BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Covid-19
  • သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး...
Covid-19

သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး နားလည်မှူလွဲမှားနေသလား

ပြီးခဲ့တဲ့ရက်တွေက အမေရိကန်မှာ စမ်းသပ်နေဆဲဖြစ်တဲ့ ကိုရိုနာကုသရေးဆိုင်ရာ သတင်းအချက်အလက်တချို့ကို အခြေခံပြီး ပြည်တွင်းမှာလွဲမှားတဲ့ ဆင့်ပွားရေးသားချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုးဆုံးကတော့ ကိုရိုနာကာကွယ်ဆေးတွေ့ပြီဆိုတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 April 2020 11:16 PM IST
  • သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်ပြီး နားလည်မှူလွဲမှားနေသလား

    ဒါနဲ့ပတ်သက်တဲ့ ရေးသားဖြန့်ဝေမှူတွေထဲမှာ DVB သတင်းဌာနကရုပ်သံသတင်းတစ်ခုကို ကိုးကားပြီး ဖြန့်ဝေနေတဲ့ပို့စ်တစ်ခုရှိပါတယ်။ အဲ့ဒီပို့စ်မှာရေးသားထားတာက အမေရိကန် ဆေးသိပ္ပံ ပညာရှင်တွေက နာလန်ထလူနာ ရဲ့သွေးရည်ကြည်အသုံးပြုပြီး COVID-19 ရောဂါကုသနိုင်ပြီလို့ သဘောသက်ရောက်တဲ့ ဖြန့်ဝေခေဲ့တဲ့ရေးသားမှူဖြစ်ပါတယ်။

    ဒီလိုဖြန့်ဝေထားတဲ့ဖေ့စ်ဘွတ်ပိုစ့်ကို ဒီနေရာ မှာကြည့်ပါ။

    ဒီပိုစ့်ကို Ko Ko Hlaing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က ဧပြီလ ၁၀ ရက်နေ့ မှာ ရေးသားခဲ့တာ ဖြစ်ပြီးတော့ ပိုစ့်ကိုဖြန့်ဝေရာမှာ အကောင့်ပိုင်ရှင်က "Covid19 Virus ကူးစက်ခံရလို့ Positive ဖြစ်ပြီး ကုသလိုက်လို့ Negative အဖြေထွက် ပျောက်ကင်းသွားတဲ့ လူနာရဲ့ သွေးရည်ကြည် ကိုယူပြီး Positive ဖြစ်နေသေးတဲ့ လူနာ သွေးကြောထဲ ထိုးသွင်း ကုသပေးရာ ပိုးကောင်ရေ ချက်ချင်း ကျဆင်းသွားပြီး အောင်မြင်သွားပါတယ်တဲ့ခဗျာ" ဆိုပြီး ဒီရောဂါအတွက် ကုသဆေး ရှာတွေ့ပြီဆိုတဲ့ ပုံစံမျိုး ရေးသားခဲ့ ပါတယ်။

    ၎င်းပိုစ့်ကို ရေးသားပြီး နာရီ ၂၀ အတွင်း ဖြန့်ဝေသူ နှစ်ထောင့်သုံးရာကျော်ရှိခဲ့ပြီးဖြစ်ကာ ဆက်လက် ဖြန့်ဝေနေဆဲဖြစ်ပါတယ်။

    အလားတူပဲ Htoo Htoolin ဆိုတဲ့ ဖွေစ့်ဘွတ် အကောင့် ပိုင်ရှင်ကလည်း DVB သတင်းဌာရဲ့ သတင်းဗွီဒီယိုဖိုင် တစ်ခုကို အသုံးပြုကာ "COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကို ရပ်တန့်နိုင်ဖို့ ၊ ကူးစက်ခံထားရတဲ့ လူနာတွေကို အရှင်းပျောက်ဖို့ အမေရိကန် ၊တရုတ် ၊ရုရှား နဲ့ စက်ာပူ စတဲ့ နည်းပညာ တိုးတက်နေတဲ့ နိုင်ငံတွေက အပူတပြင်း ရှာဖွေစမ်းသပ်နေတာပါ။ ဒီတစ်ခါတော့ အမေရိကန် လက်ဦးသွားပြီလို့ ‌ဆိုရမှာပါ။" ဆိုပြီးရေးသားထားပါတယ်။

    ပုံမှန်အားဖြင့်တော့ ဒီလိုဖြန့်သေရေးသားမှူတွေဟာ ယုံကြည်ရတဲ့ သတင်းဌာနတွေက တင်ဆက်ထားတဲ့ ရုပ်သံတွေကိုပြန်လည်ရေးသားပြီး ဝေမျှတာဖြစ်လင့်ကစား ဒီရေးသားမှူတွေမှာ ဖေ့စ်ဘွတ်တင်သူတွေရဲ့ကိုယ်ပိုင်အမြင်တွေကိုထည့်သွင်းပြီး ချဲ့ကားရေးသားမှူတွေပါဝင်နေပါတယ်။

