BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းမှပြန်လာသောလူနာ သေဆုံးပြီး...
သတင်းအတု

ထိုင်းမှပြန်လာသောလူနာ သေဆုံးပြီး ဒေသခံနှင့် ရဲများ ပဋိပက္ခဖြစ်ပွား ဆိုတဲ့ သတင်းအမှား

By - Boom Live Myanmar |
Published -  30 March 2020 12:36 AM IST
  • ထိုင်းမှပြန်လာသောလူနာ သေဆုံးပြီး ဒေသခံနှင့် ရဲများ ပဋိပက္ခဖြစ်ပွား ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားထဲမှာ ထိုင်းမှ ခိုးပြန်လာတဲ့ လူနာတစ်ဦး ဟာ ကျုံပျော်မှာ သေသွားခဲ့တယ်လို့ ရေးသားထားပါတယ်။ အဆိုပါ သေဆုံးခဲ့သူကို ချက်ချင်း အသုဘ ချတဲ့အခါ ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့အတွက် လူစုလူဝေးလိုက် ပြဿနာတက်ခဲ့ပြီး သေဆုံးသူများရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ကိုရိုနာ သံသယလူနာ ၂၁၁ ဦး ရှိနေပြီး ရောဂါကူးစက်လာမည်ကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဒီသတင်းထဲမှာ ရေးသားထားပါတယ်။

    ဒီသတင်းကို ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်မှာ ရေးသားထားတာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တုတွေ၊ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေနဲ့ ထပ်ဆင့်မျှဝေနေဆဲ ဖြစ်ပါတယ်။

    ဒီသတင်း မှာဘာတွေမှားနေလဲ

    I Media Garden ဝက်(ဘ်)ဆိုက်မှာ ကျုံပျော်မြို့နယ်မှာ ထိုင်းက ခိုးပြန်လာတဲ့ လူနာ သေဆုံးသွားပြီး ရွာမှာ Covid-19 သံသယ လူနာ ၂၁၁ ယောက် ရှိနေတဲ့ အတွက် ဒေသခံတွေက စိုးရိမ်နေတယ်ဆိုပြီးလူတွေ ရုန့်ရင်းဆန်ခတ်ဖြဟ်တဲ့ပုံတွေနဲ့တွဲဲသုံးပြီးရေးသားဖြန့်ချိခဲ့ပါတယ်။

    တကယ်တော့ ဒီသတင်းဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် (၈ဝ) အရွယ် ဒေါ်ပျော့(ခ) ဒေါ်ခင်လှိုင် ဆိုတဲ့အမျိူးသမီးကြီးသေဆုံးတဲ့ဖြစ်စဉ်က ပုံတွေကို အသုံးပြုထားတာဖြစ်ပြီး သူဟာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီးသူ့ရဲ့နာရေးပို့ဆောင်ရာမှာ ရွာအလယ် လမ်းမကြီးကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒါကို ရွာအရှေ့ဘက်ခြမ်းက ဒေသခံတွေက လက်မခံဘဲ ကျွဲနွား အသွင်းအထုတ်လုပ်တဲ့ ကျွဲလမ်းကိုသာ အသုံးပြုဖို့ တားဆီးရင်းနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ မတ်လ ၂၅ ရက်နေ့ (၂၀၂၀ ခုနှစ်) မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ကျုံပျော်မြို့နယ်မှာ ကျေးရွာအရှေ့ခြမ်းက နေထိုင်သူတွေဟာ နာရေးပိုဆောင်ဖို့ ကျွဲနွား အသွင်းအထုတ် လုပ်တဲ့ လမ်းကိုသာ အသုံးပြုစေလိုကြပြီး ကျေးရွာအနောက်ဘက်ခြမ်း နေထိုင်သူတွေကတော့ ရွာအလယ် လမ်းမကြီးကို အသုံးပြုချင်တဲ့ အတွက် ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

    ဇင်ပြွန်းကျေးရွာမှာ ဒီလို အဓိကရုန်းတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိတဲ့အတွက် ကျေးရွာအတွင်း ဘယ်လမ်းကိုမဆို အသုံးပြုနိုင်တယ်လို့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ထဲက ဒေသန္တရ အမိန့် ထုတ်ပြန်ထားပါတယ်။

    အခုဖြစ်ပျက်ခဲ့တဲ့ အဓိကရုန်းဖြစ်စဉ်မှာ နှစ်ဘက်ပဋိပက္ခကို ထိန်းပေးဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့ကို ရွာသားတွေက တုတ်တွေ၊ ခဲတွေနဲ့ ပတ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရင်း ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျုံပျော်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဇင်က အခင်းဖြစ်ပွားခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအမှန်တွေကို အောက်ပါ လင့်တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Irrawaddy
    Ayeyarwaddy Times
    The Standard Time Daily

    သတင်းအမှားကို တင်ခဲ့တဲ့ i Media Garden ရဲ့ ဝက်(ဘ်)ဆိုဒ်မှာတော့ Covid-19 Virus ကြောင့် သေဆုံးတယ်လို့ ရေးထားပြီး သံသယလူနာ ၂၁၁ ယောက် ရှိတယ်လို့ ရေးသားထားပါတယ်။

    ဒါအပြင် တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ Video ဖိုင်တွေ၊ ဓါတ်ပုံတွေကို Photoshop ပြုလုပ်ပြီး ဒီသတင်း နဲ့အတူ အသုံးပြုထားပါတယ်။ ဒီ ဝက်(ဘ်)ဆိုဒ် ဟာ သတင်းတု၊ သတင်းအမှားတွေ တင်နေတဲ့ ဝက်(ဘ်)ဆိုဒ်ဖြစ်တဲ့အပြင် တခြား သတင်းဌာနက သတင်းတွေ၊ သတင်းဓါတ်ပုံတွေကိုပါ ခိုးယူ သုံးစွဲနေတဲ့ ဝက်(ဘ်)ဆိုဒ်ပဲ ဖြစ်ပါတယ်။

    ဒီ i Media Garden ဆိုတဲ့ ဝက်(ဘ်)ဆိုက်ရဲ့ လိပ်စာမှာတော့ itechmedia.info/garden/ လို့ရေးသားထားပါတယ်။


    Tags

    IrrawaddyKyone Pyaw.CoronaRiotFuneral
    Read Full Article
    Claim :   အခုဖြစ်ပျက်ခဲ့တဲ့ အဓိကရုန်းဖြစ်စဉ်မှာ နှစ်ဘက်ပဋိပက္ခကို ထိန်းပေးဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့ကို ရွာသားတွေက တုတ်တွေ၊ ခဲတွေနဲ့ ပတ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ရင်း ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျုံပျော်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဇင်က အခင်းဖြစ်ပွားခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။
    Claimed By :  i Media Garden
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!