BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Covid-19
  • ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်တဲ့...
Covid-19

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်တဲ့ အဆင့်တွေက ဘာတွေလဲ

ကပ်ရောဂါတစ်ခုဖြစ်ပေါ်လာပုံကို ခွဲခြားရာမှာ ဗိုင်းရပ်စ်ပျံ့နှံ့ဖို့အအတွက်အဆင့် (၆) ရှိတယ်လို့ WHO ကသတ်မှတ်ထားပါတယ်။အဲဒါတွေကဘာတွေလဲ။

By - Boom Live Myanmar |
Published -  29 March 2020 9:53 AM IST
  • ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်တဲ့ အဆင့်တွေက ဘာတွေလဲ

    ကပ်ရောဂါတစ်ခုဖြစ်ပေါ်လာပုံကို ခွဲခြားရာမှာ ဗိုင်းရပ်စ်ပျံ့နှံ့ဖို့အအတွက်အဆင့် (၆) ရှိတယ်လို့ WHO ကသတ်မှတ်ထားပါတယ်။အဲဒါတွေကဘာတွေလဲ။

    WHO က သတ်မှတ်တဲ့ အဆင့် (၆) ဆင့် နဲ့ ကပ်ရောဂါလွန်ကာလအဆင့်များ

    အဆင့် (၁)

    တိရိစ္ဆာန်များအကြား ကူးစက်ပျံ့နှံ့နေသော်လည်းယခုအဆင့်တွင် တိရိစ္ဆာန်မှတဆင့် လူသို့ ကူးစက်ကြောင်း မတွေ့ရှိသေး။

    အဆင့် (၂)

    တောရိုင်း တိရစ္ဆာဆန် သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်များအကြား ပျံ့နှံ့နေသည့် တိရစ္ဆာန်ဗိုင်းရပ်စ်ပိုးသည် လူကိုကူးစက်နိုင်သည့်အတွက် ယင်းအချက်သည် ကူးစက်ရောဂါ ဖြစ်ရန် အလားအလာရှိသော အဆင့်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံတွင် ပထမဆုံး ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် ယခုအဆင့်(၂) ကို သက်သေခံနေသည်။

    အဆင့် (၃)

    တိရိစ္ဆာန်သို့မဟုတ်လူတွင် တွေ့ရှိတတ်သည့် ဗိုင်းရပ်စ်ပိုးသည် ကြိုကြားကြိုကြားရောဂါဖြစ်ပွားမှုများ သို့မဟုတ် လူများအကြား ရောဂါဖြစ်ပွားမှုတွေကို အနည်းအကျဉ်း ဖြစ်ပွားစေသော်လည်း လူတစ်ဦးမှ တခြားတစ်ဦးသို့ ကူးစက်ခြင်းအားဖြင့် ကိုယ့်မြို့၊ ရပ်ရွာအတွင်း လူထုအဆင့်ရောဂါဖြစ်ပွားမှုကို ဦး တည်စေသည်။

    အဆင့် (၄)

    လူတစ်ဦးမှ တစ်ဦး ကူးစက်ပြန့်ပွားခြင်းသည် လူထုအဆင့်ရောဂါဖြစ်ပွားခြင်းကို ဦးတည်ခြင်း အတည်ပြုပြီး ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လူသေဆုံးခြင်းများနှင့် ရောဂါပိုးဆက်တိုက်ပြန့်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် တရုတ်နိုင်ငံတစ်ခုလုံး Lockdown လုပ်ခဲ့သည့် အဖြစ်အပျက်က သက်သေခံနေသည်။

    အဆင့် (၅)

    အမျိုးအမည်တူညီသော ဗိုင်းရပ်စ်ပိုးသည် WHO ဒေသတွင်း နိုင်ငံကြားမှာရှိသည့် နှစ်နိုင်ငံ သို့မဟုတ် ယင်းထက်ပိုသည့် နိုင်ငံတွင် လူထုအဆင့်ရောဂါဖြစ်ပွားမှု ဖြစ်စေသည်။ တရုတ်နိုင်ငံသည် ၎င်းနှင့်ဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံများကို ရောဂါပိုးကူးစက်ပျံ့နှံ့ချိန်သည် အဆင့် (၅) ဆင့်တွင် ရှိကြောင်း WHO ကပြောကြားထားသည်။

    အဆင့် (၆)

    တူညီသော ဗိုင်းရပ်စ်ပိုးသည် WHO ၏ဒေသတွင်းရှိနိုင်ငံများတွင် လူထုအဆင့်ရောဂါ ဖြစ်ပွားမှုကိုဖြစ်စေသည်ဟု တွေ့ရှိခဲ့သည်။ WHO သည် ဥရောပဒေသတွင်းလူမှုအသိုင်းအဝိုင်းကြား ရောဂါဖြစ်ပွားမှုများ ဆက်တိုက်များပြားလာခြင်းကို မျက်မြင်တွေ့မြင်ပြီးနောက် လက်ရှိ COVID-19 ဖြစ်ပွားမှုကို မတ်လ ၁၁ ရက် ၂၀၂၀ တွင်ကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့သည်။

    Tags

    COVID-19Stages of pendamicChinese VirusWuhanCorona Myanmar
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!