BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဏာသိမ်းကာလ သတင်းအချက်အလက်...
သတင်းအတု

အာဏာသိမ်းကာလ သတင်းအချက်အလက် ကသောင်းကနင်းဖြစ်ရပ်များ

By - Boom Live Myanmar |
Published -  11 Feb 2021 3:30 PM IST
  • အာဏာသိမ်းကာလ သတင်းအချက်အလက် ကသောင်းကနင်းဖြစ်ရပ်များ

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အတည်ပြုနိုင်ခြင်း မလွယ်ကူသော သတင်းတွေ လူထုကြားမှာ အချိန်နဲ့အမျှ အရှိန်အဟုန်နဲ့ ပြန့်နှံ့လာခဲ့ပါတယ်။

    တခြားကမ္ဘာ့တိုင်းပြည်တွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတုသတင်းမှားပျံ့နှံ့မှုတွေ ရှိခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ လူမှုကွန်ယက်မီဒီယာပေါ်မှာ သတင်းမှားဖြန့်ဝေလေ့ရှိတဲ့ ပေ့ချ်တွေ၊ အကောင့်တုတွေလည်းဆက်လက်ထွက်ပေါ်လျက်ရှိပါတယ်။

    သတင်းမှား စိစစ်ရေးအဖွဲ့တွေက သတင်းတု သတင်းမှားများနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြည်သူလူထုကြားမှာ ဖြန့်ဝေလျက်ရှိပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ဖဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ မြန်မာပြည်တွင်းမှာရှိတဲ့ အင်တာနက်လိုင်း၊ ဖုန်းလိုင်းစတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကို စစ်အာဏသိမ်းအစိုးရက လုံး၀ ဖြတ်တောက်ပစ်ခဲ့ပါတယ်။

    အင်တာနက်လိုင်းများအားလုံးသာမကပဲ တယ်လီဖုန်းလိုင်းများကိုပါ ဖြတ်တောက်ပစ်ခဲ့တဲ့အတွက် ပြည်သူလူထုအနေနဲ့ မည်သည့် သတင်းအချက်အလက်မှ ရယူနိုင်ခြင်းမရှိပဲ ဖြစ်ပျက်နေတဲ့ လက်ရှိ အခြေအနေများကို အချိန်နဲ့တပြေးညီ သိရှိဖို့ ခက်ခဲခဲ့ကြပါတယ်။ သတင်းအမှောင်ချခံထားရတဲ့အတွက် ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုများမှာ အမြင့်မားဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။

    နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ကိုင်ရ စီးပွားရေး လုပ်ငန်းများ၊ ဘဏ်စနစ်စတာတွေအပြင် အွန်လိုင်းအင်တာနက်အသုံးပြုပြီး လုပ်ဆောင်ရတေဲ့ ကိစ္စရပ်တွေအားလုံး ရပ်ဆိုင်းကုန်တဲ့အတွက် ပြည်တွင်းပြည်ပနိုင်ငံတကာကုန်စည် စီးဆင်းမှုများလည်း အခက်တွေ့ရပါတယ်။

    တဆက်တည်းဆိုသလို တရားဝင်ထုတ်ပြန်ချက် ဟုတ် မဟုတ် အတည်ပြုဖို့ ခက်ခဲတဲ့ ထုတ်ပြန်ချက်တွေလည်း တွေ့လာရပါတယ်။

    မာရှယ်လောကိစ္စ

    တပ်မတော်က အာဏာသိမ်းယူပြီးနောက်မှာ မူလရှိနေခဲ့တဲ့ ကိုဗစ်ကာလကထားရှိထားတဲ့ ည ၁၂ နာရီမှ နံနက်လေးနာရီအတွင်းအသွားအလာကန့်သတ်မှုကိုပယ်ဖျက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဖေဖော်ဝါရီတစ်ရက်နေ့ကစလို့ မာရှယ်လောထုတ်လိုက်ပြီဆိုတဲ့ကောလဟလအများအပြားပျံ့နှံ့လာခဲ့ပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ရေးသားမှုတွေမှာ တပ်မတော်ရဲ့အစီအမံတွေ တောက်လျှောက်ဖြန့်ဝေနေတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘွတ်ပေ့ချ်ကနေကြေငြာလာတာမရှိသလို၊ မြ၀တီ ရုပ်သံလိုင်းမှာလည်းကြေငြာခဲ့တာမရှိခဲ့ပါဘူး သို့ပေမယ့် ဒီသတင်းဟာလူထုကြားထဲမှာ အရှိန်အဟုန်နဲ့ပျံ့နှံ့ခဲ့ပါတယ်။

