BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်လမ်းတံတားပေါ် ပစ်ခံရတဲ့...
သတင်းအတု

ပြည်လမ်းတံတားပေါ် ပစ်ခံရတဲ့ သမဂ္ဂကျောင်းသားကို ဗုံးထောင်သူအဖြစ် သတင်းအမှားဖြန့်

ရန်ကုန်မြို့ အင်းယားကန်ဘောင်အနီး မြကန်သာလမ်း၊ ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေး ပိုစတာ လာရောက် ချိတ်ဆွဲစဉ် ပစ်ခတ်ခံရတဲ့ သမဂ္ဂကျောင်းသားကို ဗုံးထောင်တဲ့ PDF အဖွဲ့ဝင်အဖြစ်သတင်းအမှားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  11 Feb 2022 5:42 PM IST
  • ပြည်လမ်းတံတားပေါ် ပစ်ခံရတဲ့ သမဂ္ဂကျောင်းသားကို ဗုံးထောင်သူအဖြစ် သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်မှာ Yadanar Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လူမှုကွန်ယက်ပေါ် ထွက်ပေါ်ခဲ့တဲ့ အဆိုပါ လူငယ်ရဲ့ သွေးအိုင်ထဲ လဲနေစဉ် အဝေးက လှမ်းရိုက်ထားတဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ၎င်းဓါတ်ပုံနဲ့အတူ "အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီးေT၊ နားအေး" (မူရင်းအသုံးအနှုန်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    Yadanar Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၃၀၀ နီးပါးရှိကာ ထပ်ဆင့်ဝေမျှထားသူများရှိနေပြီး ကူးယူဖော်ထားသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အင်းယာကန်ပေါင်အနီး ပြည်လမ်းပေါ်က မြကန်သာ လူကူးကုန်းကျော်တံတားပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်း ပိုစတာချိတ်ဆွဲတဲ့ လူငယ်ကို လက်လုပ်ဗုံးလာထောင်ကာ ပြန်ဖြုတ်ခိုင်းစဉ် ဗုံးပေါက်ကွဲပြီး ထိမှန်သွားတာဖြစ်တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်သတ်ခဲ့တာကို ဖုံးကွယ်ဖို့ တန်ပြန်ဖြန့်ထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ နေ့က အင်းယားကန်ပေါင်အနီး ပြည်လမ်းပေါ်က မြကန်သာလမ်းထိပ် လူကူးကုန်းကျော်တံတားပေါ်မှာ ကျောင်းသားသမဂ္ဂ အသီးသီးက ကျောင်းသား ၃ ယောက်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ သွားရောက် ချိတ်ဆွဲစဉ်မှာ စစ်ကောင်စီတပ်သားတွေက လိုက်လံ ပစ်ခတ်တဲ့အတွက် အဆိုပါ ကျောင်းသားတစ်ဦး ဝမ်းဗိုက်ကျဉ်ထိမှန်ပြီး လဲကျကာ ကျန်ကျောင်းသား ၂ ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

    ၎င်းကျည်ထိမှန်ခဲ့တဲ့ ကျောင်းသားဟာ အဆိုပါ ဖြစ်စဉ်ဖြစ်တဲ့နေ့မှာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျည်ထိမှန်ခဲ့တဲ့ သမဂ္ဂကျောင်းသားဟာ ကုတင် ၁၀၀၀ ဆေးရုံမှာ ခွဲစိတ်မှု ခံယူခဲ့ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း၊ သေဆုံးသွားတယ် ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာတော့ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းက သိရပါတယ်။ ၎င်းကျည်ထိမှန်ခဲ့တဲ့ သမဂ္ဂကျောင်းသားရဲ့ အချက်အချက်အလက်တွေလည်း လူမှုကွန်ယက်ပေါ် မတင်ဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

    သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို လက်လုပ်ဗုံး လာထောင်တာကို ပြန်ဖြုတ်ခိုင်းစဉ် ပေါက်ကွဲခဲ့တာ မဟုတ်ကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာလာရောက်ချိတ်ဆွဲစဉ်မှာ စစ်ကောင်စီ တပ်သားတွေသာ ရည်ရွယ်ချက်ရှိရှိ လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တကသ ကျောင်းသားတစ်ဦးက ပြောပါတယ်။

    Tags

    fake newsstudent unionanti-coupbannerသတင်းအတုစစ်ကောင်စီကျောင်းသားသမဂ္ဂလက်လုပ်ဗုံး
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!