BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • COVID-19 virus ကြောက်တဲ့အရာ ၇...
သတင်းအတု

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုတဲ့အချက်အလက်အမှားများ

COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုပြီး လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေနေမှုတွေထဲမှာ အချက်အလက်အမှားတွေလည်း ပါဝင်နေပါတယ်။

By - Boom Live Myanmar |
Published -  26 July 2021 8:44 AM IST
  • COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုတဲ့အချက်အလက်အမှားများ

    COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုတဲ့ အချက်အလက်အမှားတွေဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းကတည်းက လူမှုကွန်ယက်ပေါ်တွေပေါ်မှာ ဖြန့်ဝေနေခဲ့တာဖြစ်ပြီး BOOM အနေနဲ့လည်း သတင်းဆန်းစစ်မှု ပြုလုပ်ခဲ့ပါသေးတယ်။

    ဒီအချက်အလက်အမှားတွေကို ခုလိုရောဂါဖြစ်ပွားမှုမြင့်မားနေချိန်မှာ ထပ်မံဖြန့်ဝေလာတဲ့အတွက် BOOM က သတင်းအချက်အလက်တွေကို ထပ်မံစစ်ဆေး ထားပါတယ်။ BOOM က သတင်းဆန်းစစ်ဖော်ပြခဲ့မှုကို ဒီနေရာ မှာ ကြည်ရှှု့နိုင်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေထဲမှာ "Covid-19 Virus ကြောက်တဲ့အရာ ၇ မျိုးရှိကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည် UV၊ အပူချိန် 56C အပူချိန်မြင့်ခြင်း၊ လေဝင်လေထွက်ရှိနေရာ၊ ကလိုရင်း ပိုးသတ်ဆေး၊ အရက် Alcohol 75%၊ လက်တွေကို မကြာခနဆေးကြော၊ ခံနိုင်ရည်ရှိတာ ကိုယ်ခံအားကောင်းတာ" ဆိုပြီး ရေးသားထားတာပါ။

    အောက်မှာလည်း "ကြိုတင်ခုခံ ကာကွယ်ဖို့ လွယ်ကူတဲ့ နည်း ၈ နည်း" ဆိုပြီး "အိပ်ရေး ဝအောင်အိပ်ရန်၊ မနက်စား ပုံမှန်စား ဒိန်ချဉ်စားရန်၊ ကြက်သွန်ဖြူ များများစားရန်၊ ပျားရည် ဂျင်းပြူတ်ရည် သံပုရာရည်သောက်ရန်၊ နေ့လယ် နေ့ခင်း လဖက်ရည်သောက်ရန်၊ လေ့ကျင့်ခန်းမှန်မှန် အနည်းဆုံး တစ်ပတ်တစ်ခါပြုလုပ်ရန်၊ နေရောင်ခြည် မကြာခဏ ထိတွေ့ရန်၊ တက်ကြွ ရွှင်လန်းတဲ့ စိတ်ကို ပိုင်ဆိုင်ရန်" ဆိုပြီး အချက် ၈ ချက်ကို ရေးထားပါသေးတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုမှာပါဝင်တဲ့ တချို့သော အချက်တွေဟာ ကျန်းမာရေးဌာနတွေမှာ ဖော်ပြထားချက်တွေနဲ့ လွဲချော်နေပြီး စနစ်တကျလိုက်နာကျင့်သုံးနိုင်ခြင်းမရှိပါက အန္တရယ်ဖြစ်စေနိုင်မှာဖြစ်ပါတယ်။

    ခရမ်းလွန်ရောင်ခြည် UV

    ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်တယ်ဆိုတဲ့ နေရာမှာ အလွန်အားကောင်းတဲ့ ခရမ်းလွန်ရောင်ခြည်ကို ပိုးသတ်တဲ့ နေရာတွေမှာ အသုံးပြုလို့ရနိုင်ပေမယ့် နေ့စဉ်ထုတ်လွှတ်တဲ့ နေရောင်ခြည်မှာတော့ UV အနည်းငယ်သာ ပါဝင်တဲ့အတွက် အသုံးမဝင်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အကြံပေးချက်မှာတော့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားယားယံမှုကို ဖြစ်ပေါ်စေပြီး မျက်စိကို ပျက်စီးစေနိုင်ကြောင်းနဲ့ လက်ကို အရက်ပျံ ဒါမှမဟုတ် ဆပ်ပြာ၊ ရေဖြင့်ဆေးခြင်းကသာ ဗိုင်းရပ်စ်ပိုးကို ဖယ်ရှားဘို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ် လို့ ပြောထားတာပါ။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။ WHO ရဲ့ အကြံပေးချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    အပူချိန် 56 C အပူချိန်မြင့်တာ

