BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့...
သတင်းအတု

သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းအပါအဝင် လက်ရှိသတင်းဖြစ်ရပ်တွေအပေါ်လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေအမြောက်အများကို Page အသစ်တစ်ခုကနေဆက်တိုက်ဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  26 Jun 2022 10:27 AM IST
  • သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်

    မတ်လအတွင်းကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ Page နာမည်က Rocer 19 နာမည်နဲ့ဖန်တီးထားတာဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ သတင်းမှား၊ သတင်းတု ၁၀ ပုဒ် ဝန်းကျင် ဖြန့်ဝေလျက်ရှိနေပါတယ်။ ဒီပေချ့်ကို Like လုပ်ထားသူ နှစ်သောင်းကျော်နဲ့ follow လုပ်ထားသူ တစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေနေတဲ့ သတင်းအမှားတွေဟာ တခြားဖေစ့်ဘွတ်ပေချ့်တွေရဲ့ ပိုစ့်တွေကို ပြန်လည်ဖြန့်ဝေတာရှိသလို ကူးယူပြီး ဖြန့်ဝေတာတွေလည်း ရှိပါတယ်။ တချို့ပိုစ့်တွေမှာ Like လုပ်သူ သောင်းကျော်ရှိနေပြီး ထပ်ဆင့်ဖြန့်ဝေမှု ထောင်ကျော်ရှိနေပါတယ်။


    ဒီပေ့ချ်မှာဖြန့်‌ဝေနေတဲ့ သတင်းအတု၊ သတင်းမှားတချို့ကိုတော့ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Rocer 19 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေနေတဲ့ သတင်းအများစုဟာ သတင်းခေါင်းစဉ်ကို လူအများဝင်ကြည့်အောင် ရေးသားကာ ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ page တစ်ခုဖြစ်ပြီး Clickbait သတင်းတွေ၊ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို လိုရာဆွဲ ရေးသားကာ ပြုပြင်ထားတဲ့ သတင်းတွေနဲ့ အချက်အလက် မခိုင်လုံတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောထည့်သွင်းကာထပ်ဆင့်ဖြန့်ဝေနေတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။


    ဒီပေချ့်မှာ ဖြန့်ဝေနေတဲ့ သတင်းတွေဟာ အထက်မှာ ဖော်ပြထားသလို "ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကွက်မျက်လိုက်ပြီ" ဆို‌ပြီး ဖြန့်ဝေခဲ့သလို ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ပုံကို အသုံးပြုပြီး "အမှုကြီးတွေ အကုန် ရုတ်သိမ်း" ဆိုတဲ့ ရှေ့နောက်မညီတဲ့ သတင်းတွေကို ဖြန့်ဝေနေမှုတွေလည်းရှိခဲ့ပါတယ်။

    Tags

    Fake facebook pageClickbaitFakenewsFake Page
    Read Full Article
    Claim :   သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!