BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူမှုကွန်ရက်ပေါ်က လူငယ်ဗေဒင်ဆရာနဲ့...
သတင်းအတု

လူမှုကွန်ရက်ပေါ်က လူငယ်ဗေဒင်ဆရာနဲ့ သတင်းအမှား၊ မှန်းဆချက်အလွဲများ

"ကိုဗစ်ရောဂါဖြစ်လိမ့်မယ်လို့ ‌ဟောခဲ့တဲ့ အိန္ဒိယ လူငယ်ဗေဒင်ဆရာ နောက်ထပ် ‌ဟောကိန်းတစ်ခုထပ်ထုတ်" ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့ ပိုစ့်ဟာ လိမ်လည်မှုတစ်ခုသာဖြစ်ပြီး ဒါနဲ့ ပတ်သတ်ပြီး သတင်းအမှား ဆန်းစစ်ထားတဲ့ နိုင်ငံတကာက မီဒီယာတွေရဲ့ ဖော်ပြချက်ကို BOOM က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

By - Boom Live Myanmar |
Published -  22 Jun 2020 8:01 AM IST
  • လူမှုကွန်ရက်ပေါ်က လူငယ်ဗေဒင်ဆရာနဲ့ သတင်းအမှား၊ မှန်းဆချက်အလွဲများ

    ဒီပိုစ့်ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာက လူမှုမီဒီယာတွေပေါ်မှာဖြန့်ဝေနေတာဖြစ်ပြီး ကပ်ရောဂါကြောင့် လူတွေအငတ်ဘေးဆိုက်ကပ်မယ်လို့ ပြောဆိုထားတာတွေအပြင် တတိယကမ္ဘာစစ်ဖြစ်ပွားမယ်ဆိုသည် အထိ ဟောကိန်းထုတ်ခြောက်လှန့်ထားတာ တွေ့ရပါတယ်။ မြန်မာဘာသာနဲ့ဖြန့်ဝေရေးသားချက်တွေထဲမှာတော့

    "သူသည် လွန်ခဲ့သော ၇ လခန့်၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက ကမ္ဘာမှာ 2020 ပြည့်နှစ်အတွင်း ဇီဝပိုးလက်နက် တိုက်ပွဲဖြစ်လိမ့်မယ် ပိုးမွှားနှင့် လူတွေကြား တိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်လိမ့်မယ် ကမ္ဘာ့ကပ်ကြီးဖြစ်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုခဲ့သူလည်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ တစ်ပတ် ဧပြီလ ၈ ရက်နေ့က Youtube မှာတင်ခဲ့တဲ့ သူရဲ့ နောက်ဆုံး Video ထဲမှာ ၂၀၂၀ ခုနှစ် ဇွန် လ ၃၀ ရက်အထိ တိုင်အောင်ကမ္ဘာ့ပေါ်မှာ မည့်သည့်ငြိမ်းချမ်းမှုမှ ရနိုင်သေးမှာ မဟုတ်ကြောင်း ၊ ကောင်းသော သတင်းတွေကို ကြားနိုင်သေးမည်မဟုတ်ကြောင်း လည်း ပြောဆိုထားပါတယ်။

    အဲ့ဒီနောက်ဆုံး Video ထဲမှာပဲ လူသားတွေဟာ ဒီ COVID-19 နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေကို ထုတ်ဖို့ အောင်မြင်ခဲ့ရင်တောင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ ၂၀ ရက်နေ့ ကလောက်စပြီး ကမ္ဘာပေါ်မှာ COVID-19 ထက်ကိုပိုပြီးကြောက် စရာကောင်းပြီး ပိုပြီး ဆိုးဝါးမယ့် ကပ်ဘေးတစ်ခုကိုစတင် ရင်ဆိုင်ကြရဦးမည်လို့" ပြောကြားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    စတင်ဖြန့်ဝေမှု

    စတင်ဖြန့်ဝေတာကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ က အသက် ၁၄ နှစ်အရွယ် အိန္ဒိယလူမျိုး Abhigya Anand ဆိုသူက သူ့ရဲ့ Youtube အကောင့်မှာ မိနစ် ၂၀ ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုလွှင့်တင်ပြီး ၂၀၁၉ နိုင်ဝင်ဘာ မှ ဧပြီလ ၂၀၂၀ အထိ ကမ္ဘာကြီးမှာ အန္တရာယ် ရှိတယ်လို့ ပြောဆိုထားတာကနေ ပြန်လည်ဖြန့်ဝေသူတွေ များပြားလာရာကနေ စတင်လာတာဖြစ်ပါတယ်။ မူရင်း ဗွီဒီယိုဖိုင်ကို ဒီနေရာ မှာ ကြည့်ှရှု့နိုင်ပါတယ်။