    COVID-19 ဟာ အပူချိန်မြင့်တာကိုကြောက်တယ်ဆိုရာမှာလည်း ၅၆ ဒီဂရီစင်တီဂရိတ် ရှိတဲ့အပူချိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ် မသေစေနိုင်ဘူးဆိုတာ ကျွမ်းကျင်သူတွေလည်း သေသေချာချာမသိရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ SARS coronavirus ကတော့ အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ်အထက်မှာ သေဆုံးတယ်လို့ ပြောဆိုထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ နေဘယ်လောက်ပူပြီး ဘယ်လောက်ပူတဲ့ ရာသီဥတုမှာ ဖြစ်ဖြစ် COVID-19 ရောဂါကူးစက်ခံရနိုင်ပါတယ်။ ရာသီဥတုပူတဲ့ နိုင်ငံတွေမှာလည်း ဒီရောဂါဖြစ်နေတာကို ကြည့်ရင်သိနိုင်ပါတယ်။ WHO ရဲ့အကြံပေးချက်ကို အောက်မှာ ကြည့်ရှု့ပါ။


    လေဝင်လေထွက်ရှိနေရာ

    ဒီအချက်ကတော့ အလေ့အကျင့်ကောင်းတစ်ခုအဖြစ် လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ခိုင်းတာသာဖြစ်ပြီး ဗိုင်းရပ်စ်ကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ လေဝင်လေထွက်ကောင်းမွန်အောင် လုပ်တာဟာ ဗိုင်းရပ်စ်ပြန့့်ပွားမှုကို လျော့ကျစေတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိပေမယ့် ဒါကိုလုပ်သင့်ကြောင်းနဲ့ အထူးသဖြင့် လူအများစုဝေးတတ်တဲ့ နေရာတွေမှာ လုပ်သင့်တယ်လို့ ဥရောပ ရောဂါကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာ (The European Centre for Disease Prevention and Control) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကလိုရင်း ပိုးသတ်ဆေး

    နောက်တစ်ချက်ဖြစ်တဲ့ ကလိုရင်းပိုးသတ်ဆေးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာမှာလည်း စနစ်တကျအသုံးပြုမှသာ ထိထိရောက်ရောက် တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး WHO က အကြံပေးထားတာကလည်း ကလိုရင်းဟာ အဝတ်အထည်တွေနဲ့ ခန္ဓာကိုယ်က ထိခိုက်လွယ်တဲ့ မျက်စိနဲ့ ပါးစပ်နေရာတွေကို အန္တရယ်ဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်ပေါ် တိုက်ရိုက်အသုံးမပြုသင့်ကြောင်း အကြံပြုထားပါတယ်။

    ဒါပေမယ့် သြစတြေးလျကျန်းမာရေးဌာနရဲ့ အစီရင်ခံစာမှာတော့ ကလိုရင်းကို သန့်စင်တဲ့ ပစ္စည်းတွေကို ပိုးသတ်ရာမှာ အသုံးပြုသင့်တယ်လို့ ပြောထားပါတယ်။ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    အမေရိကန်ပြည်ထောင်စုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC)ကတော့ ရေကန်လို ရေနဲ့ပါတ်သတ်တဲ့ နေရာတွေမှာ ပိုးသတ်ဖို့ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အခြားအချက်များ

    ဒီပိုစ့်မှာ ရေးသားထားတဲ့ အရက် Alcohol 75%၊ မကြာခန လက်ဆေးကြောခြင်း နဲ့ ကိုယ်ခံအား ကောင်းအောင် နေရမယ်ဆိုတဲ့ အချက်တွေကတော့ မှန်မှန်ကန်ကန် ပြုလုပ်ရင် ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ဖြစ်နိုင်ပါတယ်။

    Tags

    US CDCCoronavirusCoronavirus rumoursCoronavirus fake newshealth fake newshealth hoaxCoronavirus updateCoronavirus false claimsCOVID-19WHOCoronavirus outbreakUV LightChlorineFAKE NEWSFactCheck
    Read Full Article
    Claim :   COVID-19 virus ကြောက်တဲ့အရာ ၇ မျိုးဆိုပြီး လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေနေရာမှာ အချက်အလက်အမှားတွေလည်း ပါဝင်နေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!