BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပရဟိတအဖွဲ့နာမည်သုံးပြီး...
သတင်းအတု

ပရဟိတအဖွဲ့နာမည်သုံးပြီး သတင်းအမှားဖြန့်တဲ့ဖေ့စ်ဘွတ်အကောင့်

ကိုရိုနာ ကပ်ဘေးဖြစ်ပေါ်နေတဲ့အချိန် Facebook အကောင့်အတု တွေ နဲ့ နိုင်ငံရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ၊ စီးပွားရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ နေ့စဉ်လိုလို ဖြစ်ပေါ်လျှက်ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 April 2020 6:27 PM IST
  • ပရဟိတအဖွဲ့နာမည်သုံးပြီး သတင်းအမှားဖြန့်တဲ့ဖေ့စ်ဘွတ်အကောင့်

    Min Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုဟာ ဧပြီလ ၂၆ ရက် နေ့ခင်းပိုင်း ၃ နာရီ ၈ မိနစ်မှာ လူမှုကူညီရေး အဖွဲ့တစ်ခုရဲ့ နာမည်ကိုအသုံးပြုပြီး သတင်းအမှား တစ်ပုဒ် ဖြန့်ဝေခဲ့ပါတယ် ။

    အဲ့ဒီသတင်းအမှားထဲမှာ "ကျွန်တော်တို့ "ဖြူစင်မေတ္တာ"လူမှုကူညီရေးအဖွဲ့သည် ဒေါ်စုဦးဆောင် သော စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင် ဆောင်ရွက်မည်မဟုတ်ပါ။" ဆိုတာကို ရေးသားဝေမျှခဲ့တာဖြစ်ပါတယ် ။

    (စကားလုံး အသုံးအနှုန်းများကို မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)

    ဒီသတင်းအမှားကို ထပ်ဆင့်မျှဝေသူ ၂၃၀၀ ကျော်ရှိနေပြီး ၎င်း အကောင့်တုဟာ ဧပြီလ ၂၆ ရက် ည ၁၀ နာရီ ၄၀ မှာ နောက်ထပ် သတင်းအမှားတစ်ခု တင်ခဲ့ပါတယ်။ ဒီသတင်းအမှားထဲမှာ "မဲဆွယ်ရေး အသုံးချခံ လက်ဝေခံလုပ်ဖို့သက်ဆိုင်ရာကဖိအားပေးလာရင်ကျွန်တော်တို့နှင့် အတူ လူမှုကူညီရေးအဖွဲ့ ၂၃ ခု လုပ်ငန်းများ ရပ်နားသွားပါမည်။" လို့ ရေးသားခဲ့ပါတယ်။ အဆိုပါ သတင်းအတုကို ထပ်ဆင့်မျှဝေသူ ၁၄၀၀ ကျော်ရှိနေပါတယ်။


    Min Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ရဲ့ နာမည်ကို အသုံးချပြီး သတင်းအမှား ဖြန့်ဝေခဲ့တာဖြစ်သလို၎င်းဟာ ဖြူစင်မေတ္တာအဖွဲ့ နဲ့ သက်ဆိုင်မှု မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုသာ ဖြစ်ပါကို လေ့လာတွေ့ရှိရပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ရေးသားနေသလို ပရဟိတအဖွဲ့တွေနဲ့ ပက်သက်တဲ့ သတင်းအမှားတွေကိုလည်း ထပ်ဆင့်မျှဝေနေတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Min Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် က ရေးထားတဲ့ ဖြူစင်မေတ္တာ လူမှုကူညီရေး အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်း လက်အောက်မှာ ပါဝင်ဆောင်ရွက်တော့မှာ မဟုတ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာဒီအကြောင်းအရာဟာ အကောင့်တုတစ်ခုနဲ့ဖန်တီးရေးသားထားခြင်းဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။

    ဒီအကောင့်မှာရေးသားခဲ့တာတွေနဲ့ပတ်သက်လို့ ဖြူစင်မေတ္တာအဖွဲ့ကလည်း ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာ အဆိုပါ သတင်းအမှားနဲ့ ပက်သက်ပြီးပြန်လည်ရေးသားခဲ့ပါတယ်။ "Profile မမှန် တာဝန်ခံယူမှု မရှိဘဲ ထင်ရောင်ထင်မှား ဖြစ်အောင်ဝါဒဖြန့်ရေးသား သောလုပ်ရပ်သည် ကျနော်တို့ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်လုံးဝမသက်ဆိုင်ပါ။" လို့ ဖြေရှင်းခဲ့ပါတယ်။


    အဆိုပါ သတင်းအတု ဖြန့်ဝေသူ၏ ပိုစ့်အောက်တွင် ဖြူစင်မေတ္တာ နာမည်ဖြင့် သတင်းအမှား ဖြန့်ဝေခြင်းကို တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန် Comment ရေးသားနေသူတွေရှိသလို ပုဂ္ဂိုလ်စွဲ ပါတီစွဲ ထားကာ ဖြူစင်မေတ္တာအဖွဲ့၏ နာမည်သုံးပြီး သတင်းအမှား ဖြန့်ဝေနေခြင်းကို တရားစွဲသင့်ကြောင်း မှတ်ချက်ပေးသူများလည်း ရှိသည်။

    ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းသည် ပုသိမ်မြို့ အခြေစိုက် ပရဟိတ အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် အခမဲ့ ဆေးကုသပေးခြင်း၊ ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်း၊ သွေးလှူဒါန်းခြင်း စသည့် လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်နေသော တရားဝင်မှတ်ပုံတင် ထားသည့် အဖွဲ့အစည်းဖြစ်သည်။

    Tags

    fake newsFake Accountဖြူစင်မေတ္တာ လူမှုဖွံ့
    Read Full Article
    Claim :   Facebook အကောင့် တစ်ခုက ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း ရဲ့ နာမည်ကို အသုံးပြုပြီး သတင်းအမှား ဖြန်ဝေခဲ့တာကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!