    အတည်ပြုရန် ခက်ခဲသော ကြေညာချက်များ

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားလိုက်ပြီးနောက်မှာ Chair NLD facebook page မှာ ဖော်ပြထားတဲ့ "ပြည်သူသို့ ပန်ကြားချက်" ဆိုတဲ့ စာအပေါ်မှာလည်း လူထုကသံသာနဲ့တုံ့ပြန်ခဲ့ကြပါသေးတယ်။ စာရဲ့ အောက်ခြေမှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း လက်ရေးဖြင့် တာဝန်ခံရေးသားထားပြီး "ဝင်းထိန်" ဟု လက်မှတ်ထိုးထားသော်လည်း ထုတ်ပြန်ချက်အမှန်ဖြစ်ကြောင်း မယုံကြည်ပါဆိုတဲ့စကားများဖြင့် ပို့စ်အောက်မှာ မှတ်ချက်များ လာရောက်ရေးသားထားတာကို တွေ့ရပါတယ်။

    မူရင်းလင့်ခ်ကို ဒီမှာ ကြည့်ပါ

    ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ လူထုကသံသယဖြစ်တဲ့အချက်တွေထဲမှာ ဦးဝင်းထိန်လက်ရေးမူအနည်းငယ်ကွဲလွဲနေမှု၊ နေ့စွဲ၊ ရုံးတံဆိပ်၊ ထုတ်ပြန်သူစတာတွေမပါဝင်မှုအပေါ်လူထုကဆန်းစစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Media တွေကို ဦးဝင်းထိန်ဖြေကြားထားတဲ့အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့အင်တာဗျုးတစ်ခုမှာ ဒီစာအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

    SMS ပေါ်ကသတင်းတွေ

    တနိုင်ငံလုံးအဆက်အသွယ်ပျက်တောက်သွားတဲ့ရက်တွေမှာ လူထုကြားသတင်းအချက်အလက်စီးဆင်းမှုဟာ လူမှုကွန်ရက်တွေကနေ ဖုန်းမက်ဆေ့ချ်တွေအဖြစ်ပြောင်းလဲခဲ့ပါတယ်။

    ဒီအကြောင်းအရာတွေထဲမှာ UN က အထူးကိုယ်စာလှယ်မြန်မာနိုင်ငံကိုရောက်ရှိနေတယ်ဆိုတဲ့အကြောင်းအရာတွေအပါအဝင်၊ UN ကိုယ်စားလှယ်က CDM မှာပါဝင်သူတွေကိုကူညီဖို့ စစ်တမ်းလိုက်လံကောက်ယူတယ်ဆိုတဲ့ဖြန့်ဝေမှုတွေလည်းပါဝင်ပါတယ်။

    လတ်တလောမှာ ဖေဖော်ဝါရီ ၇ ရက်နေ့လည်ပိုင်းတွင် အင်တာနက်လိုင်းတချို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဖေ့ဘုတ်သုံးစွဲခွင့်ကိုတော့ ယနေ့ ဖေဖော်ဝါရီ ၁၁ရက် နေ့အထိ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

    ဒါ့အပြင် စစ်တပ်မှ ဆန်၊ ဆီများလိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းများကိုလည်း ဖြန့်ဝေတာတွေ့ရသလို နာရီပိုင်းအတွင်းမှာပဲ အဲဒီသတင်းတွေက မှားယွင်းကြောင်း SMS များလည်း ထပ်မံဖြန့်ဝေလာပြန်တာ တွေ့ရပါတယ်။