    ဒီလိုရေးသားမှူတွေကြောင့် ပြန်လည်ထပ်ဆင်ဝေမျှသူတွေဟာ လက်ရှိမှာ ကိုရိုနာကာကွယ်ဆေးကို ထုတ်လုပ်နေနိုင်ပြီဆိုတဲ့ အမြင်လွဲမှားမှူတွေရရှိနေနိုင်ပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်တွေကို အောက်မှာ ဆက်လက်ဖတ်ရှူပါ။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေနေမှုတွေအရ အမေရိကန်မှာ သွေးရည်ကြည်ထိုးသငွင်းကုသနည်းနဲ့ စတင်ကုသနေပြီ ဆိုတဲ့ အချက်က မှန်ပေမဲ့ ဒါကို တရားဝင်ကုသနိုင်ပြီလို့ ပြောမထားသေးပါဘူး။ သုသေသန ပြုလုပ်နေဆဲ အဆင့်မှာသာ ရှိသေးပြီး အမေရိကန်မှာတောင် လေးငါးခြောက်ယောက်လောက်ကိုပဲ စမ်းသပ်ထားရသေးတာပါလို့ ခိုင်မာတဲ့ သတင်းဌာန တွေက ဖော်ပြချက်တွေမှာ ပြောထားပါတယ်။

    Mizzima သတင်းဌာနမှာ ယနေ့ ဧပြီလ ၁၁ ရက်နေ့တင်ထားတဲ့ "ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လာမည့် စက်တင်ဘာလမှာ အသင့်ဖြစ်နိုင်ဟု အောက်စ်ဖို့ဒ် တက္ကသိုလ် သုတေသီအဖွဲ့ ပြော" ဆိုတဲ့ သတင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေရေးပိုင်းတွင် ဦးဆောင်လုပ်ကိုင်နေတဲ့ ဗြိတိန် သုတေသနပညာရှင် အဖွဲ့တစ်ခုကို လက်ရှိဦးဆောင်နေတဲ့အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခ Sarah Gilbert က သူမတို့အဖွဲ့၏ လုပ်ဆောင်နေမှုဟာ လာမယ့် ဆောင်းဦးရာသီမှာမှ အလုပ်ဖြစ်လာမှာဖြစ်ပြီး သူမအနေနဲ့ ၈၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိပါကြောင်း ပြောတယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် သတင်းရဲ့ အောက်ဆုံးအပိုဒ်မှာတော့ ဒီပြောဆိုမှုဟာ သူမရဲ့ ကိုယ်ပိုင်အမြင်သာ ဖြစ်တယ်လို့ ပါပါတယ်။

    Mizzima သတင်းပါ အချက်ကို မှတ်တမ်းယူထားတဲ့ ပုံကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒီသတင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ Bloomberg သတင်းဌာရဲ့ "Coronavirus Vaccine Could Be Ready in Six Months" (ကိုရိုနာရောဂါကုသဆေး နောက်ခြောက်လမှာ ထွက်ပေါ်နိုင်) ဆိုတဲ့ သတင်းကို လည်း ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။ ဒီသတင်းမှာဆိုရင်လည်းရောဂါပိုးချက်ချင်းတွေ့ပြီလို့ ဆိုလိုထားတာမဟုတ်ပဲ တကယ်လို့ အခုစမ်းသပ်မှူဟာ အောာင်မြင်ခဲ့မယ်ဆိုရင် နောက်ခြောက်လအကြာမှာ ကုသလို့ရနိုင်မှာဖြစ်တယ်ဆိုတဲ့ ဆိုလိုရင်းနဲ့ရေးသားထားတာဖြစ်ပါတယ်။

    အလားတူ ဧပြီလ ၁ ရက်နေ့က Mizzima မီဒီယာမှာ တင်ထားတဲ့ အမေရိကန်အခြေစိုက် သတင်းဌာန VOA ရဲ့ အမေရိကန်နဲ့ covid-19 ကုထုံး ဆိုတဲ့ သတင်းရဲ့ နောက်ဆုံးအပိုင်းမှာလည်း ဒီဆေးနဲ့ပါတ်သတ်ပြီး ဆန်းသပ်ဆဲ အဆင့်သာ ဖြစ်ပြီး ကုထုံးတွေ့ရှိဘို့ လနဲ့ချီကြာနိုင်တယ်လို့ ဆိုထားပါတယ်။

    ယခုလ ဧပြီ ၄ ရက်နေ့က ရိုက်တာ သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာလည်း ကယ်လီဖိုးနီးယား စိန့်ဂျိုးဇက်ဆေးရုံမှ ဆရာဝန် Dr. Timothy Byun က ဒီဆေးနဲ့ကုလို့ လူနာပြန်သက်သာလာတယ် ဆိုပေမယ့် ဒီကုထုံးက တကယ်ထိရောက်မှုရှိ မရှိ ဆိုတာကိုတော့ ပြောဘို့စောပါသေးတယ်လို့ ပြောထားပါတယ်။


    ဒါကြောင့် အချက်မှာတင်ပြခဲ့တဲ့ သတင်းရင်းမြစ်တွေ နိုင်ငံတကာက ဆေးပညာအဖွဲ့အစည်းတွေပြောဆိုထားတဲ့ မူရင်းပြောဆိုချက်တွေကို သေချာဆန်းစစ်ကြည့်မယ်ဆိုရင် လက်ရှိဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာဆိုထားသလို ကိုရိုနာကို ကုသတဲ့ဆေးအောင်မြင်နေတဲ့ သဘောမဟုတ်ပဲဆန်းသပ်နေတုန်းသာဖြစ်တယ်ဆိုတာ စိစစ်ပေးလိုက်တာဖြစ်ပါတယ်။

    Tags

    COVID-19PLASMAvaccineCorona MyanmarCoronavirus Vaccine
    Read Full Article
    Claim :   သွေးရည်ကြည် ကုထုံးနဲ့ပတ်သက်လို့ သတင်းတွေကိုထပ်ဆင့်ဝေမျှထားတဲ့ facebook ပို့စ်တွေမှာ လွဲမှားတဲ့အမြင်တွေရှိနေခဲ့ပါတယ်။
    Claimed By :  Social Media
    Fact Check :  Misleading
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!