BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုင်းဖုန်းဆရာတော် ကျောင်းတိုက်ကို...
သတင်းအတု

မိုင်းဖုန်းဆရာတော် ကျောင်းတိုက်ကို စစ်တပ်က ဝင်စီးတယ်ဆိုတာမဟုတ်ပါ

စစ်ကောင်စီခေါင်းဆောင်ကို တိရစ္ဆာန်နဲ့ နှိုင်းလို့ မိုင်းဖုန်းဆရာတော်ရဲ့ ကျောင်းတိုက်ကို စစ်ကောင်စီတပ်တွေ ဝင်စီးတယ်ဆိုတဲ့ အကြောင်းအရာကို Clic‌k bait သတင်းတွေဖြန့်ဝေနေတဲ့ အကောင့်နဲ့ ပေ့ချ်တချို့ကနေဖြန့်ဝေခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  22 Aug 2022 7:48 PM IST
  • မိုင်းဖုန်းဆရာတော် ကျောင်းတိုက်ကို စစ်တပ်က ဝင်စီးတယ်ဆိုတာမဟုတ်ပါ

    အဆိုပါ သတင်းအတုကို TD News ဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်က ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၇ နာရီ ၂၇ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး ၁၀ မိနစ်ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့အပေါ်မှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံနဲ့ မိုင်းဖုန်းဆရာတော်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ "၂၁ ရက်နေ့ မင်းအောင်လှိုင်ကို ခွေးနဲ့နှိုင်းပြီ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်ကို ဝင်စီးနေပြီတဲ့" လို့ ရေးသားထားပါတယ်။ ၎င်း Video ကို ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာ "မိုင်းဖုန်းဆရာတော် ကျောင်းတိုက်ကို ဝင်စီး၊ ဆရာတော် ထွတ်ပြေးလွတ်မြောက်" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေ ပေ့ချ်တွေကနေတဆင့် Facebook ပေါ်မှာဖြန့်ဝေထားသလို YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလတ်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မိုင်းဖုန်းဆရာတော်ဟာ စစ်ကောင်စီခေါင်းဆောင်ကို အဲ့ဒီလိုပြောဆိုထားတာ မရှိသလို ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခံရခြင်းလည်း မရှိပါဘူး။ ဒါ့အပြင် မိုင်းဖုန်းဆရာတော်ရဲ့ Update သတင်းတွေ တင်ပေးနေတဲ့ "မိုင်းဖုန်းဆရာတော် ကြည်ညိုသူများ" ဆိုတဲ့ YouTube Channel မှာလည်း ဩဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်ဆေးရုံပေါ်ကနေ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ကျန်းမာဖို့ မေတ္တာပို့ထားတဲ့ Video တစ်ပုဒ်ဖော်ပြထားခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို မေတ္တာပို့ထားတဲ့ Video ကို ဒီနေရာမှာ ကြည့်ပါ။

    ဒါ့အပြင် ဒီ Video ရဲ့ ခေါင်းစဉ်မှာ မိုင်းဖုန်းဆရာတော်ရဲ့ ကျောင်းတိုက်ကို စစ်တပ်က ဝင်စီးတယ်လို့ ရေးသားထားပေမယ် သတင်းရဲ့ အတွင်းမှာတော့ ဒီအကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။ ၎င်း Video အတွင်းမှာတော့ တောင်ကြီးမြို့က ရှစ်လေးလုံးဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးခေမာနန္ဒ ရဲ့ ၈၈ အရေးတော်ပုံအကြောင်း ပြောပြနေတဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ ဒီ Video အတွင်းမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရော၊ မိုင်းဖုန်းဆရာတော် အကြောင်းပါ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Page တွေ YouTube တွေကို ဝင်ရောက် စစ်ဆးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာခေါင်းစဉ်တပ်ထားတာကို တွေ့ရပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနဲ့နည်းနဲ့ စီးပွားရှာနေတဲ့ Clickbiats သတင်းတွေ တင်တဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    MilitaryraidMinephone SayardawMonasteryCoupသတင်းအတုမိုင်းဖုန်းဆရာတော်
    Read Full Article
    Claim :   မိုင်းဖုန်းဆရာတော် ကျောင်းတိုက်ကို စစ်တပ်က ဝင်စီး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!