BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘန်ကောက်က မြန်မာကလေးငယ် သေဆုံးမှုဟာ...
သတင်းအတု

ဘန်ကောက်က မြန်မာကလေးငယ် သေဆုံးမှုဟာ အစာအဆိပ်သင့်ပြီး သေဆုံးတာမဟုတ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၅ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ နဂါးမောက်သီးနဲ့ အခြား နွားနို့၊ ကြက်ဥပြုတ်တွေ တွဲဖက်စားသုံးလို့ အစာအဆိပ်သင့်ပြီး သေဆုံးခဲ့တဲ့ ပုံစံ ရေးသား ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  12 April 2025 6:08 PM IST
  • ဘန်ကောက်က မြန်မာကလေးငယ် သေဆုံးမှုဟာ အစာအဆိပ်သင့်ပြီး သေဆုံးတာမဟုတ်ပါ

    ဒီအကြောင်းအရာကို Nan Pi Ya ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ နဂါးမောက်သီးပုံတွေနဲ့ အတူ 'မနေ့က 7.4.25 ညနက်1 2:10 မိနစ် လောက်က အသက်၅နှစ်အရွယ် ခလေးငယ် ဆုံးလို့သွား စစ်ဆေးခဲ့ကြတယ် ခလေးလေးကမြန်မာနိုင်ငံသားပါ တံခါးဘောင်လေးမှာထိုင်ဆုံးနေတာ အဲနေ့က ခလေးလေးက အကျီပြာ ဘောင်းဘီအမဲ ဝတ်ထားပီး မျက်နှာတစ်ခုလုံးအစိမ်းရောင်ဖြစ်နေပီ ကယ်ဆယ်ရေးတွေက အသက်ရှူ လာအောင်လုပ်ပေးပေမဲ့ မရတော့ပါဘူး ခလေးလေးရဲ့ အနားမှာ စားလက်စ ထိုင်းလို (แก้วมังกร)မြန်မာလို နဂါးအမောက်သီး ၊ ဝက်အူချောင်းကြော်၊ ကြက်ဥပြုတ်၊ နို့တွေသွားတွေ့တယ် နှလုံးခုန်လာ အောင်လုပ်ရင်း ခလေးလေး ပါးစပ်ထဲက နဂါးအမောက်သီးနဲ့ နို့တွေ ထွက်ကြလာတယ်ရှင့် ခလေးလေးက မတွဲစားသင့်တာကို စားမိပုံ နဲ့တူတယ် (သို့)အစားစုံ သွားပီး အစာအဆိပ်သင့် တာလားဆိုတာတော့ စစ်ဆေးနေဆဲပဲ အားလုံးပဲအစားအသောက်ဆင်ခြင်ကြပါ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ like နဲ့ ဖော်လိုဝါတွေ ရဖို့ တမင် လုပ်ကြံဖန်တီးဖြန့်ဝေထားတဲ့ အချက်အလက်မှား ဖြစ်တာကို တွေ့ရပါတယ်။

    ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က နံနက်အစောပိုင်းက ၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦး လည်ချောင်းမှာ နဂါးမောက်သီး အစိတ်ကြီးတစ်ခု ဆို့ပြီး အသက်ရှူကျပ် သေဆုံး တယ်လို့ ဖော်ပြထားတာပါ။

    ဆေးရုံက တာဝန်ရှိသူတွေက နဂါးမောက်သီးက ကလေးငယ်ရဲ့ လည်ချောင်းထဲမှာ ကပ်ပြီး အသက်ရှူရခက်ပြီး သေဆုံးတာ ဖြစ်ကြောင်း၊ ကလေးရဲ့ ရုပ်အလောင်းကို Siriraj ဆေးရုံ မှုခင်းဆေးပညာဌာနကို ပို့ဆောင်ခွဲစိတ်ခဲ့ကြောင်း ပြောကြား ထားပါတယ်။


    ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ နဂါးမောက်သီးဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ကြောင်း၊ နဂါးမောက်သီးမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးပြုကြောင်း၊ အသားအရေကို တင်းရင်းလှပစေမယ့် ကော်လဂျင်တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်ကြောင်း၊ ကိုယ်အလေးချိန် လျှော့ ချဖို့နဲ့ အသည်းမှာရှိတဲ့ အဆီဓာတ်တွေကို လျှော့ချရာမှာ အထောက်အကူပြုကြောင်း၊ အင်ဆူလင် အာရုံခံအားကို ပိုမို ကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ အထောက်အကူပြုကြောင်း၊ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် သွေးတိုးရောဂါ နဲ့ အခြားနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေကြောင်းနဲ့ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာရှိတယ်လို့ လူထုကျန်းမာရေးဝဘ်ဆိုက် တစ်ခုဖြစ်တဲ့ Hello Sayarwon မှာ ဖော်ပြထားပါတယ်။

    Hello Sayarwon ဝက်ဆိုက်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    food safetyfood securitymisleadingသတင်းမှားကျန်းမာရေးအသိပညာပေးhealt issue
    Read Full Article
    Claim :   ဘန်ကောက်မှာ မြန်မာကလေးငယ်တစ်ဦး အစာအဆိပ်သင့်ပြီး သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!