BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • အချက်အလက် ရယူရန်
  • ပလိပ်ရောဂါသည် ကလေးငယ်ဆိုပြီး...
အချက်အလက် ရယူရန်

ပလိပ်ရောဂါသည် ကလေးငယ်ဆိုပြီး ကြွက်ပြေးဆေးလိမ်ရောင်းနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

လူမှုမီဒီယာတွေပေါ်က ဓာတ်ပုံတွေယူသုံးပြီး ပလိပ်ရောဂါသည် ကလေးငယ်ရဲ့ မိခင်လို့ ဆိုကာ ဂျပန်နိုင်ငံထုတ် ကြွက်ပြေးဆေးတွေ လိမ်ရောင်းနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  16 Aug 2023 5:06 PM IST
  • ပလိပ်ရောဂါသည် ကလေးငယ်ဆိုပြီး ကြွက်ပြေးဆေးလိမ်ရောင်းနေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု

    ဒီ ဂျပန်နိုင်ငံထုတ် ကြွက်ပြေးဆေးဆိုတာကို Kamla Bishnoi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၉ ရက်နေ့က စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဆေးရုံတင်ထားရဖွယ်ရှိတဲ့ နေမကောင်းဖြစ်နေတဲ့ ကလေးငယ်တစ်ဦးရဲ့ ဓာတ်ပုံအပါအဝင် ဂျပန်စာတွေရေးထားတဲ့ ကြွက်ပြေးဆေး ဖြန်းဗူးပုံတွေနဲ့အတူ ‘သူမရဲ့သားမှာ ပလိပ်ရောဂါကြောင့် ကံကောင်းထောက်မပြီး မသေခဲ့တာဖြစ်ကြောင်း၊ သူမအိမ်မှာ ကြွက်တွေ အရမ်းများပြီး ဓာတ် မတည့်မှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ ကလေး နာမကျန်းဖြစ်တဲ့အတွက် ဆေးခန်းသွားပြရာမှာ ဆရာဝန်က ပလိပ်ရောဂါ ဖြစ်နေတယ်လို့ ပြောပြီး ဆေးရုံတင်ခဲ့ကြောင်း၊ ကြွက်တွေမလာအောင် ဆေးရုံမှာ သုံးတဲ့ ကြွက်ဖြန်းဆေးဘူးကို အွန်လိုင်းပေါ်က မှာဘို့ ဆရာဝန်က ညွှန်းဆိုကြောင်းနဲ့ ဆရာဝန် မိတ်ဆက်ထားပေးတဲ့ အော်ဒါတင်ဝယ်ယူရတဲ့နေရာ လင့် ပေးထား ကြောင်း’ တွေ ရေးသားထားကာ ဆေးမှာယူရမယ့် link တစ်ခုပေးထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူတွေကို လိမ်ညာပြီး ငွေကြေးလိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတု ဖြစ်နေပါတယ်။

    Kamla Bishnoi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ၂၀၂၀ ခုနှစ် က စတင်ထောင်ထားပေမယ့် ဇွန်လ ၉ ရက်နေ့က တင်ထားတဲ့ ပိုစ့် ၁ ခုသာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။

    ဖြန့်ဝေမှုမှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို Boom က ရှာဖွေ စစ်ဆေးကြည့်ရာမှာ တခြားနိုင်ငံက ဓာတ်ပုံတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေ ထားတဲ့ပုံတွေသာ ဖြစ်ပါတယ်။


    ဒီကလေး ဓာတ်ံကို ထိုင်းနိုင်ငံက ဖြစ်ပြီးစျေးရောင်းတဲ့ ပေချ့်တစ်ချို့မှာ ၂၀၂၁ ခုနှစ် ကတည်းက တင်ထားတာ တွေ့ရပါတယ်။

    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

    နောက်တစ်ချက်အနေနဲ့ အခုလို လင့်ပေးပြီး အွန်လိုင်းက အချက်အလက်ဖြည့်စွက်ခိုင်းတဲ့ စျေးရောင်းနည်းမျိုးတွေ အများစုမှာ ရောင်းချသူ (သို့) လုပ်ငန်းရဲ့ လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရေးသားများပဲ ဝယ်သူဆီက အချက်အလက်နဲ့ ပိုက်ဆံတွေ လိမ်လည်တာမျိုးတွေ ရှိနေပါတယ်။

    အခုလို ပုံစံနဲ့ အရေပြားရောဂါပျော်ဆေး လိမ်လည်ရောင်းချတဲ့ ဖေစ့်ဘွတ်ပေချ့်အတု အကြောင်းကိုလည်း BOOM က ပြီးခဲ့တဲ့ လအတွင်းမှာ သတင်းစိစစ်ဖော်ပြထားပါတယ်။

    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

    ဒါတွေဟာ အွန်လိုင်းကနေ လူတွေရဲ့ ပိုက်ဆံလိမ်လည်တာ ဖြစ်နိုင်သလို၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လိမ်လည် တောင်းခံတာ နဲ့ Clickbaits လုပ်ပြီး ငွေရှာတာလည်း ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် အွန်လိုင်းပေါ်က ပစ္စည်းတွေ မှာယူသုံးစွဲရာမှာ သတိထားဖို့ လိုအပ်ပြီး အကောင့်အတု ပေချ့်အတုတွေ အသုံးပြုပြီး လိမ်ညာမှုတွေ အများအပြား ရှိနေပါတယ်။

    Tags

    ဂျပန်ဆေးfake Facebook pagefake imageanti rat sprayကြွက်ပြေးဆေးပုလိပ်ရောဂါSmallpox
    Read Full Article
    Claim :   ပလိပ်ရောဂါသည် ကလေးငယ်ရဲ့ မိခင်လို့ ဆိုကာ ဂျပန်နိုင်ငံထုတ် ကြွက်ပြေးဆေးတွေလိမ်ရောင်း
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!