BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF ငါးထောင်ခန့် ...
      သတင်းအတု

      PDF ငါးထောင်ခန့် ရန်ကုန်ကိုဝိုင်းထားပြီဆိုတဲ့ သတင်းအတု

      မကြာခဏထွက်ပေါ်လေ့ရှိတဲ့ သတင်းတုပုံစံတွေအတိုင်း PDF တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ပါဝင်တဲ့ ပူးပေါင်းတပ်တွေ ရန်ကုန်ကို ဝိုင်းထားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ဒီရက်ပိုင်းထဲ ထပ်မံပေါ်ထွက်လာပါတယ်။

      By - Boom Live Myanmar |
      Published -  13 Jun 2023 10:36 AM IST
    • PDF ငါးထောင်ခန့်  ရန်ကုန်ကိုဝိုင်းထားပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၀ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မိနစ် ၃၀ ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ကို ပြုလုပ်ရာမှာ စစ်ကောင်စီတပ်သားတွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ နောက်ခံဓါတ်ပုံတွေကို အသုံးပြုထားပြီး Video အပေါ်မှာ “PDF (၅၀၀၀) ပူးပေါင်းတပ်များ ရန်ကုန်ကို ဝိုင်းထားပြီ” လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဖေ့စ်ဘွတ်‌ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      PDF ပူပေါင်းတပ် အင်အား ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို ဝိုင်းထားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။

      လက်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အဖွဲ့အစည်းတွေရဲ့သတင်းတွေအရ ရန်ကုန်က PDF အနည်းငယ် ရှိနေတယ်ဆိုတဲ့အချက်အလက်တွေပေါ်ထွက်လေ့ရှိပေမယ့် အင်အား ၅၀၀၀ ခန့်နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီဆိုတဲ့အဖြစ်အပျက်နဲ့ အခြေအနေတွေမရှိထားသလို ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးနဲ့ လှုပ်ရှားမှုတွေမျိုးလည်း ဒီကာလမှာထွက်ပေဓထားခြင်းမရှိဗသးပါဘူး။

      ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupNUGPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   PDF (၅၀၀၀) ပူးပေါင်းတပ်များ ရန်ကုန်ကို ဝိုင်းထားပြီ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!