ထွက်ဖြစ်ရမည် ။ ၂ ။ မုဒိန်းကောင်ဖြစ်ရမည် ။ ၃ ။ ကြာကူလီကောင်ဖြစ်ရမည် ။ ၄ ။ ကတိမတည်သူ လိမ်တတ်ညာတတ်သူဖြစ်ရမည် ။ ၅ ။ ခိုးမှုကျွမ်းကျင်သူ ၊ အဂတိလိုက်စားသူဖြစ်ရမည် ။ မှတ်ချက် ။ အမျိုး ဘာသာ သာသနာ နဲ့ မိမိတို့ရဲ့ အိမ်ဦးခန်းမှ ဘုရားစင် မကွယ်ပျောက်စေချင်ရင် NLD ပါတီကို မဲ မပေးရန် အထူးသတိပြုစေချင်ပါသည် ။ အရေးကြီးပြီ သွေးစည်းကြစို့" လို့ ရေးသားထားပါတယ်။

    ဒီသတင်းအမှားကို ပုသိမ်ကြီး-ပြည်ခိုင်ဖြိုး ဆိုတဲ့ Facebook Group ထဲကနေ ၁၇၅ ယောက်ခန့်က ထပ်မံဝေမျှထားပါတယ်။

    ဒီသတင်းအမှားတင်ခဲ့တဲ့ Aung Naing Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့အကောင့်မှာ နိုင်ငံရေးအရ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှား တွေ တင်ထားတာကိုလည်း တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    Aung Naing Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ ပက်သက်တဲ့ အကြောင်းအရာကို အချက်အလက် စစ်ဆေးဖို့ Boom Myanmar က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီသတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

    ပါတီလူရွေးတာနဲ့ ပက်သက်ပြီး "ပါတီက အချက်အလက်တွေနဲ့ ထုတ်ပြန်ပြီး ပြောထားတာ ရှိတယ်လေ။ အဲ့ အထဲမှာတော့ သူတို့ ပြောသလို ထောင်ကျဖူးရမယ် ဘာညာဆိုတာတော့ မပါ ပါဘူး။ ကိုယ့်ပါတီနဲ့ ပက်သက်ပြီး ပါတီအပေါ်မှာ သစ္စာရှိပြီး လုပ်ခဲ့တဲ့ သူမျိုး ဖြစ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်မှာက သိတဲ့အတိုင်းပဲ အခုမှ ဟိုကနေ ဒီကနေ ခုန်ကူးလာတဲ့ သူတွေ၊ ခုန်ကူးတဲ့ ကိစ္စတွေက အရမ်းများနေတော့ အဲ့အတွက်ကြောင့်မို့လို့ ပါတီအပေါ်မှာ သစ္စာရှိတဲ့သူ၊ ဒီမိုကရေစီအရေးကို တကယ့်ကို ထိထိရောက်ရောက် လှုပ်ရှားခဲ့တဲ့သူ ဆိုတာမျိုးပေါ့။ အဓိက အရေးကြီးဆုံးကတော့ ပြည်သူလူထုအတွက် အနစ်နာခံပြီးတော့ ကိုယ်ကျိုးစွန့်တဲ့သူမျိုးပေါ့နော်။ ဒီလို ဒီမိုကရေစီ စံနှုန်းနဲ့ ညီတဲ့ ကိစ္စတွေကိုပဲ ကျွန်တော်တို့ ပါတီက ရွေးချယ်တာလေ။" လို့ ကိုနေဘုန်းလတ်က Boom Myanmar ကို ပြောပါတယ်။

    NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပက်သက်တဲ့သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    fake newsNLD candidatesFake Account
    Read Full Article
    Claim :   Aung Naing Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ ပက်သက်တဲ့ သတင်းအမှားတွေကို Boom Myanmar က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!