BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • နောက်ပြောင်ထားတဲ့...
သတင်းအမှား

နောက်ပြောင်ထားတဲ့ တက္ကသိုလ်တွေပြန်ဖွင့်မယ့်သတင်း

တက္ကသိုလ်တွေဖွင့်လှစ်မယ့်ရက်နဲ့ ပတ်သက်ပြီး ကောလဟလ သတင်းများထွက်ရှိနေသလို အချို့ကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ နောက်ပြောင်ရေးသားမှူတချိူ့ကနေ အမှန်တကယ် ထင်ပြီး ထပ်မံဖြန့်ဝေမှူတွေပေါ်ထွက်လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  28 May 2020 9:32 PM IST
  • နောက်ပြောင်ထားတဲ့ တက္ကသိုလ်တွေပြန်ဖွင့်မယ့်သတင်း

    ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ပို့စ်တစ်ခုမှာ လူပေါင်းခြောက်ရာကျော်လောက်ဝေမျှကာ အများအပြားပျံ့နှံ့ခဲ့ပြီး တက္ကသိုလ်တွေဖွင့်လှစ်မယ့်အခြေအနေအပေါ်နားလည်မှူလွဲမှားမှူတွေလည်းရှိနေပါတယ်။

    တကယ်တော့ ဒီအကြောင်းအရာဟာ Phyu Sin Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်က မေလ ၂၇ ရက်နေ့က သူရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်နေ့ကို ပြက္ခဒိန်မှာ မရှိတဲ့ရက်စွဲ ဇွန်လ ၃၁ ရက်နေ့ တွင် ဖွင့်မယ်ဆိုပြီး နောက်ပြောင်ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒါကို ရေးသားဖြန့်ဝေပြီး ၂၄ နာရီအတွင်း Like လုပ်သူ ဦးရေ တစ်သောင်းတစ်ထောင် ကျော် နဲ့ ထပ်ဆင့်ဖြန့်ဝေသူ ခုနှစ်ရာနီးပါး ရှိခဲ့တာကို တွေ့ရပါတယ်။မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့ပါ။

    တချိူ့က ဒါကို နောက်ပြောင်ထားမှန်းသိသော်လည်း ထပ်ဆင့်ဝေမျှသူတွေထဲမှာ အမှန်တကယ်လို့ ယုံမှတ်ပြီးဖြန့်ဝေနေတာတွေရှိခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    တက္ကသိုလ်များအားလုံးကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်က စတင်ပိတ်ထားခဲ့တာဖြစ်ပြီး လတ်တလောမှာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မယ့် ရက်အတိအကျကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    ဒါနဲ့ ပါတ်သတ်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ခံ ကိုညီညီမင်းသန့် ကို BOOM က ဆက်သွယ်မေးမြန်းရာမှာ "ကျောင်းသားများသမ္မဂ အနေနဲ့ ပညာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းတာကတော့ ၈ လပိုင်းလောက်ကြမှ ကျောင်းတွေပြန်ဖွင့်ဘို့အတွက် အတိအလင်းကြေငြာပေးမယ်လို့ ပြောထားပါတယ်။ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြောထားတာပါ။" လို့ ပြောပါတယ်။

    "ပညာရေးဝန်ကြီးပြောထားတာက အခြေခံကျောင်းတွေကို ပထမ ဆုံးဖွင့်လှစ်ပြီး နောက်ပိုင်းအဆင်ပြေမှ တက္ကသိုလ်တွေ ဖွင့်မယ်လို့ ပြောထားပါတယ်" လို့ ကိုညီညီမင်းသန့်က ထပ်လောင်းပြောပါတယ်။

    လတ်တလောတွင် တက္ကသိုလ်များဖွင့်လှစ်မည့်ရက်နှင့် ပတ်သက်ပြီး ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက်လည်း ရက်အတိအကျ ထုတ်ပြန်ထားခြင်းများမရှိသေးကြောင်းသိရပါတယ်။

    Tags

    UniversityCoronavirusreopenFactCheck
    Read Full Article
    Claim :   တက္ကသိုလ်တွေ ဇူလိုင်လ ဖွင့်မယ်လို့ နောက်ပြောင်ရေးသားဖြန့်ဝေနေမှုကို အမှန်ထင်နေသူများ ရှိတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  ၤၤFacebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!