BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းဌာနအမည်ခံပြီး သတင်းအမှားတွေ...
သတင်းအတု

သတင်းဌာနအမည်ခံပြီး သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်

သတင်းဌာနအမည်ခံ ဖေစ့်ဘွတ်ပေချ့်အတုပြုလုပ်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ အမှားအမှန် ရောထားတဲ့ သတင်း အမှားတွေ ဆက်တိုက်ဖြန့်ဝေပြီး Click baits နဲ့ ပိုက်ဆံရှာနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတစ်ခု လူမှုကွန်ရက်ပေါ်မှာ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2023 8:45 PM IST
  • သတင်းဌာနအမည်ခံပြီး သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်

    နိုင်ငံတကာ သတင်းဆိုပြီး သတင်းဌာန အမည်ခံထားတဲ့ ဒီဖေစ့်ဘွတ်ပေချ့်အတုကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ အတွင်းက ဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာ Follower အရေအတွက် ခုနှစ်သောင်း နီးပါးရှိနေပါတယ်။

    ဒီဖေစ့်ဘွတ်ပေချ့် အတုကနေ နေ့စဉ် သတင်းတွေ ဖြန့်ဝေရာမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်တွေ ရေးသားကာ အမှားအမှန်ရောထားတဲ့ သတင်းတွေ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ သတင်းဌာနတွေမှာ လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာ တစွန်းတစကို အသုံးပြုပြီး ပိုစ့်တင်ရေးသားကာ အောက်က ကောမန့်မှာတော့ ‘ကြည့်ရန်နှိပ်ပါ’ ဆိုပြီး ဝက်ဆိုက်လင့်တစ်ခုပေးထားပါတယ်။ အဆိုပါ လင့်ကို နှိပ်လိုက်ပါက ဖြန့်ဝေထားတဲ့ သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက်အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။

    အချို့ပိုစ့်တွေရဲ့ အောက်က လင့်တွေကတော့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုမှာ သတင်းဌာနတွေက သတင်းတွေကို ပြန်ကူးပြီး ဖော်ပြထားတာပါ။ ဒီလိုဖော်ပြရာမှာလည်း ပိုစ့်မှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ကွဲလွဲတဲ့ အကြောင်းတွေကို ဖော်ပြထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစီချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ သတင်းတွေအောက်က ပေးထားတဲ့ ဝက်ဆိုက် လင့် တွေကို ဝင်ရောက်ကြည့်ရှု့ပါက အထက်မှာ ပြောခဲ့သလို သတင်းနဲ့ မသက်ဆိုင်တဲ့ ကြော်ငြာတွေ တင်ထားတဲ့ ဝက်ဆိုက်တစ်ခုကို ရောက်သွားပြီး အသုံးပြုနေတဲ့ ဖုန်း (သို့) ကွန်ပျူတာ ဆက်လက် အသုံးပြုလို့ မရတော့ပဲ ဖွင့်ထားသမျှပိတ်ပြစ်ရလောက်တဲ့အထိ လေးလံလာမှာ ဖြစ်ပါတယ်။

    အချို့လင့်တွေမှာတော့ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားပါတယ်။ ဒီသတင်းတွေကို ပြန်လည် ကူးယူဖော်ပြချိန်မှာလည်း အများအပြည်သူထိတ်လန့်မယ့် ပိုစ့်တင်ပြီး ကွန်မန့်မှာ လင့်ပေးဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    သတင်းဌာနအတုFake facebook pageClickbaitsသတင်းဌာနအမည်ခံ ဖေစ့်ဘွတ်ပေချ့်သတင်းအမှားmisinformationFakenewspanic headlines
    Read Full Article
    Claim :   သတင်းဌာနအမည်ခံပြီး သတင်းအမှားတွေ ဖြန့်ဝေနေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!