BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဘုရင့်နောင်တံတား ပုံအဟောင်းနဲ့...
      သတင်းအတု

      ဘုရင့်နောင်တံတား ပုံအဟောင်းနဲ့ သတင်းအမှား

      ပြီးခဲ့တဲ့မတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကပုံတွေကိုအသုံးပြုပြီး လက်ရှိဖြစ်နေသယောင်ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ယနေ့နံနက်ပိုင်းကတည်းကလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  7 Sept 2021 5:34 PM IST
    • ဘုရင့်နောင်တံတား ပုံအဟောင်းနဲ့ သတင်းအမှား

      ဒီဓါတ်ပုံကို U Ngel Lay အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေစတင်ဖြန့်ဝေထားတာဖြစ်ပြီးလက်ရှိအချိန်အထိထပ်ဆင့်ဖြန့်ဝေသူ သောင်းချီရှီနေပါတယ်။ ဒီဓါတ်ပုံနဲ့အတူ ရန်ကုန်မှာလက်ရှိဖြစ်ပွားနေတဲ့အဖြစ်အပျက်အသွင်ပုံဖော်ရေးသားထားတဲ့ စာသားပါထည့်သွင်းထားတာကြောင့် လူအများစုထင်ယောင်ထင်မှားဖြစ်ပြီးဝေမျှနေတာဖြစ်ပါတယ်။


      အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) က စက်တင်ဘာ ၇ ရက်နေ့နံနက်မှာတစ်နိုင်ငံလုံးကို အရေးပေါ်ကာလအဖြစ်ကြေငြာပြီး စစ်ကောင်စီကိုနိုင်ငံတဝှမ်းတိုက်ခိုက်ဖို့ကြေငြာချက်ထွက်ပေါ်အပြီးမှာ ဒီလိုသတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ ။

      သတင်းဆန်းစစ်ချက်

      အထက်ပါပို့စ်မှာရေးသားဖြန့်ဝေထားတဲ့ သတင်းဓါတ်ပုံနဲ့စာသားဟာ ပုံအဟောင်းကိုအသုံးပြုပြီး ရန်ကုန်မှာလက်ရှိတိုက်ပွဲဖြစ်တဲ့အသွင်ဖြစ်စေဖို့ လုပ်ကြံဖြန့်ဝေထားတာသာဖြစ်ပါတယ်။ မူရင်းဖြစ်စဉ်ဟာ စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြတဲ့ကာလအတွင်း ဘုရင့်နောင်လမ်းဆုံမှာဖြစ်ပွားခဲ့တဲ့ပုံရိပ်တွေသာဖြစ်ပြီး အဆိုပါဖြစ်စဉ်ဟာ မတ်လ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ာင်းကာလကဓါတ်ပုံတွေကို ဖေ့စ်ဘွတ်နဲ့တွစ်တာတို့မှာ #WhatsHappeningInMyanmar #Mar15Coup စတဲ့ Hash Tag တွေနဲ့ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အောက်ပါပုံတွေကတော့ ယင်းကာလကဖြစ်ပွားခဲ့တဲ့မူရင်းဖြစ်စဉ်ကပုံတွေဖြစ်ပါတယ်။





      Tags

      Bayint Naung BridgeYangonfireCoupMyanmar CoupMarch15yangon down town
      Read Full Article
      Claim :   ပြီးခဲ့တဲ့မတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို D-Day တိုက်ခိုက်မှုအဖြစ်ထင်ယောင်ထင်မှားဖြစ်စေဖို့ဖန်တီးဖြန့်ဝေထားတဲ့အကြောင်းအရာအပေါ် Boom Myanmar က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!