BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအမှား
      • မြွေတွေမလာအောင် အပင်တွေစိုက်ပြိး...
      သတင်းအမှား

      မြွေတွေမလာအောင် အပင်တွေစိုက်ပြိး ကာကွယ်လို့ ရပါသလား

      ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်နဲ့ မြွေမလာဂမုန်း အပင်တွေ စိုက်ထားတာက မြွေတွေမလာအောင် ကာကွယ်နိုင်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  24 Jan 2025 9:47 PM IST
    • မြွေတွေမလာအောင် အပင်တွေစိုက်ပြိး ကာကွယ်လို့ ရပါသလား

      ဒီအကြောင်းအရာကို စိုက်ပျိုးရေး အသိပညာတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ Aunty Gyi Farming and Agricultural Products ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၂၄ ခုနှစ် ဇန်နနဝါရီ ၁၁ မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဒီအကြောင်းအရာကိုပဲ Good Vibes ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကူးယူဖြန့်ဝေခဲ့တဲ့အတွက် နောက်ထပ်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ‘မြွေတွေမကြိုက်တဲ့ အပင်တွေက ဘာအပင်တွေဖြစ်မလဲ။ သင့်ခြံထဲမှာ မြွေတွေခနခနတွေ့နေရပြီဆို ဒီအပင်လေးတွေစိုက်ထားလိုက်ပါ။ အနည်းနဲ့အများတော့ တွေ့နေရ တာ သက်သာသွားမှာပါ။ ဘာအပင်တွေလဲဆိုတော့….

      ထပ်တရာပန််းပင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ မြွေမလာဂမုန်းလို့ခေါ်တဲ့ snake plant အိမ်တွင်းစိုက်လေ ယောက္ခမလျှာ လို့လည်းခေါ်တယ်။ မြွေတွေက အဲဒီအပင်တွေကထွက်တဲ့ အနံ့တွေ ကို မကြိုက်ကြပါဘူးတဲ့။ အဲဒီအပင် တွေကို အိုးနဲ့စိုက်ပြီး သူတို့ခိုအောင်းနိုင်တဲ့နေရာတွေ၊ လာနိုင်တဲ့လမ်းတွေ မှာချထားပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

      နောက်ထပ်အလွယ်တကူကာကွယ်နိုင်တဲ့နည်းကတော့ ရှာလကာရည်ပက်ဖျန်းပေးခြင်းပါ။ ရှာလကာရည်ရဲ့ စူးရှတဲ့အနံ့ဟာ သူတို့ရဲ့အာရုံခံစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် သူတို့ခိုအောင်းနိုင်တဲ့နေရာတွေ၊ လာနိုင်တဲ့လမ်းကြောင်းတွေမှာ ပက်ဖျန်းထားပေးခြင်းအားဖြင့် အတိုင်းအတာတခုအထိကာကွယ်နိုင်ပါလိမ့် မယ်ခင်ဗျ။ စမ်းသပ်သုံးစွဲကြည့်ကြပါ’ လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်တွေ လွဲမှားနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

      မြွေအမျိုးအစားခွဲခြားခြင်းနဲ့ မြွေနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ဖြန့်ဝေခြင်း၊ သင်တန်းပေးခြင်းတွေ လုပ်ပေးနေတဲ့ Snakes Of Myanmar ဖေစ့်ဘွတ်ဂရုမှာ ဖော်ပြထားတဲ့ ‘မြွေနဲ့ ပတ်သတ်သည့် မှားယွင်းသည့် အယူအဆများ’ ဆိုတဲ့ ပိုစ့်မှာ ဖော်ပြထားချက်အရ မြွေတွေ မလာအောင် ဟန့်တားနိုင်တဲ့ အသီးအနှံ၊ အပင်တွေ ဘာမှမရှိသေးကြောင်း၊ ဇီးဖြူသီး၊ ထုံး၊ ဆေးရွက်ကြီးလို အပင်တွေကလည်း မဟန့်တားနိုင်ဘူးလို့ ရှင်းပြထားပါတယ်။


      Snakes Of Myanmar က ဖော်ပြထားတဲ့ မြွေနဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ်။

      မိမိ အိမ်ပတ်ဝန်းကျင်နဲ့ အိမ်ပေါ်တွေကို မြွေတွေ လာတယ်ဆိုတာ သူတို့ သားကောင်ရှိလို့ ဖြစ်ကြောင်း မြွေကျွမ်းကျင်သူ တွေက ပြောဆိုထားပါတယ်။

      အကြံပေးချက်တွေအရ မိမိခြံဝန်းနဲ့ အိမ်ကို သန့်ရှင်းအောင်ထားခြင်း၊ မြက်ပင်တွေနဲ့ ခြုံပုတ်တေွ ရှင်းလင်းခြင်း၊ ကြွက်တွေ ရှိနေတာက မြွေတွေလာအောင် ဆွဲဆောင်နေသလို ဖြစ်တဲ့အတွက် ကြွက်တွင်းတွေကို ပိတ်ခြင်းနဲ့ အစာ အကြွင်းအကျန် တွေက ကြွက်တွေလာအောင်ဆွဲဆောင်တဲ့အရာဖြစ်လို့ စည်းကမ်းတကျ စွန့်ပစ်ခြင်း တွေ ပြုလုပ်သင့်တယ်လို့ အကြံပေး ထားပါတယ်။

      အိမ်ပတ်ဝန်းကျင်သန့်ရှင်းနေရင် ကြွက်မရှိနိုင်တာနဲ့ မြွေခွေဖို့နေရာ လျော့နည်းသွားတဲ့အတွက် မြွေလာဖို့ ရာခိုင်နှုန်း နည်းသွားကြောင်းနဲ့ အိမ်အောက်ခြေက မြွေဝင်နိုင်လောက်တဲ့ အပေါက်ငယ်တွေ၊ တံခါး အောက်ခြေတွေကို လုံအောင် ထားသင့်ကြောင်း Snake Of Myanmar က ကျွမ်းကျင်သူတွေက အဆိုပြုထားပါတယ်။

      Tags

      အဆိပ်မရှိမြွေSnakesSnake Of MyanmarFakenewsmisinfomationသတင်းမှား
      Read Full Article
      Claim :   ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်နဲ့ မြွေမလာဂမုန်း အပင်တွေက မြွေမလာအောင် ဟန့်တားနိုင်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!