BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • COVID-19 virus ကြောက်တဲ့အရာ ၇...
သတင်းအတု

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုတဲ့ အထင်အမြင်လွဲစေတဲ့ ဖြန့်ဝေမှု

လူမှုကွန်ယက်ပေါ်မှာ ခရမ်းလွန်ရောင်ခြည်၊ ကလိုရင်းပိုးသတ်ဆေးနဲ့ အပူချိန်မြင့်တာ စတဲ့အချက်တွေပါဝင်တဲ့ ၇ ချက်ကို ကိုရိုနာဗိုင်းရပ်စ်က ကြောက်ရွံ့တယ်ဆိုပြီး ဖြန့်ဝေနေမှုတွေကို တွေ့ရတဲ့အတွက် BOOM က သတင်းတင်ဆက်ထားပါတယ်။

By - Boom Live Myanmar |
Published -  14 Sept 2020 9:13 AM IST
  • COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုတဲ့ အထင်အမြင်လွဲစေတဲ့ ဖြန့်ဝေမှု

    ဒီပိုစ့်တွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက နိုင်ငံတကာလူမှုကွန်ယက်တွေအပြင် မြန်မာလူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ယခုတဖန် သြဂုတ်လကုန်ပိုင်းမှာ ထပ်မံဖြန့်ဝေလာတာတွေ့ရပါတယ်။ ဒီရေးသားဖြန့်ဝေမှုတွေကို AFP သတင်းဌာနက သတင်းဆန်းစစ်ချက်ပြုလုပ်ထားပြီး အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြတဲ့ BOOM သတင်းဌာနဝက်ဘ်ဆိုက်မှာ မတ်လ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီအထင်အမြင်လွဲစေနိုင်တဲ့ သတင်းကို ထိုင်းသတင်းစာတစောင်ဖြစ်တဲ့ Komchadluek သတင်းစာက မတ်လ ၂ ရက်နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး အင်္ဂလိပ်လို ဘာသာပြန်ချက်အရ "7 evil things that virus COVID-19 is afraid of" ဆိုတဲ့ "COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး" လို့ ရေးသားခဲ့တာပါ။ ထိုင်းသတင်းစာရဲ့ ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ထိုင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ ဒီအကြောင်းအရာတွေကို လူမှုကွန်ယက်တွေပေါ်မှာ ဘာသာစကားအမျိုးမျိုးနဲ့ ရေးသားဖြန့်ဝေခဲ့ပြီး အခုတဖန် မြန်မာဘာသာပြန်ဆိုချက်တွေနဲ့ ပြန်လည်ဖြန့်ဝေလာတဲ့အတွက် BOOM က AFP သတင်းဌာနက ပြုလုပ်ထားတဲ့ သတင်းဆန်းစစ်ချက်ကို ကိုးကားပြီး သတင်းစီစစ်တင်ပြပေးမှာဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။


    အထက်ဖော်ပြပါပုံမှာတွေ့ရတဲ့အတိုင်း ဒီထင်မြင်ယူဆချက်လွဲမှားစေတဲ့ ပိုစ့်ကို Phonehtet Ko Ko ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က သြဂုတ်လ ၃၁ ရက်နေ့က ပြန်လည်ဖြန့်ဝေထားပြီး ရေးသားချက်တွေထဲမှာ "COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့ကြောင်း၊ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်တာကိုကြောက်ရွံ့ကြောင်း၊ လေဝင်လေထွက် ရှိတဲ့‌နေရာကိုကြောက်ကြောင်း၊ ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့ကြောင်း၊ အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်ရွံ့ကြောင်း၊ လက်များကို မကြာခဏ ဆေး‌ကြောခြင်း ကိုကြောက်ကြောင်း ရေးသားထားတာပါ။

    ဒီရေးသားဖြန့်ဝေမှုမှာပါဝင်တဲ့ တချို့သော အချက်တွေဟာ ကျန်းမာရေးဌာနတွေမှာ ဖော်ပြထားချက်တွေနဲ့ လွဲချော်နေပြီး စနစ်တကျလိုက်နာကျင့်သုံးနိုင်ခြင်းမရှိပါက အန္တရယ်ဖြစ်စေနိုင်မှာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်တယ်ဆိုတဲ့ နေရာမှာ အလွန်အားကောင်းတဲ့ ခရမ်းလွန်ရောင်ခြည်ကို ပိုးသတ်တဲ့ နေရာတွေမှာ အသုံးပြုလို့ရနိုင်ပေမယ့် နေ့စဉ်ထုတ်လွှတ်တဲ့ နေရောင်ခြည်မှာတော့ UV အနည်းငယ်သာ ပါဝင်တဲ့အတွက် အသုံးမဝင်ပါဘူး။

    ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အကြံပေးချက်မှာတော့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားယားယံမှုကို ဖြစ်ပေါ်စေပြီး မျက်စိကို ပျက်စီးစေနိုင်ကြောင်းနဲ့ လက်ကို အရက်ပျံ ဒါမှမဟုတ် ဆပ်ပြာ၊ ရေဖြင့်ဆေးခြင်းကသာ ဗိုင်းရပ်စ်ပိုးကို ဖယ်ရှားဘို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ် လို့ ပြောထားတာပါ။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    WHO ရဲ့ အကြံပေးချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်တစ်ချက်ဖြစ်တဲ့ ကလိုရင်းပိုးသတ်ဆေးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာမှာလည်း စနစ်တကျအသုံးပြုမှသာ ထိထိရောက်ရောက် တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး WHO က အကြံပေးထားတာကလည်း ကလိုရင်းဟာ အဝတ်အထည်တွေနဲ့ ခန္ဓာကိုယ်က ထိခိုက်လွယ်တဲ့ မျက်စိနဲ့ ပါးစပ်နေရာတွေကို အန္တရယ်ဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်ပေါ် တိုက်ရိုက်အသုံးမပြုသင့်ကြောင်း အကြံပြုထားပါတယ်။


    COVID-19 ဟာ အပူချိန်မြင့်တာကိုကြောက်တယ်ဆိုရာမှာလည်း ၅၆ ဒီဂရီစင်တီဂရိတ် ရှိတဲ့အပူချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ် မသေစေနိုင်ဘူးဆိုတာ ကျွမ်းကျင်သူတွေလည်း သေသေချာချာမသိရှိသေးပါဘူး။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ SARS coronavirus ကတော့ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ်အထက်မှာ သေဆုံးတယ်လို့ ပြောဆိုထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    US CDCCoronavirusCoronavirus rumoursCoronavirus fake newshealth fake newshealth hoaxCoronavirus updateCoronavirus false claimsCOVID-19WHO CoronavirusCoronavirus outbreakCorona outbreakKomchadluek newspaperUV LightChlorineFAKE NEWSFactCheck
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ခရမ်းလွန်ရောင်ခြည်၊ ကလိုရင်းပိုးသတ်ဆေးနဲ့ အပူချိန်မြင့်တာ စတဲ့အချက်တွေပါဝင်တဲ့ ၇ ချက်ကို ကိုရိုနာဗိုင်းရပ်စ်က ကြောက်ရွံ့တယ်ဆိုပြီး ဖြန့်ဝေနေမှုတွေကို တွေ့ရတဲ့အတွက် BOOM က သတင်းတင်ဆက်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!