BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုက...
သတင်းအမှား

ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုက ရုပ်အလောင်းပုံရိပ်တွေကို သုံးထားတဲ့ ကိုရိုနာသတင်းအမှား

မကြာသေးခင်ရက်ပိုင်းတွေက ရုပ်အလောင်းတွေ အစုအလိုက်အပြုံလိုက်မြှပ်နှံပုံကို နဲ့ရောနှောပြီး ကိုရိုနာကြောင့်သေဆုံးသူတွေကို မြုပ်နှံနေပုံအဖြစ်နဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ခုကို လူမှူကွန်ရက် သုံးစွဲသူတွေ သတိထားမိကြမှာပါ။

By - Boom Live Myanmar |
Published -  10 April 2020 9:02 PM IST
  • ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုက ရုပ်အလောင်းပုံရိပ်တွေကို သုံးထားတဲ့ ကိုရိုနာသတင်းအမှား

    တကယ်တော့ အဲ့ဒီရုပ်ပုံတွေဟာ၂၀၀၇ ခုနှစ်က ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုသာဖြစ်ပြီး ကိုရိုနာကြောင့်သေဆုံးသွားတဲ့လူတွေရဲ့ဗီဒီယိုဖိုင်မဟုတ်ပါဘူး။

    ဒီသတင်းအမှားဖြန့်ဝေသူတွေဟာ အလောင်းတွေ အစုအလိုက်အပြုံလိုက်မြှပ်နှံပုံကို ပြသနေ တဲ့၂၀၀၇ ခုနှစ်က ရုပ်ရှင်ဇာတ်ဝင်ခန်း ဗီဒီယိုဖိုင် တစ်ခုကိုသုံးပြီး ဒီဖြစ်ရပ်ဟာ အီတလီနဲ့ စပိန်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေသွားတဲ့လူတွေဆိုပြီးဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

    ဒီဗီဒီယိုက မိနစ် ၂၀ စာလောက်ရှိပြီး အခန်းကျယ်ကြီးတစ်ခုထဲမှာ ခန္ဓာကိုယ်တွေကို စည်းကြပ်ထားပြီး အိတ်တွေနဲ့ထည့်ထားတဲ့ မြင်ကွင်းပါ။ ဒီမြင်ကွင်းကို သတင်းကြေငြာသူက မြို့မှာကပ်ရောဂါကူးစက်ခံနေရပြီး လူတွေအစုလိုက်အပြုံလိုက် မြှပ်နှံနေရတယ်လို့ ကြေငြာနေတာပါ။

    ပိုစ့်တစ်ခုမှာ ရေးထားတာက 'အီတလီမှာ လူသေကောင်တွေကို အမှိုက်ကန်ထဲ တောင် ပစ်ချနေရတယ်" ဆိုပြီးရေးထားပါတယ်။ ဒီပိုစ့် ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

    ဒီဗွီယိုကိုပဲ တခြားပို့တစ်ခုမှာတော့ "အီတလီနဲ့ စပိန်မှာ လူသေတွေကို အထုပ်တွေနဲ့ထုပ်ပြီး သဂြိုလ်နေရတယ်" လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ဒီနေရာ မှာ ကြည့်ပါ။

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း ၂၄၀၇၇ သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီသတင်းရေးသားနေချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အီတလီ မှာ ၈၂၁၅ ယောက် နဲ့ စပိန်မှာ ၄၃၆၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်ရှိဒီပျံ့နံ့တဲ့ ဗွီဒီယိုကလစ်ကို သေသေချာချာနားထောင်ခဲ့တဲ့အခါ ဗွီဒီယိုထဲမှာ ပါတဲ့ အသံတွေနဲ့ဘာသာစကားတွေစိစစ်ဖို့ ကျွမ်းးကျင်သူတွေဆီက သတင်းအချက်အလက်တွေ ရရှိထားခဲ့ပါတယ်။ ဗီဒီယိုထဲမှာပြောထားတာက မြို့မှာရှိတဲ့ ယာယီသင်္ချိုင်းကတော့ အလောင်းတွေနဲ့ ပြည့်နှက်နေပါပြီ။ လူသေတွေ မြှပ်ဘို့ ကျင်းတွေတူးခဲ့ပါတယ်။ လက်ရှိမှာတော့ Riptide ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ထောင်ချီနေပါပြီဆိုတဲ့စကားလုံးတွေဖြစ်ပါတယ်။

    ဒီစကားလုံးတွေအပေါ် BOOM အဖွဲ့သားတွေက Riptide Virus ဆိုတဲ့ စာလုံးကို အင်တာနက်မှာရှာကြည့်ခဲ့ရာမှာတော့ ဒီရုပ်သံဖိုင်ဟာ ၂၀၀၇ ခုနှစ်က ပြသခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကားထဲက ဇာတ်ဝင်ခန်း တစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းဟာ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ အခပေးရုပ်သွံလိုင်းဖြစ်တဲ့ Hallmark ချန်နယ်မှာပြသခဲ့တဲ့ Pandemic ဆိုတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဇာတ်ကားထဲကဇာတ်ဝင်ခန်းသာဖြစ်ပါတယ်။

    အခု ပျံ့နှံ့နေတဲ့ ဗွီဒီယိုကလစ် မူရင်း တီဗွီဇာတ်လမ်းရဲ့ အပိုင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။




    Tags

    FAKE NEWSFactCheckCoronavirus factsCoronavirus fake newsCOVID-19CoronavirusDeath
    Read Full Article
    Claim :   ဒီရုပ်သံနဲ့ ဖြန့်ဝေခဲ့တဲ့ သတင်းအမှားဟာ ရုပ်သံဇာတ်လမ်းတွဲတစ်ခုက ဇာတ်ဝင်ခန်းတစ်ခုသာဖြစ်ပါတယ်။
    Claimed By :  Social media
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!