BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအမှား
  • အာစီနီကမ်အယ်လ်ဘမ် ၃၀ ဟာ...
သတင်းအမှား

အာစီနီကမ်အယ်လ်ဘမ် ၃၀ ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား

BOOM media ရဲ့လေ့လာချက်အရ homeopathic ဆေးဟာ Coronavirus ကိုကိုင်တွယ်လိမ့်မယ်ဆိုတဲ့ပြောဆိုချက်ကိုထောက်ခံတဲ့မည်သည့်သိပ္ပံနည်းကျလေ့လာမှုကိုမှမတွေ့ရှိခဲ့ပါ။

By - Boom Live Myanmar |
Published -  29 March 2020 11:23 AM IST
  • အာစီနီကမ်အယ်လ်ဘမ် ၃၀ ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား

    လက်တလောကမှ အကြံပေးချက်တစ်ခုမှာ

    အိန္ဒိယတိုင်းရင်းဆေးပညာဝန်ကြီးဌာနက အာစီနီကမ်အယ်လ်ဘမ် ၃၀ ဆေးပြားတွေ ဟာ ကိုရိုနာရောဂါကိုကာကွယ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သဘာဝတိုင်းရင်းဆေးကျွမ်းကျင်သူတစ်ယောက်က အဲ့လို အဆိုပြုခဲ့ပေမယ့် BOOM ကတော့အတည်ပြုပြောကြားထားတဲ့သိပ္ပံစမ်းသပ်ချက်အထောက်အထားတစ်ခုမှမတွေ့ခဲ့ပါဘူး။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ပထမဆုံးကိုရိုနာရောဂါပေါ်ထွက်လာခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ဝန်းကျင်လောက်မှာ အိန္ဒိယတိုင်းရင်းဆေးပညာဝန်ကြီးဌာနဟာ ကျန်းမာရေးနဲ့မိသားစုသက်သာချောင်ချိရေးဝန်ကြီးဌာနနဲ့ ပြင်ပရေးရာဝန်ကြီးဌာန တို့ကို အကြံပြုခဲ့တာဖြစ်ပါတယ်။

    အိန္ဒိယတိုင်းရင်းဆေးပညာဝန်ကြီးဌာနဟာ ပါဆို-အာရေးဘီယားရှေးဟောင်းဆေးပညာ ယူနာနီကိုလည်း အကြံပြုချက်မှာထည့်သွင်းခဲ့ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးနည်းလမ်းတွေကို အဆိုပြုပြီးတဲ့နောက်မှာ သဘာဝတိုင်းရင်းဆေးသုတေသန ဗဟိုကောင်စီဟာ ၆၄ကြိမ်မြောက် သိပ္ပံနည်းကျအဆိုပြုချက်အစည်းအဝေးအတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၈ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။

    အာစီနီကမ်အယ်လ်ဘမ် ၃၀ ဟာ အာဆင်းနစ်ထရိုင်အောက်ဆိုဒ်ပျော်ရည်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ဆေးသောက်ဖို့ဆိုရင် ၃ရက်အစာမရှိတဲ့အစာအိမ်ဖြစ်ရမှာပါ။

    ဒါကို အိန္ဒိယခေတ်ဟောင်းဆေးပညာဝန်ကြီးဌာနက ယူနာနီဆေးပညာနဲ့ အိန္ဒိယရှေးဟောင်းဆေးပညာနည်းလမ်းအချိူ့နဲ့အတူ အကြံပြုခဲ့ပါတယ်။

    WHO က ဗိုင်းရပ်စ်ကာကွယ်ကုသရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် BOOM က ဗိုင်းရပ်စ်အကြံပြုချက်တွေကို မမှန်ကန်ကြောင်းပြောကြားခဲ့ပါတယ်။

    ဗိုင်းရပ်စ်ကာကွယ်နိုင်ရန်အတွက် အဖျားရှိသူ ချောင်းဆိုးသူများနဲ့ နီးနီးကပ်ကပ်မနေခြင်း၊ အစားအသောက်များကို အစိမ်းစားခြင်းအားရှောင်ကြဉ်ခြင်း၊ လက်များအား ဆပ်ပြာ၊ အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည်တို့ဖြင့်ဆေးကြောပြီး တကိုယ်ရည်သန့်ရှင်းမှုထိန်းသိမ်းရန် WHO မှာ အသိပေးခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် မတ်လ ၂ရက်နေ့မှာ တီလန်ဂါနာနိုင်ငံတွင်း ရောဂါရှိလူနာထွက်ပေါ်လာပြီးတဲ့နောက်မှာ တီလန်ဂါနာအစိုးရဟာ ဝန်ကြီးဌာန ညွှန်းဆိုတဲ့ အာစီနီကမ်အယ်လ်ဘမ် ၃၀ ဆေးဝါးများကို ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

    ဆေးဝါးရဲ့ရုပ်ပုံပါရှိပြီးဒါဟာ မှန်ကန်မှုရှိမရှိဆိုတဲ့ မေးခွန်းတွေကို BOOM ရဲ့ Whatsapp အရေးပေါ်အကူအညီနံပါတ်တွေကို ပေးပို့ခဲ့ကြပါတယ်။

    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!