BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • နောက်ပြောင်ဖြန့်ဝေရာက...
သတင်းအမှား

နောက်ပြောင်ဖြန့်ဝေရာက စတင်ခဲ့တဲ့သတင်းအမှား

သမင်တွေအုပ်စုလိုက်လမ်းပေါ်တက်နေတဲ့ပုံကိုအသုံးပြုပြီး memes ပို့စ်တစ်ခုအနေနဲ့ ဖြန့်ဝေခဲ့တဲ့အကြောင်းအရာဟာ အွန်လိုင်းပေါ်မှာနောက်ပြောင်ချင်သူတွေရော အမှန်တကယ်ယုံကြည်သွားခဲ့ကြသူတွေကြောင့်ပါ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  18 April 2020 7:13 PM IST
  • နောက်ပြောင်ဖြန့်ဝေရာက စတင်ခဲ့တဲ့သတင်းအမှား
    လူမှူကွန်ရက်မှာဖြန့်ဝေနေတဲ့ ဒီပုံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ က ဂျပန်နိုင်ငံမှာရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

    ဒီပို့စ်ဟာ တွစ်တာမှာပျံ့နှံ့ခဲ့တဲ့ဓါတ်ပုံတစ်ပုံကို မော်လမြိုင်မြို့ထဲကို သမင်တွေဝင်ရောက်လာတယ်လို့ နောက်ပြောင်ဖြန့်ဝေခဲ့တာဖြစ်ပြီးအဲ့ဒီပို့စ်ကို လူပေါင်းသောင်းနဲ့ချီဖြန့်ဝေခဲ့ကြတာကြောင့် ဖေ့စ်ဘွတ်လူမှူကွန်ရက်မှာ အလွန်အမင်းပျံ့နှံ့သွားခဲ့ပါတယ်။

    Aung Yell Marn ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၄ နာရီဝန်းကျင်တွင် စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ယခုအချိန်ထိ ဖြန့်ဝေသူ နှစ်သောင်းကိုးထောင်ကျော် ရှိလာပြီး ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။

    ဒီပုံကို ဖြန့်ဝေရာမှာ "မော်လမြိုင်မှာ သမင်တွေ မြို့ထဲဆင်းလာတာ အများကြီး ပဲ။ ဘာနိမိတ်လဲတော့မသိဘူး။" လို့ ရေးသားဖြန့်ဝေခဲ့တာပါ။ အဆိုပါ ဖေ့ဘွတ် ပိုစ့် ဖြန့်ဝေမှုကို ဒီနေရာ မှာကြည့်နိုင်ပါတယ်။

    တကယ်တော့ ဒီဓါတ်ပုံဟာ မြန်မာတစ်နိုင်ငံထဲမှာပဲသတင်းအမှားအဖြစ်ပျံ့နှံခဲ့တာမဟုတ်ပါဘူး။ မူရင်း ဓါတ်ပုံဟာဂျပန်နိုင်ငံ နာရာဒေသ လမ်းမအလယ်က သမင်အုပ် ကို ရိုက်ယူထားတာဖြစ်ပြီး ဒီဓါတ်ပုံကိုပဲ အိန္ဒိယနိုင်ငံက အင်တာနက်သုံးစွဲသူ အချို့ကလည်း တခြားခေါင်းစဉ်တွေနဲ့ ဖြန့်ဝေနေတာလည်းရှိခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ဆက်လက်မပြန့်ပွားစေဖို့ တနိုင်ငံလုံး ပိတ်ပင်မှုပြုလုပ်ပြီးနောက် တမီးလ်နာဒူးပြည်နယ် အိုးတီး-ကင်ဘတော လမ်းတစ်နေရာမှာ ဒီပုံကိုရိုက်ယူထားခြင်း ဖြစ်တယ်လို့ အင်တာနက်ပေါ်မှာ သတင်းမှား ဖြန့်ဝေ ခဲ့ကြပါသေးတယ်။

    ဒီပုံကို ဖြန့်ဝေရာမှာ "အခုတော့ အိုးတီး-ကင်ဘတောလမ်းပေါ်မှာ မူလပိုင်ရှင်တွေ ပြန်ရောက်နေပြီ" ဆိုပြီးရေးသား ဖြန့်ဝေခဲ့တဲ့ ပို့စ်တစ်ခုကို ဒီအောက်မှာကြည့်ရှူနိုင်ပါတယ်။


    အဲ့ဒီသတင်းအမှား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM က ဒီပုံတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးကြည့်ရှု့ရာမှာတော့ ဒါပုံတွေရဲ့မူရင်းဟာ မြန်မာနိုင်ငံ မော်လမြိုင်မြို့က ပုံတွေ မဟုတ်သလို့ အိန္ဒိယ နိုင်ငံက ပုံတွေလည်း မဟုတ်ပါဘူး။

    တကယ်တော့ ဒီပုံတွေကို ဂျပန်နိုင်ငံ နာရာ ဒေသမှာ ၂၀၁၄ ခုနှစ်က ရိုက်ယူထားခဲ့တာပါ။ဆန်းစစ်ချက် ရလဒ်အရ ဒီပုံတွေက ဂျပန်တူဒေး သတင်းမီဒီယာမှာ ၂၀၁၄ ခုနှစ် ဂျူလိုင် ၂၈ ရက်မှာ ဖော်ပြခဲ့တဲ့ "နာရာ သမင်တွေ မြို့ လမ်းတစ်လမ်းကိုသိမ်းယူလိုက်ပြီ" ဆိုတဲ့ သတင်း က ပုံတွေဖြစ်ပါတယ်။

    ဂျပန်တူဒေး သတင်းစာရဲ့ ဖော်ပြချက်အရ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၂ က တွစ်တာအကောင့်ပိုင်ရှင် မိုဂျီဇူရီ ဆိုသူဟာ လမ်းဘေးလမ်းလျှောက်နေတဲ့ သမင်တွေရဲ့ ပုံတွေကို လမ်းလျှောက်နေသောသမင်ဒရယ်များ ဆိုပြီး တွစ်တာမှာ တင်ခဲ့တာဖြစ်ပါတယ်။


    မူရင်းပုံကိုကြည့်ရင် ဂျပန်ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုမြင်ရမှာဖြစ်ပြီး စက်ဘီးပေါ်က လူက ကင်မရာရိုက်နေတာကို ပုံနှစ်ပုံလုံးမှာ မြင်ရမှာ ဖြစ်ပါတယ်။


    ဖော်ပြပါ ဗွီဒီယိုရဲ့ အချိန် ၅ မိနစ်နဲ့ စက္ကန့် ၃၀ ကိုကြည့်ရင် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ က မိုဂျီဇူရီ ရိုက်ယူထားတဲ့ လမ်းဘေးမှာ နေနေတဲ့ သမင်အုပ် ပုံတွေရဲ့ နေရာနဲ့ တူနေတာကို တွေ့ရမှာပါ။


    Tags

    Corona MyanmarLockdownCovidFake NewsFactCheckDeerCoronavirusCoronavirus fake newsThe Ooty-Coimbatore RoadMawlamyingIndia LockdownCOVID-19NaraJapan
    Read Full Article
    Claim :   မော်လမြိုင်မြို့ပေါ်မှာရောက်နေတယ်ဆိုတဲ့ သမင်တွေဟာ ဂျပန်နိုင်ငံက သတင်းအဟောင်းတစ်ခုကို လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။
    Claimed By :  Social Media
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!