    သူ့ရဲ့ ဖြန့်ဝေတဲ့ ဗွီဒီယိုထဲမှာ ပြောထားချက်များအရ ၂၀၁၉ နဲ့ ၂၀၂၀ ရဲ့ အစောပိုင်းလတွေမှာ ရောဂါဖြစ်နိုင်ချေရှိတယ်လို့ ပြောဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမယ်လို့ ပြောဆိုထားခြင်း မရှိသလို အခြားတတိယ ကမ္ဘာစစ်ဖြစ်ပွားမယ်လို့ ကြိုတင်ခန့်မှန်းချက်ဟာလည်း မှန်ကန်မှု မရှိပါဘူး။

    သတင်းဆန်းစစ်ချက်

    ဒီဗွီဒီယိုရဲ့ ၁၀း၃၂ မိနစ်လောက်မှာ သူပြောထားတာက ၂၀၁၉ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၀ ဧပြီလအတွင်း ကမ္ဘာ ပေါ်မှာ ကူးစက်ရောဂါဖြစ်ပွားမှာဖြစ်ပြီး အန္ဒိယမှာ အဓိကနဲ့ အများဆုံးဖြစ်မယ်လို့ ပြောထားပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ၊ ဇွန်လ ၁၉ ရက်နေ့အထိ ကိုရိုနာရောဂါဖြစ်ပွားသူ စုစုပေါင်း ၈၃၂၇၈၀၅ ဦးဖြစ်ပြီး သေဆုံးသူ ၄၄၉ ၁၈၂ ယောက် ရှိကာ အများဆုံးဖြစ်ပွားတဲ့ နိုင်ငံကတော့ အမေရိကန် နိုင်ငံဖြစ်ပြီး ၄၀၉၂၅၂၆ ယောက်ရှိတာတွေ့ရပါတယ်။ အောက်ဖော်ပြပါ ဇယားကို ကြည့်ပါ။


    ဖော်ပြပါ ဇာယားကိုကြည့်ရင် အိန္ဒိယနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအဖြစ်ပွားဆုံး ငါးနိုင်ငံစာရင်းမှာပင် ပါဝင်နေခြင်းမရှိကြောင်း တွေ့ရမှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အချိန်နဲ့အမျှ ဖော်ပြနေတဲ့ COVID -19 နဲ့ပါတ်သတ်တဲ့ အချက်အလက်တွေ ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် သူရဲ့ဗီဒီယိုဖိုင်မှာ ပြောထားပြီး white board ပေါ်မှာ ရေးပြထားတဲ့ 2020 ခုနှစ် ဧပြီလ မတိုင်မီ အမေရိကန်နိုင်ငံနဲ့ အီရန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံအကြား စစ်ဖြစ်ပွားမယ်လို့ ဟောပြောချက်ဟာလည်း အားလုံးသိကြတဲ့အတိုင်း ဖြစ်ပွားခြင်း မရှိပါဘူး။ သူရေးပြထားတာကို အောက်ဖော်ပြပါ ပုံမှာ ကြည့်ပါ။


    နောက်ဆုံးသူပြောထားတဲ့ အဆိုပါဖြစ်ပွားမယ့် စစ်ပွဲတွေကြောင့် ကမ္ဘာ့စက်သုံးဆီဈေး အဆမတန်မြင့်တက်မယ် လို့ပြောကြားထားပါတယ်။ ဒီဟောချက်ဟာလည်း လွဲမှားခဲ့ပြီး ဆီဈေးက ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ မှာ ဒေါ်လာ ၆၈.၇၁ ရှိရာကနေ ဧပြီလ ၂၁ မှာ ဒေါ်လာ ၁၉.၅ ကို ထိုးကျခဲ့တဲ့အတွက် ဒေါ်လာ ၅၀ လောက်ကို ထိုးဆင်းခဲ့တာပါ။ Bloomberg က ဖော်ပြထားတဲ့ စာရင်းကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။


    Tags

    astrologerThird World Warpredictscoronaviruswrong predictions#Coronavirus
    Read Full Article
    Claim :   ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်လိမ့်မယ်လို့ ‌ဟောကိန်းထုတ်ခဲ့တဲ့ အိန္ဒိယလူငယ်နက္ခတ်ဗေဒင်ဆရာ ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!