BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအမှား
      • ကိုရိုနာဗိုင်းရပ်စ်...
      သတင်းအမှား

      ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ့ပြီဆိုတဲ့ သတင်းမှား

      ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဂျပန်သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိပြီဆိုတဲ့ သတင်းအမှားတွေဟာ ပြည်တွင်းဆိုရှယ်မီဒီယာ စာမျက်နှာတွေ၊ ဘလော့ဂ်နဲ့ဝဘ်ပေ့ချ်တွေကေနေ အမြောက်အများပြန့်နှံ့ခဲ့ပါတယ်။ တကယ်တော့ဒီအကြောင်းအရာဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာက သတင်းအမှားဖြန့်တဲ့ ဝဘ်ဆိုက်တွေမှာပါပြန့်နှံ့ခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  7 April 2020 10:53 PM IST
    • ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ့ပြီဆိုတဲ့ သတင်းမှား

      ဒီသတင်းကို ပြည်တွင်းမှာ သတင်းအမှားတွေဖြန့်ဝေနေတဲ့ THINKMYANMAR ဝက်ဆိုဒ်ကလည်းဖေါ်ပြထားပါတယ်။ ဒီလို သတင်းမှားဖြန့်ဝေထားတဲ့သတင်းကို လူပေါင်းများစွာက သတင်းအမှန်အဖြစ်နဲ့ပြန်လည်ဝေမျှခဲ့ကြပါတယ်။

      ဒီသတင်းအမှားနဲ့ပတ်သက်ပြီးရေးသားဖြန့်ဝေရာမှာ Avigan ဆေး၊ Nafamostat စတဲ့ ဆေးတွေဟာ ကိုရိုနာရောဂါနဲ့ပတ်သက်လို့သက်သာပျောက်ကင်းနိုင်တယ်ဆိုရုံမက အခြားနာမည်အမျိုးမျိုးအသုံးပြု ဖြန့်ဝေနေတာဖြစ်ပြီး တူညီတာကတော့ ဂျပန်သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရှာဖွေ တွေ့ရှိပြီဆိုတဲ့အချက်အလက်အမှားကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

      အဲ့ဒီလိုရေးသားဖြန့်ဝေမှုတွေဟာ သတင်းမှားသာဖြစ်တဲ့အကြောင်း BOOM ဝက်ဆိုက်က AFP သတင်း ကိုအခြေခံပြီး ဖေါ်ပြထားပြီးဖြစ်ပါတယ်။

      တကယ်တော့ ဒီသတင်းအမှားမှာပါဝင်တဲ့ ဂျပန်သိပ္ပံပညာရှင်တွေ စမ်းသပ်ထုတ်လုပ်နေတယ်ဆိုတာက COVID-19 ကို ကုသဘို့အတွက် မဟုတ်ပဲ အခြားဆေးအသစ်တစ်မျိုးအတွက် စမ်းသပ်မှုပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌန ကလည်း အဆိုပါ ဖြန့်ဝေမှုတွေမှာ ထည့်သွင်းဖော်ပြနေတဲ့ ဆေးဆိုတာတွေက မှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် အန္တရယ်ရှိကြောင်း သတိပေးထားပါတယ်။



      အထက်ပါပုံမှာ ဖေ့ဘွတ်ပေါ်က သတင်းမှားဖြန့်ဝေမှုကို မှတ်တင်ထားခြင်းဖြစ်ပါတယ်။

      နိုင်ငံတကာနည်းတူ ပြည်တွင်းမှာလည်း ဒီသတင်းအမှားကို Maung Shin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဧပြီလ ၃ ရက်နေ့မှာ စတင်ရေးသားခဲ့ပြီး အဲ့ဒီသတင်းအမှားကိုပဲ လက်ရှိမှာ ထပ်ဆင့်ဝေမျှသူ လေးထောင်ကျော် ကျော်ရှိနေသလို ထပ်မံပြီးလည်း ဝေမျှနေကြဆဲ ဖြစ်ပါတယ်။

      ဒီသတင်းမှား ဖြန့်ဝေမှုမှာ ပို့စ်တင်သူက ဖေ့စ်ဘွတ်ပေါ်မှာ အောက်ပါအတိုင်း ရေးသားဖေါ်ပြခဲ့ပါတယ်။

      "ဝမ်းသာစရာ သတင်းကောင်းပါ။ ကိုရိုနာကာကွယ်ဆေးတွေ့ပါပြီ...တဲ့။ အားလုံးမျှော်လင့်နေကြသလို ဂျပန်ကအရင်တွေ့မလား..၊ အမေရိကန်က အရင်တွေ့မလား...ဆိုတဲ့အတိုင်း၊ အခုဂျပန်ကအရင်တွေ့ပါပြီတဲ့.." လို့ရေးသားခဲ့တာဖြစ်ပါတယ်။

      အဆိုပါသတင်းမှား ဖြန့်ဝေသူဟာ အောက်ပါအချက်တွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

      • Nafamostat ဆေးဝါးကို Covid-19 ကူးစက်ခံယူထားရှိသောတိရိစ္ဆာန်သို့ စမ်းသပ်ကုသမှု ပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း၊
      • 'တိုကျိုတက္ကသိုလ်' က သက်ဆိုင်ရာအစိုးရထံ အကြောင်းကြားတင်ပြခဲ့ပြီးဖြစ်ကြောင်း၊
      • Nafamostatဆေးဝါးမှာ ယခင်ကတည်းက ဂျပန် FDA (Food and Drug Association) မှခွင့်ပြုချက်ရထားပြီးသားဆေးဝါးဖြစ်တဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိထားပြီ ဖြစ်ကြောင်း စတဲ့အချက်အလက်အမှားတွေကို ထည့်သွင်းရေးသားထားပါတယ်။

      အလားတူ COVID-19 လူနာတွေကို Avigan ဆေးနဲ့စတင်ကုသ ဆိုတဲ့ ဖြန့်ဝေနေမှုတွေကိုလည်း တွေ့ရပါတယ်။

      • အောက်ပါပုံမှာ သတင်းမှားဖြန့်ဝေထားမှုတစ်ခုကို မှတ်တမ်းယူထားတဲ့ ပုံဖြစ်ပါတယ်။


      • ဒီသတင်းအမှားကိုလည်း THINKMYANMAR ဝက်ဆိုက်က စတင်ရေးသားခဲ့တာဖြစ်ပြီး မြန်မာသတင်းဦး သတင်းထူး ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုက ဧပြီလ ၄ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ မှာစတင် ဖွဲ့ခဲ့တဲ့ ဒီဖေ့ဘွတ်ဂရုက အဖွဲ့ဝင် ၆ သိန်းတစ်ထောင်ကျော်ရှိပြီး နေ့စဉ် ပို့စ်အသစ်တွေ ရာချီတင်နေတဲ့ Facebook group ဖြစ်ပါတယ်။


      Tags

      Japan CoronavirusPhillipines CoronavirusAvigan CoronavirusNafamostat CoronavirusPhillippine FDACoronavirus VaccineCoronavirus drugCoronavirus viral postCoronavirus rumoursCoronavirus fake newshealth hoaxCoronavirus false claimsFAKE NEWSFaceCheck
      Read Full Article
      Claim :   ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဂျပန်သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိပြီဆိုပြီး ဆိုရှယ်မီဒီယာ စာမျက်နှာတွေ ဘလော့ဝက်ပေ့ချ်တွေပေါ်က ရေးသားဖြန့်ဝေနေမှုတွေက သတင်းမှားများသာ ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားထားပါတယ်။
      Claimed By :  Social Media pages, users
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!