BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို...
သတင်းအတု

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို အမှိုက်အိတ်ထဲထည့် စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ကို သတင်းမှားအဖြစ် ရေးသားဖြန့်ဝေ

ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို အမှိုက်အိတ်အမည်းနဲ့ ထုပ်ပြီး သင်္ချိုင်းဇရပ်တွင် ဖြစ်သလို စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ကို သတင်းအမှားဖြစ်တယ်ဆိုပြီး စစ်တပ်ထောက်ခံသူတွေက လူမှုမီဒီယာပေါ် ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2021 9:23 PM IST
  • စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို အမှိုက်အိတ်ထဲထည့် စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ကို သတင်းမှားအဖြစ် ရေးသားဖြန့်ဝေ

    ဖြန့်ဝေမှုတွေကို အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းမှာ စစ်တပ်ထောက်ခံသူတွေရဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ ဂရုတွေမှာ ရေးသားဖြန့်ဝေနေတာဖြစ်ပြီး "ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင် တပ်ဖွဲ့ဝင်များ၏ အလောင်းများကို အစိုးရက အမှိုက်အိတ်အမည်းဖြင့်ထုပ်၍ သင်္ချိုင်းဇရပ်တွင် ဖြစ်သလို စွန့်ပစ်သွားဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ အဆိုပါ ဖြစ်စဉ်မျိုး ဖြစ်ပွားမှုမရှိခဲ့သလို ဗိုလ်မှူးသန်းဝင်းထွန်း ဆိုသူလည်း မရှိကြောင်း" ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စစ်ကောင်စီက အမှိုက်အိတ်အမည်းနဲ့ ထုပ်ပြီး သင်္ချိုင်းဇရပ်မှာ ဖြစ်သလို စွန့်ပစ်သွားတယ်ဆိုတဲ့ သတင်းကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က Khit Thit Media နဲ့ RISE News သတင်းဌာနတွေမှာ ဖော်ပြထားခဲ့ပါတယ်။


    ခေတ်သစ်မီဒီယာက ဖော်ပြထားတဲ့ သတင်းထဲမှာ "ကျနော်တို့ ရတဲ့သတင်းအချက်အလက်က အလောင်းတွေကို သံဖြူဇရပ်ဘက်က သင်္ချိုင်းဇရပ်တစ်ခုမှာ လာချထားတယ်၊ စစ်ကောင်စီဘက်က လုပ်မယ့် နောက်ဆက်တွဲ အကြောင်းအရာကိုတော့ မသိသေးဘူး" လို့ ပြောကြားထားတဲ့ KNU သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးရဲ့ ပြောစကားကို ကိုးကားဖော်ပြထားခဲ့ပါတယ်။

    ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက ဘုရားသုံးဆူ-သံဖြူဇရပ် ကား လမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ KNLA တပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိတဲ့အကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ သတင်းရင်းမြစ်ကိုလည်း ကိုးကားဖော်ပြထားတာ တွေ့ရပါတယ်။

    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    The body of Major Than Win TunMajor Than Win Tunအလောင်းစွန့်ပစ်FalsenewsMilitary Coupmilitary councils
    Read Full Article
    Claim :   ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအလောင်း အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို အမှိုက်အိတ်အမည်းနဲ့ ထုပ်ပြီး သင်္ချိုင်းဇရပ်တွင် ဖြစ်သလို စွန့်ပစ်သွားတဲ့ ဖြစ်စဉ်ကို သတင်းအမှားဖြစ်တယ်ဆိုပြီး စစ်တပ်ထောက်ခံသူတွေက လူမှုမီဒီယာပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!