BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရေမြွေတွေက မြွေနဂါးဖြစ်နိုင်သလား
သတင်းအတု

ရေမြွေတွေက မြွေနဂါးဖြစ်နိုင်သလား

ပုံပါ မြွေဟာ သာမာန်မြွေ မဟုတ်ကြောင်းနဲ့ အရောင်တွေထွက်နေတဲ့ မြွေနဂါးဖြစ်ကြောင်း ရေးသားဖြန့်ဝေနေတာတွေဟာ ရှေးရိုးစွဲယုံကြည်မှုတွေအပေါ်အခြေခံရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီအကြောင်းအရာမှာ လွဲမှားတဲ့အချက်အလက်တွေပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Aug 2022 11:17 PM IST
  • ရေမြွေတွေက မြွေနဂါးဖြစ်နိုင်သလား

    ဒီအကြောင်းအရာကို 'အရှင် ဝိစာရိန္ဒ မထေရ်' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းမှာ စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူတွေနဲ့ အငြင်းပွားဖွယ် မှတ်ချက်ပေးသူ အမြောက်အများ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'မြွေနဂါးမျိုးစိတ်အကြောင်းနည်းနည်းလေးရှင်းပြမည်လို့ ဆိုကာ အစပိုင်းမှာ မြွေနဂါးနဲ့ ဆိုင်တဲ့ ဘာသာရေး အယူအဆတစ်ချို့ရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပိုစ့်မှာတင်ထားတဲ့ ပုံထဲက မြွေဟာ သာမာန်မြွေမဟုတ်ကြောင်း၊ အရောင်တွေ ထွက်နေကြောင်း၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြတယ်ဆိုတာ မြွေတွေမှာက အမောက်ကြီးမရှိပေမယ့် ပုံထဲက မြွေမှာတော့ ဦးခေါင်းအလယ်တည့်တည့်မှာ အမောက်ငယ်ကလေး တွေ့ရကြောင်း၊ ဒါကိုလက်မခံနိုင်သူတွေ အနေနဲ့ ခန္ဓာကိုယ်ကျောရိုး အလယ်က အဆင်းကြောင်းကို ကြည့်ပြီး မြွေနဂါးမှန်း သိနိုင်ကြောင်း၊ နဂါးအမောက်က ဦးခေါင်းအလယ်မှ အမြီးထိသွားတာဖြစ်ကြောင်း၊ မြွေကြီးလာရင် မြွေနဂါးဖြစ်ကြောင်းနဲ့ အသက်ရာချီထောင်ချီနေကြကြောင်း၊ နေအိမ်ကို မြွေတွေတက်လာရင် စိုးရိမ်စရာမလိုကြောင်း၊ ဆရာတော်ဘုရားက မိမိရဲ့ အိမ်ဝန်းခြံဝန်း ကပ်ကြီး ၃ ပါးမှာ အန္တရာယ်ကင်းအောင် မြွေ ၊ နဂါး အစောင့်အရှောက်တွေ စေလွတ်ပေးပါကြောင်း နဲ့ လာပြီးရင်သူတို့ ဘာသာသူတို့ ပြန်သွားကြမှာ ဖြစ်ကြောင်း' တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယခုသတင်းဆန်းစစ်ချက်မှာ ဆရာတော် ဖြန့်ဝေထားချက်ထဲက မြွေနဂါးနဲ့ ပတ်သတ်တဲ့ ဘာသာရေး အယူအဆတွေကို ဆန်းစစ်ဝေဖန်တာမျိုး မဟုတ်ပဲ ပုံထဲက မြွေရဲ့ အမျိုးအစားနဲ့ မြွေနဲ့ ပတ်သတ်ပြီး မိမိ အိမ်၊ ခြံဝင်းအတွင်း ကာကွယ်နိုင်အောင် ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။

    အခုဖြန့်ဝေနေတဲ့ ပုံထဲက မြွေကို အချို့ဖြန့်ဝေသူတွေက မြွေအမျိုးအစားခွဲခြားခြင်းနဲ့ မြွေနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ဖြန့်ဝေခြင်း၊ သင်တန်းပေးခြင်းတွေ လုပ်ပေးနေတဲ့ Snakes Of Myanmar ဖေစ့်ဘွတ်ဂရုမှာ ပုံတင်မေးမြန်းထားရာမှာ မြွေကျွမ်းကျင်သူက ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။


    ပုံထဲကမြွေဟာ မြန်မာနာမည် ရေမြွေကြားဖြစ်ပြီး သူမှာ အဆိပ်ပျော့ရှိပေမယ့် လူကိုတော့ အန္တရာယ် မဖြစ်စေပါဘူးလို့ ပြန်လည်ဖြေကြား ထားပါတယ်။

    ပြန်လည်ဖြေကြားထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အိမ်ခြံဝန်းကျင်နဲ့ အိမ်ပေါ်ကို မြွေတွေဝင်ရောက်လာတာမျိုးက လူတွေအတွက်ရော မြွေတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့်သတိထားဖို့လိုပါတယ်။ မိမိအိမ်ပတ်ဝန်းကျင်နဲ့ အိမ်ပေါ်တွေကို မြွေတွေ လာတယ်ဆိုတာ သူတို့ သားကောင်ရှိလို့ဖြစ်ကြောင်း မြွေကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။ အကြံပေးချက်တွေအရ မိမိခြံဝန်းနဲ့ အိမ်ကို သန့်ရှင်းအောင်ထားခြင်း၊ မြက်ပင်တွေနဲ့ ခြုံပုတ်တေွ ရှင်းလင်းခြင်း၊ ကြွက်တွေ ရှိနေတာက မြွေတွေလာအောင် ဆွဲဆောင်နေသလို ဖြစ်တဲ့အတွက် ကြွက်တွင်းတွေကို ပိတ်ခြင်းနဲ့ အစာအကြွင်းအကျန်တွေက ကြွက်တွေလာအောင်ဆွဲဆောင်တဲ့အရာဖြစ်လို့ စည်းကမ်းတကျ စွန့်ပစ်ခြင်း တွေ ပြုလုပ်သင့်တယ်လို့ အကြံပေးထားပါတယ်။

    အိမ်ပတ်ဝန်းကျင်သန့်ရှင်းနေရင် ကြွက်မရှိနိုင်တာနဲ့ မြွေခွေဖို့နေရာ လျော့နည်းသွားတဲ့အတွက် မြွေလာဖို့ ရာခိုင်နှုန်းနည်းသွားကြောင်းနဲ့ အိမ်အောက်ခြေက မြွေဝင်နိုင်လောက်တဲ့ အပေါက်ငယ်တွေ၊ တံခါး အောက်ခြေတွေကို လုံအောင်ထားသင့်ကြောင်း Snake Of Myanmar က ကျွမ်းကျင်သူတွေက အဆိုပြုထားပါတယ်။

    Tags

    snake dragonမြွေနဂါးရေမြွေကြားSnakeSnake Of MyanmarFakenewsMisinformation
    Read Full Article
    Claim :   ပုံပါ မြွေဟာ သာမာန်မြွေ မဟုတ်ကြောင်းနဲ့ အရောင်တွေထွက်နေတဲ့ မြွေနဂါးဖြစ်ကြောင်း ပြောဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!