BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Visa Card နဲ့...
သတင်းအတု

Visa Card နဲ့ ငွေကြေးဆိုင်ရာသတင်းအမှားများ

အာဏာသိမ်းမှုဖြစ်ပွားတဲ့ ဖေဖေါ်ဝါရီလကတည်းကစပြီး ဘဏ်တွေနဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတွေနဲ့ သတင်းအတုတွေအများအပြားထွက်ပေဓနေသလို ဒီရက်ပိုင်းထဲမှာလည်း နောက်ဆက်တွဲ သတင်းအမှာတွေဆက်လက်ထွက်ပေါ်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2021 1:15 PM IST
  • Visa Card နဲ့ ငွေကြေးဆိုင်ရာသတင်းအမှားများ

    သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာပဲ ဠငျ‌ေ ကဒ်သုံးစွဲမှုနဲ့ပတ်သက်တဲ့ သတင်းအမှားတချို့ကို လူမှုကွန်ရက်မှာဖြန့်ဝေခဲ့ကြကြပြီး " မြန်မာဘဏ် အကောင့်တွေကတဆင့် visa card ထဲ ဒေါ်လာငွေလွှဲဖြည့်ခွင့် ပိတ်လိုက်ပြီဆိုတဲ့ သတင်း" ကို Western Holiday Travels & Tours ရဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဖြန့်ဝေခဲ့ရာမှာ ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။

    ဒီလိုဖြန့်ဝေရာမှာ "သြဂုတ်လ ၂၅ ရက်နေ့မှစပြီး Bank အများစုမှ မြန်မာငွေအကောင့်ထဲမှ ငွေများကို Transfer လုပ်ကာ visa card ထဲသို့ USD အဖြစ် reload လုပ်ခြင်း ပိတ်လိုက်ပြီဖြစ်ကြောင်း၊ visa card နဲ့ လေယာဉ်လက်မှတ်ဝယ်ယူခြင်၊ နိူင်ငံရပ်ခြား ဟိုတယ်တွေရဲ့ အခန်းခ ပေးချေခြင်းတွေကို ယခင်လိုလွယ်ကူလျင်မြန်စွာ ပြုလုပ်နိူင်တော့မှာ မဟုတ်တော့တဲ့အတွက် လာမယ့် ဝန်ဆောင်မှုတွေကို ငွေသားနဲ့သာ လက်ခံတော့မှာ ဖြစ်တယ်" လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ပြည်တွင်းဘဏ်တွေရဲ့ ဝက်ဘ်ဆိုက်နဲ့ တရားဝင် သတင်းထုတ်ပြန်ရေးတွေကနေ ကြေငြာထားတာ မတွရှိပါဘူး ။ ဒီဖြန့်ဝေမှုအောက်က မှတ်ချက်ပေးမှုတွေအရ တချို့ဘဏ်တွေမှာ visa card ထဲ ဒေါ်လာငွေလွှဲဖြည့်ခွင့်မရှိတော့ပေမယ့် တချို့ဘဏ်တွေက အသုံးပြုလို့ ရနေသေးတယ်လို့ ဆိုထားပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး AYA ဘဏ်ရဲ့ Digital Payments ဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းစိုးဝင်းက သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ သတင်းအမှားဖြစ်ကြောင်းရေးသားဖြန့်ဝေထားပါတယ်။


    သူ့ရဲ့ ရေးသားထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို အတည်ပြုဖို့ ပြည်တွင်းဘဏ်တချို့ကို ဆက်သွယ်ပေမယ့် ယခုအချိန်ထိ ပြန်လည်ဖြေကြားမှု မရှိသေးပါဘူး။ ဒါ့အပြင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ပိုင်းဝန်းကျင်ကလည်း ငွေစက္ကူအချို့ရုပ်သိမ်းမယ်ထွက်ပေါ်ခဲ့တဲ့ ဘဏ်များပိတ်ကာ ငွေစက္ကူအချို့ ရုပ်သိမ်းမယ် ဆိုတဲ့ ဖြန့်ဝေမှုတွေဟာလည်း သတင်းအမှားတွေ ဖြစ်ခဲ့ပါတယ်။


    ဒီသတင်းတွေကို ဖြန့်ဝေရာမှာ Youtube channel နဲ့ ဘလောဂ့်ဆိုက်တွေမှာ ရေးသားထားပြီး လူမှုမီဒီယာတွေပေါ် ပြန်လည်ဖြန့်ဝေကြတာဖြစ်ပါတယ်။မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အဆိုပါသတင်းတွေဟာ သတင်းအမှားတွေသာကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားခဲ့ပြီး မီဒီယာတွေမှာလည်း ပြန်လည်ဖော်ပြထားပါတယ်။


    ဒီသတင်းကို သြဂုတ်လ ၁၃ ရက်နေ့က DVB သတင်းဌာနမှာ ဖော်ပြထားခဲ့မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    BankLocal BanksMyanmar BanknoteBanking crisisvisa card
    Read Full Article
    Claim :   ဒီလအတွင်းမှာ ပြည်တွင်းဘဏ်တွေနဲ့ ပါတ်သတ်တဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပြီး အများစုဟာ သတင်းအမှားတွေ ဖြစ်တဲ့အကြောင်းကို BOOM က သတင်းဆန်းစစ်တင်ပြထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!