    ပါးစပ်သတင်း၊ အသံဖိုင်များဖြင့် မမှန်သတင်းလွှင့်ခြင်း

    အာဏာသိမ်းဖြစ်ရပ်နောက်မှာ မရေရာသော ပါးစပ်သတင်းလွှင့်ခြင်းများကိုလည်း အဆက်မပြတ် တွေ့လာရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ညမှာ ပြည်သူများ လူမှုကွန်ယက် အသုံးပြုခွင့်မရခြင်း၊ သတင်းအချက်အလက် စီးဆင်းမှု ပိတ်ဆို့ခံထားရချိန်များနှင့် အချိန်ကိုက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီဆိုတဲ့သတင်းဟာရုန်ချည်းဆိုသလိုထွက်ပေါ်လာခဲ့ပြီး ဒီသတင်းအမှားကြောင့် ညတွင်းချင်းမှာပဲ လူအမြောက်အများလမ်းပေါ်ထွက်လာခဲ့ကြပါတယ်။

    ဒါ့အပြင် အသံဖိုင်များနှင့် ဖြန့်ဝေတဲ့သတင်းများလည်း ရှိတဲ့အတွက် မူရင်းဖြန့်ဝေသူ မည်သူမည်ဝါဆိုတာ ရှာဖွေရခက်ခဲသွားသလို၊ မှားယွင်းကြောင်း သက်သေအဖြစ် ပြသ၍ မရပဲ ဖြစ်နိုင်ပါတယ်။

    ၅၀၀၀ တန်၊ ၁၀၀၀၀ တန်သတင်းအမှား

    စစ်တပ် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာကျပ်ငွေစက္ကူ ၁၀၀၀၀ တန်နှင့် ၅၀၀၀ တန်များကို တရားမဝင် ဖျက်သိမ်းမယ်ဆိုတဲ့သတင်းများလည်း ထွက်ပေါ်ခဲ့ပြန်ပါတယ်။ အဲဒီသတင်းကြောင့် အစိုးရထုတ်ပြန်ချက်များ တရားဝင် မထုတ်ပြန်သေးချိန်အတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားရှိ ဘဏ်များမှာ ငွေပေးသွင်းမှုများ အလုံးအရင်းဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာ့ရွှေဈေးဟာလည်း လက်ရှိပေါက်ဈေးထက် ကျပ်၁ သိန်းကျော်ခန့်ထိ တဟုန်ထိုး မြင့်တက်ခဲ့သလို နိုင်ငံခြားငွေလဲနှုန်းများလည်း မြင့်တက်သွားခဲ့ပါတယ်။

    အစိုးရဌာနရဲ့ တရားဝင်ပေ့ချ်များအပေါ် လူထုတုံ့ပြန်မှု

    မြေပြင်ခြေအနေတွေနဲ့ လုံးလုံးသွေဖည်နေတဲ့ သတင်းထုတ်လွှင့်မှုတွေဖြန့်ဝေနေတဲ့ MRTV ကဲ့သို့ facebook official page များအပေါ်လည်း လူမှုကွန်ရက်သုံးဆွဲသူတွေရဲ့ တုံ့ပြန်မှုပိုမိုပြင်းထန်လျက်ရှိပါတယ်။

    ဥပမာ မြန်မာနိုင်ငံတွင်းမြို့ပေါင်း ၂၀၀ ကျော်မှာ ဆန္ဒပြမှုဖြစ်ပွားနေတဲ့ကာလမှာ MRTV ရုပ်သံသတင်းမှာ

    အင်းယားကန်ပေါင်အနီးအားကစားလေ့ကျင့်သူအနည်းငယ်ကို သတင်းအဖြစ်ဖေါ်ပြခဲ့တာနဲ့ပတ်သက်လို့

    ဝေဖန်မှုကန့်ကွက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

    ရှင်းလင်းချက် ပို့စ်ကို အောက်မှာကြည့်ပါ။

    ပြည်သူလူထုရဲ့ သတင်းအချက်အလက်သိနားလည်မှု

    အာာဏာသိမ်းဖြစ်ရပ်ကာလတလျှောက်မှာ မရေရာမသေချာတဲ့သတင်းတွေနဲ့ပတ်သက်လို့ ပြည်သူရဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့အားရစရာအချက်တွေကိုတွေ့ရှိရပါတယ်။ တဖက်မှာလည်း သတင်းတုသတင်းမှားတွေကို မဆန်းစစ်ပဲအလွယ်တကူဝေမျှမှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။

    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!