BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • ကိုဗစ် ၁၉ နဲ့မသက်ဆိုင်တဲ့...
သတင်းအမှား

ကိုဗစ် ၁၉ နဲ့မသက်ဆိုင်တဲ့ ဓါတ်ငွေ့အဆိပ်သင့်မှူ

ဖေ့စ်ဘွတ်၊ တွစ်တာ စတဲ့ လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေမှုတွေလုပ်တဲ့အခါ သတင်းအချက်အလက် ပြည့်စုံမှုမရှိတဲ့ ပိုစ့်တွေဟာလည်း သတင်းမှားပျံ့နှံ့စေတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီလို အချက်အလက်မပြည့်စုံပဲ သတင်းမှားအဖြစ် ပျံ့နှံ့စေနိုင်တဲ့ သတင်းတစ်ပုဒ်ကို BOOM အနေနဲ့ သတင်းဆန်းစစ်ချက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  14 May 2020 1:54 PM IST
  • ကိုဗစ် ၁၉ နဲ့မသက်ဆိုင်တဲ့ ဓါတ်ငွေ့အဆိပ်သင့်မှူ

    အထက်ပါပုံမှာ ဖေါ်ပြထားတဲ့ အတိုင်း ဘိုဘို ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်ဟာ အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုရဲ့ ဗွီဒီယိုဖိုင်တွေကို ပြန်လည်ဖြန့်ဝေရာမှာ "Getting serious in India!! Pray for India 🙏🏻 အိန္ဒိယမှာတဲ့.. မည်သည့်အခြေအနေေကြောင့် မည်သည့်နေရာ မသိရသေး" ဆိုပြီး ဖြန့်ဝေခဲ့ပါတယ်။ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    အကောင့်ပိုင်ရှင်အနေနဲ့ ဒီပိုစ့်ကို မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ ခြောက်ရာနီးပါး ရှိနေတာလည်း တွေ့ရပါတယ်။

    သာမာန်အားဖြင့် ဒီဖြန့်ဝေမှုဟာ ပြဿနာမရှိပေမယ့် အခုလို ကပ်ရောဂါဖြစ်ပွားနေချိန် လူတိုင်းနီးပါး စိုးရိမ်ထိတ်လန့်မှုနဲ့ နေရချိန် တွေမှာ ဒါက သတင်းမှားမြောက်များစွာ ဖြစ်ပေါ်လာနိုင်တဲ့ ပိုစ့်ဖြစ်ပါတယ်။ အောက်မှာ ဒီပိုစ့်ကို လူတွေဘယ်လို ထပ်ဆင့်ဖြန့်ဝေနေသလဲ ကြည့်ရှု့ပေးပါ။


    ပုံမှာတွေ့ရတဲ့အတိုင်း လူမှုမီဒီယာအသုံးပြုသူ တချို့ဟာဆိုရင် ဒီဗွီဒီယိုဖိုင်တွေအသုံးပြုပြီး လိုရာဆွဲပြောဆိုဖြန့်ဝေ နေတာတွေ့ရမှာပါ။ဒီဗွီဒီယိုဖိုင်တွေနဲ့ ပါတ်သတ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း Thein Kyaw Soe ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်ပိုင်ရှင်က "အိန္ဒိယမှာ ကြောက်စရာကြီးဗျာ။ COVID-19 လား အဆိပ်ငွေ့လား" ဆိုပြီး ဖြန့်ဝေခဲပါသေးတယ်။ BOOM အနေနဲ့ သတင်းဆန်းစစ်မှု မပြုလုပ်ခင် စောင့်ကြည့်နေဆဲမှာပဲ အခြား သတင်းတု တိုက်ဖျက်တဲ့ သတင်းဌာနတစ်ခုက ဒီသတင်းကို မှားယွင်းကြောင်းဖော်ပြပြီး ဖျက်ချက်ခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီမတော်တဆမှုက အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် ဗိရှာခါပတ်ထနန်မြို့မှာ မေလ ၇ ရက်နေ့ မနက် အစောပိုင်းကဖြစ်ပွားခဲ့တာပါ။ ဓာတ်ငွေ့ယိုစိမ့်မှုဟာ LG Polymer စက်ရုံကနေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီစက်ရုံက တောင်ကိုရီးယားက LG Chem ကုမ္ပဏီပိုင် ဖြစ်ပါတယ်။ ဒီမတော်တဆကြောင့် လူဆယ်ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ အနီးအနား ရွာသားတွေကတော့ အိုးအိမ်စွန့်ခွါရွှေ့ပြောင်း ခဲ့ကြရတယ်လို့ ဘီဘီစီ သတင်းဌာနရဲ့ မေလ ၇ ရက်နေ့မှာဖော်ပြထားတဲ့ သတင်းအရ သိရပါတယ်။ ဘီဘီစီ သတင်းဌာနရဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။

    အဆိုပါ ပိုစ့်ကိုဖြန့်ဝေသူ အနေနဲ့ LG Polymer စက်ရုံမတော်တဆမှုရဲ့ ဗွီဒီယို ဖိုင်တွေကို အသုံးပြုထာတယ်ဆိုတာကို အောက်က ပုံတွေမှာ ကြည့်ရှု့နိုင်ပါတယ်။ ပထမ ပုံမှက ဖေစ့်ဘွတ်အကောင့်ပိုင်ရှင် ဘိုဘို ရှယ်ထားတဲ့ ဗွီဒီယိုဖိုင်က ပုံဖြစ်ပြီး ဒုတိယ ပုံကတော့ ဘီဘီစီ သတင်းဌာနက မေလ ၇ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းပါ ဗွီဒီယိုဖိုင်ထဲက ပုံရိပ်အချို့ဖြစ်ပါတယ်။ ပုံတွေကို ကြည့်ရင် ပုံထဲက အမျိုးသမီး လူနာတင်ယာဉ်ပေါ်မတက်ခင် နဲ့ လူနာတင်ယာဉ်ပေါ်ရောက်ပြီး အနောက်ကို လှမ်းကြည့်နေတဲ့ ပုံတွေဖြစ်ပါတယ်။ ဒီပုံတွေအားလုံးက အဝါရောင်အိင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသမီးက တစ်ယောက်တည်း ဖြစ်ပါတယ်။

    အောက်ပါပုံဟာ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင် ဘို ဘို ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။


    အောက်ပါပုံဟာ ဘီဘီစီ သတင်းဌာနက မေလ ၇ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းပါ ဗွီဒီယိုမှ ပုံရိပ်အချို့ ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



    Tags

    India gas leakGasFalse NewsFactCheckcoronaviruscovid19
    Read Full Article
    Claim :   အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ယိုစိမ့်မှု က ဗွီဒီယိုဖိုင်တွေကို အချက်အလက်ပြည့်စုံမှုမရှိပဲ ဖြန့်ဝေခဲ့တဲ့အတွက် အများပြည်သူအထိတ်တလန့်မဖြစ်စေရန်နဲ့ သတင်းမှားများ ထွက်ပေါ်မလာစေရန် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ခဲ့ပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!