BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တိုက်ပွဲကြောင့်...
သတင်းအတု

တိုက်ပွဲကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့သူ အမျိုးသမီးကို AA တပ်ဖွဲ့ဝင်အဖြစ် သတင်းအမှားဖြန့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့က နေအိမ်တစ်ခုအတွင်းသို့ ကျည်ဆန်များ ကျရောက်ခဲ့ရာမှ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူ အသက် (၁၇) အရွယ် အမျိုးသမီး မမိုးမိုးနွယ်နဲ့ ပက်သက်ပြီး AA တပ်ဖွဲ့ ဝင်လို့ စွပ်စွဲထားတဲ့ သတင်းအမှား တစ်ချို့ ပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  18 Jun 2020 12:07 PM IST
  • တိုက်ပွဲကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့သူ အမျိုးသမီးကို AA တပ်ဖွဲ့ဝင်အဖြစ် သတင်းအမှားဖြန့်

    အဲ့ဒီသတင်းတွေကို Facebook Page အတု ပေါင်းများစွာနဲ့ သတင်းအမှားတင်တဲ့ ဝက်(ဘ်)ဆိုဒ်ပေါင်းများစွာက ရေးသား ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒီ သတင်းအမှားထဲမှာ "ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီး စစ်သည် မမိုးမိုးနွယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို တပ်ထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ မမိုးမိုးနွယ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ AA အမာခံတွေရဲ့ စည်းရုံးမှုကြောင့် AA အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး အသက် ၁၇ အရွယ်မှာ တိုက်ပွဲမှာ ခြေတစ်ဖက် ကျည်ဆန်ထိမှန်ကာ ဖြတ်ထုတ်လိုက်ရပြီး AA အဖွဲ့မှ ထောက်ပံ့ကြေး မပေးတဲ့အတွက် မကျေမနပ် ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် မမိုးမိုးနွယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသစဉ် လက်ထဲမှာလည်း ပိုက်ဆံမရှိ၊ AA မှာ ဝင်ရောက်လုပ်ကိုင်ခဲ့စဉ် လခလည်း မရခဲ့တဲ့အတွက် အဘွားဖြစ်သူရဲ့ ဆွဲကြိုးကို ရောင်းချပြီး ဆေးကုသခဲ့ရကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မမိုးမိုးနွယ်ကဲ့သို့ ခြေလက်အင်္ဂါ ဆုံးရှုံးသွားရတဲ့ AA လက်နက်ကိုင် တပ်ဖွဲ့ဝင် များစွာရှိသေးတယ် လို့ ရေးသား ထားပါတယ်။

    ဒီလို သတင်းအမှား ဖြန့်ဝေမှုတွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာ၊ Page အတုပေါင်း များစွာနဲ့ လူပေါင်း သောင်းဂဏာန်းထိ ထပ်ဆင့်မျှဝေမှုတွေ ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    ရခိုင်ပြည်နယ် ကျောက်တော်မြို့က တိုက်ပွဲရှောင်ရင်း ကျည်ဆံိမှန်ကာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူ အရပ်သား အမျိုးသမီး မမိုးမိုနွယ် အပေါ် AA အမျိုးသမီး စစ်သည်လို့ စွတ်စွဲထားတဲ့ သတင်းတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရတယ်။

    ဒီ သတင်းအမှား ဖြန့်ဝေသူ တွေဟာ ရခိုင်ပြည်နယ် အခြေစိုက် မီဒီယာ တစ်ခုဖြစ်တဲ့ Development Media Group က သတင်းကို ပုံဖျက်ပြီး ပြန်လည်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။




    Development Media Group က သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒီသတင်းထဲမှာ ပါရှိတဲ့ မမိုးမိုးနွယ်ဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု ထဲက ဒိုင်းနက် မျိုးနွယ်စုဝင်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ ၎င်းနေထိုင်တဲ့ အိမ်အတွင်းကို ကျည်ဆန်များ ကျရောက်ခဲ့ရာမှ ခြေထောက်ထိမှန်ခဲ့ပြီး အဆိုပါ ဒဏ်ရာနဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒီနေ့က ဖြစ်ပွားခဲ့ တိုက်ပွဲအတွင်းမှာ ကျောက်တော်မြို့ပေါ် လက်နက်ကြီး တချို့ ကျရောက်ခဲ့ပြီး အရပ်သား (၅) ဦး သေဆုံးကာ မမိုးမိုးနွယ် အပါအဝင် အရပ်သား (၇) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

    ဧပြီလ ၁ ရက်နေ့က ကျောက်တော်မြို့မှာ လက်နက်ကြီး ကျရောက်ခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။




    Tags

    fake newsFake Pagea civilian woman who lost a leg in KyauktawAA member
    Read Full Article
    Claim :   ရခိုင်ပြည်နယ် ကျောက်တော်မြို့က တိုက်ပွဲရှောင်ရင်း ကျည်ဆံထိမှန်ကာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူ အရပ်သား အမျိုးသမီး မမိုးမိုနွယ် အပေါ် AA အမျိုးသမီး စစ်သည်လို့ ပုံဖျက်ရေးသားထားတဲ့ သတင်းတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  Facebook, website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!