BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အနုပညာရှင်တွေကွယ်လွန်ကြောင်း...
သတင်းအတု

အနုပညာရှင်တွေကွယ်လွန်ကြောင်း သတင်းအမှားတွေတင်တဲ့ ဖေ့စ်ဘွတ် Page

လူမှုကွန်ယက်ပေါ်သတင်းအမှားဖြန့်ဝေခံရသူတွေထဲမှာအနုပညာပယ်ကသူတွေအများဆုံးပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Aug 2020 10:26 AM IST
  • အနုပညာရှင်တွေကွယ်လွန်ကြောင်း သတင်းအမှားတွေတင်တဲ့ ဖေ့စ်ဘွတ် Page

    လူသိများတဲ့အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ သတင်းအတုသတင်းအမှားတွေဟာ လူထုထဲမှာနေ့စဉ်နဲ့အမျှပျံ့နှံ့နေပါတယ်။ Boom က အခုတင်ဆက်မယ့်အကြောင်းအရာကတော့ ဒီလိုသတင်းအမှားတွေကို အစဉ်တစိုက်ရေးသားဖြန့်ဝေနေတဲ့ Page တစ်ခုကိုဆန်စစ်ထားတဲ့အကြောင်းအရာ ဖြစ်ပါတယ်။

    အဲ့ဒီ facebook Page ဟာ Cele Cele All လို့ နာမည်ပေးထားပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ သရုပ်ဆောင် အနုပညာရှင် တွေနဲ့ ပက်သက်တဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ပေ့ချ်ဟာ နာမည်ကြီး အနုပညာရှင်တွေ ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှားကို မကြာခဏတင်လေ့ရှိပြီး သရုပ်ဆောင်တွေအပေါ် ညစ်ညမ်းတဲ့ ရေးသားမှု နဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ မကြာခဏ ရေးသားဖြန့်ဝေတာလည်းတွေ့ရပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်ပေ့ချ်ဟာ ဇူလိုင်လ ၂၆ ရက်နေ့ မှာ စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး Page စတင်ပြုလုပ်ခဲ့တဲ့ နေ့မှာပဲ အဆိုတော်မီးမီးခဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းအမှားကို စတင်ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှခဲ့သူ ၃၇၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ ၂၆ ရက်နေ့ ညပိုင်းမှာ အနုပညာရှင်တွေ အဆိုတော်တွေ၊ မော်ဒယ်တွေကို အပုပ်ချ တိုက်ခိုက်ထားတဲ့ သတင်းအမှားများစွာလည်း တင်ထားပါတယ်။

    အဲ့ဒီ Cele Cele All ဆိုတဲ့ Page ဟာ စတင်ပြုလုပ်ပြီး ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် တင့်တင့်ထွန်း (ခ ) ဆရာလေးဒေါ်နန္ဒမာလာ ကံတော်ကုန်သွားတယ်ဆိုတဲ့ သတင်းအမှားကို ဖြန့်ဝေခဲ့ပါတယ်။အဆိုပါ သတင်းအမှားဟာ လူမှု့ကွန်ယက်ပေါ်မှာ ပျံနှံ့ခဲ့ပြီး ဆရာလေးဒေါ်နန္ဒမာလာရဲ့ မိသားစုဝင်တွေက သတင်းအမှားသာ ဖြစ်တယ်လို့ ပြန်ဖြေရှင်းခဲ့ရပါသေးတယ်။


    ဒါ့အပြင် ဇူလိုင်လ ၂၇ ရက်နေ့မှာ ဇွဲကပင် တောင်ပေါ်က ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ခုန်ချခဲ့ပြီးနောက် ဇွဲကပင်တောင်ကို ဒေသခံများက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားကို ဖြန့်ဝေခဲ့ပြီး ထပ်မံဝေမျှသူ ၁၈၀၀ ခန့်ရှိခဲ့ပါတယ်။


    ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီမှာတော့ အဆိုပါ ပေ့ချ်မှာ ရုပ်ရှင် သရုပ်ဆောင် နေတိုး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှားကို ထပ်တင်ထားပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှားကို တင်ထားခဲ့ပြီး ၎င်း သတင်းအမှားကို လူပေါင်း ၇၅၀၀ ကျော်က ထပ်မံ ဝေမျှထားပါတယ်။

    သြဂုတ်လ ၂ ရက်နေ့မှာတော့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကို တင်ထားပြီး ၎င်းသတင်းကို ထပ်ဆင့်ဝေမျှသူ ၁၈၀၀ ခန့် ရှိခဲ့ပါတယ်။


    အဲ့ဒီ facebook Page မှာ အနုပညာရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းအမှားတွေ အပြင် သရုပ်ဆောင်တွေအပေါ် ညစ်ညမ်းတဲ့ ရေးသားမှုတွေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    သတင်း ဆန်းစစ်ချက်

    Cele Cele All ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ အနုပညာရှင်တွေ နဲ့ ပက်သက်တဲ့ သတင်းတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ အဆိုပါ Page ဟာ သတင်းအမှားပေါင်းများစွာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    ၎င်း Page အနုပညာရှင်တွေ ကွယ်လွန်သွားပြီဆိုတဲ့ လူစိတ်ဝင်စားနိုင်တဲ့ သတင်းအမှားတွေ တင်ပြီး ၎င်း Page ကို Like ပြုလုပ်သူ များအောင် လူအများသတိထားမိအောင် ပြုလုပ်ပြီး သရုပ်ဆောင်တွေအပေါ် အပုပ်ချ ရေးသားမှုတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့် တစ်ခုမှာ အဆိုတော်ချမ်းချမ်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပြုလုပ်ထားပြီး အဆိုပါ ပိုစ့်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုပါ တိုက်ခိုက်မှု ပြုလုပ်ထားပါတယ်။

    ၎င်းရဲ့ရေးသားဖြန့်ဝေမှု တချို့မှာ NLD ပါတီကို မုန်းတီးနေမှု တချို့ပါဝင်နေတာကို တွေ့ရပါတယ်။ အဆိုတော်မီးမီးခဲ ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား ရေးသားဖြန့်ဝေမှုမှာ "NLD ပါတီထောက်ခံသူ အဆိုတော် ထူးအယ်လင်း၏ မယား" လို့ ရေးသားခဲ့ပြီး အဆိုတော်ချမ်းချမ်း အပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ပုတ်ခတ်ရေးသားမှု တချို့ ပါဝင်နေတာကို တွေ့ရပါတယ်။


    အဲ့ဒီ Page မှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာအများစုဟာ သတင်းအမှားများသာဖြစ်ပြီး ၎င်း Page ကနေ သတင်းများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။





    Tags

    fake newsFake facebook pagefalse news about artistsသတင်းအမှားအနုပညာရှင်တွေကွယ်လွန်ဖေ့စ်ဘွတ်ပေ့ချ်အတု
    Read Full Article
    Claim :   Cele Cele All ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ အနုပညာရှင်တွေ နဲ့ ပက်သက်တဲ့ သတင်းတွေကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!