BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပြည်ကြီးတံခွန်ဆရာတော်...
      သတင်းအတု

      ပြည်ကြီးတံခွန်ဆရာတော် ပြန်ပေါ်လာတယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီတပ်တွေထံမှာ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်ကာ သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော် ပြန်ပေါ်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 March 2023 6:09 PM IST
    • ပြည်ကြီးတံခွန်ဆရာတော် ပြန်ပေါ်လာတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စိတ်ခွန်အားပြည့်စာစုများဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ Website တစ်ခုရဲ့ link ကို ကူးယူကာ “သေရွာကပြန်ရှင်လာတဲ့ပြည််ကြီးတံခွန်ဆရာတော်ဘုန်းကြီး။ တစ်နိုင်ငံလုံးအံ့သြကုန်ပြီ” လို့ရေးသားထားပါတယ်။ ၎င်း Website အတွင်းမှာတော့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသ ရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး သေရွာက ပြန်လာလို့ တစ်နိုင်ငံလုံး အံဩနေတယ်လို့ ဖြန့်ဝေထားကာ ဝင်ရောက်ကြည့်ရှုရန်ဆိုပြီး YouTube Video တစ်ခုကို ဆက်လက် ဖော်ပြထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို Facebook အကောင့်တွေ ပေ့ချ်တွေကနေ တဆင့် လူများတဲ့ Group တွေထဲကို ဖြန့်ဝေထားပြီး YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီတပ်တွေထံမှာ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်ကာ သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်နေတဲ့ ပြည်ကြီးတံခွန်ဆရာတော် အသက်ရှင်လျှက် ပြန်ပေါ်လာပြီဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      မတ်လ ၅ ရက်နေ့မှာ ပြည်ကြီးတံခွန်ဆရာတော် တိမ်းရှောင်နေတဲ့ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းကာ ဒေသခံ ၃၀၀ လောက်ကို ဖမ်းဆီးကာ ဘုန်းကြီးကျောင်းထဲမှာ ခေတ္တထိန်းသိမ်းထားခဲ့ပါတယ်။ အဆိုပါ ဘုန်းကြီးကျောင်းအတွင်းမှာပဲ ဆရာတော်ကို လူဝတ်လဲကာ ဖမ်းဆီးထားခဲ့ပြီး ညနေပိုင်းမှာ ရွာသားတွေတစ်ချို့ကို ပြန်လွတ်ကာ အဆိုပါ ရွာသားမဟုတ်သူတွေနဲ့ ဆရာတော်အပြင် ရွာသား ၅ ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဖမ်းခံရစဉ်မှာ ပါဝင်ခဲ့တဲ့ ရွာသားတွေထံက သိရပါတယ်။ နောက်ရက်မှာတော့ ဖမ်းခံထားရတဲ့ လက္ကပင်ရွာသား တစ်ဦးနဲ့ ဆရာတော်ထံ ရောက်ရှိနေသူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်ထားကာ ဆရာတော်နဲ့ လက္ကပင်ရွာသား ၄ ဦးကတော့ ပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။

      အဆိုပါ စစ်တပ်ဝင်ရောက်စီးနင်းမှုက လွတ်မြောက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးရဲ့ အတည်ပြုချက်အရ ဆရာတော်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ လူမှုကွန်ယက်ပေါ်ဖော်ပြရေးသားသလို ဆရာတော်နဲ့ ချိတ်ဆက်ကာ တော်လှန်ရေးအလုပ်လုပ်နေသူတစ်ဦးက ဆရာတော်ရဲ့ ဖုန်းထဲမှာ စစ်ဘေးရှောင် ထောက်ပံ့ကယ်ဆယ်ရေးနဲ့ NUG နဲ့ ပြောထားတဲ့ စကားတွေကြောင့် လူဝတ်လဲ သတ်ဖြတ်ပြီး မြစ်ထဲမျှောကာ အလောင်းဖျောက်ထားတယ်လို့ သတင်းရထားကြောင်း သတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။

      ဒီကနေ့အထိတော့ ဆရာတော် ဦးအဂ္ဂဝံသနဲ့ အဆက်အသွယ်ရရှိခြင်း မရှိသလို မည်သည့်နေရာမှာမှ ပြန်ပေါ်လာခြင်းလည်း မရှိသေးပါဘူး။

      ဒါ့အပြင် သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာသာ ပြည်ကြီးတံခွန်ဆရာတော် ပြန်ပေါ်လာတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ခေတ်သစ် သတင်းဌာနက ဖော်ပြထားတဲ့ “ပြည်ကြီးတံခွန်ဆရာတော်ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ” သတင်းကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Read Full Article
      Claim :   သေရွာက ပြန်ရှင်လာတဲ့ ပြည်ကြီးတံခွန်ဆရာတော်။ တစ်နိုင်ငံလုံးအံ့သြကုန်ပြီ
      Claimed By :  Facebook, YouTube, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!