BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို...
သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှား

မေလ ၄ရက်နေ့ကစပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှားတစ်ပုဒ် လူမှူကွန်ရက်မှာပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  5 May 2020 4:40 PM IST
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှား

    ဒီလိုဖြန့်ဝေရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနဲ့အတူ "၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ........အမေကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ......အမေ့နောက်မှာ ၅၂သန်းသော ပြည်သူတွေ ဝိုင်းဆုတောင်းပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံစစ်ဆေးနေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါ" ဆိုတဲ့စာသားတွေ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    ဒီသတင်းမှားကိုတော့ Zarni Tike ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က မေလ ၄ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီဖြန့်ဝေမှုဟာ ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းသုံးထောင်ကျော်ရှိခဲ့ပါတယ်။ တချို့ ဖေစ့်ဘွတ်အကောင့် ပိုင်ရှင်တွေက ဒီသတင်းကို ပြန်လည်ဖြန့်ဝေတယ်ဆိုပေမယ့် ဒါဟာ သတင်းမှားတစ်ခုဖြစ်တယ်ဆိုတာ ထောက်ပြရုံသက်သက် ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။ အလားတူ ပုံထဲမှာရှေ့ဆုံးကလမ်းလျှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသူတွေမှာလည်း Mask နဲ့ လက်အိတ်တွေမပါဝင်တာကြောင့် ဒီသတင်းအမှားကိုယုံကြည်တဲ့သူတွေက အဲ့ဒီအချက်ပေါ်မှာ မှားယွင်းဝေဖန်ပြောဆိုတဲ့မှတ်ချက်တွေလည်းရှိနေပါတယ်။



    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ ဒီဖြန့်ဝေရာမှာ ပါဝင်တဲ့ ပုံကိုအသုံးပြုပြီး မူရင်းပုံကို ရှာဖွေရာမှာ ဒီပုံတွေဟာ သူပြောသလို ဆေးရုံကပုံတွေမဟုတ်တာကိုတွေ့ရပါတယ်။ တကယ်တော့ ဒီပုံရဲ့ မူရင်းက ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက် ကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး တဲ့ပုံတွေကိုအသုံးပြုပြီးသတင်းအမှားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ဒီပုံဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝဘ်ဆိုက်စာမျက်နှာမှာ သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းထဲက ပုံပဲ ဖြစ်ပါတယ်။ မူရင်းပိုစ့်ကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။


    အလားတူ ဒီပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဝဘ်ဆိုက်မှာ လည်းတင်ထားပြီး ဒီနေရာမှာ သွားရောက် ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကိုရေးသားဖြန့်ဝေတဲ့အကောင့်ဖြစ်တဲ့ Zarni Tike ဆိုတဲ့အကောင့်ဟာ အကောင့်အတုတစ်ခုလို့ယူဆရပြီး Zarni Htike ဆိုတဲ့အမည်နဲ့မူရင်းရှိပြီးသားအကောင့်တစ်ခုကိုပုံစံပွားပြီး ဒီလိုသတင်းအမှားဖြန့်ခဲ့တာဖြစ်ပါတယ်။ မူရင်းအကောင့်ပိုင်ရှင်ဖြစ်တဲ့ Zarni Htike ဆိုတဲ့အကောင့်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ပို့စ်တွေကြောင့်ရံဖန် ရံခါလူမှူကွန်ရက်မှာအငြင်းပွားမှူတွေဖြစ်လေ့ရှိပါတယ်။


    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ပျံ့နှံ့ခဲ့တဲ့လူမှူကွန်ရက်က ပို့စ်တစ်ခုက သတင်းဟောင်းတစ်ခုကဓါတ်ပုံကို အသုံးချပြီး ပြန်လည်ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!