HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

လပွတ္တာမှာ မုန်တိုင်းတိုက်တယ်ဆိုတဲ့ သတင်းအမှား

ဧရာဝတီတိုင်းဒေသကြီး အတွင်းက လပွတ္တာမြို့မှာ မုန်းတိုင်းတိုက်ခတ်သွားတယ်လို့ သတင်းအမှား ဖြန့်ပြီး အလှူငွေထည့်ဖို့ တိုက်တွန်းထားတဲ့ ရေးသားဖြန့်ဝေမှုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Sep 2020 10:08 AM GMT

အဆိုပါ မုန်တိုင်းသတင်းအမှားကို မြန်မာသတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က စက်တင်ဘာလ ၂၁ ရက်နေ့ ၁ နာရီ ၃၆ မိနစ်မှာ ရေးသားထားတာ ဖြစ်ပြီးတော့ အဲ့ဒီသတင်းအမှားထဲမှာ "မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေအနေ" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်။" လို့ ရေးသားထားပြီး အဆိုပါ စာသားတွေနဲ့အတူ မုန်တိုင်းတိုက်ခတ်မှု ဖြစ်ပွားထားတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။

အဲ့ဒီပိုစ့်ရဲ့ အောက်ဆုံးမှာတော့ ရေးသားသူ Khaing Ko Ko Htwe ဆိုတဲ့ နာမည်ကို Credit ပေးထားပါတယ်။ အဆိုပါ ပိုစ့်ကို ၎င်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိသလို အဲ့ဒီပိုစ်ကို တခြားပြန်တင်တဲ့ ဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာသတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ လပွတ္တာမှာမုန်တိုင်း တိုက်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က သတင်းဆန်းစစ်ကြည့်တဲ့အခါ အဆိုပါ သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း လပွတ္တာမှာ မုန်တိုင်းတိုက်ခတ်ခဲ့ခြင်း လုံးဝ မရှိပါဘူး။ ၎င်း အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ဗီယက်နမ်နိုင်မှာ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဲ့ဒီဓါတ်ပုံတွေကို အသုံးပြုပြီး လပွတ္တာမြို့မှာ မုန်တိုင်း တိုက်ခတ်ခဲ့တယ်လို့ ရေးသားပြီး အလှူငွေထည့်ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ အဲ့ဒီပိုစ့်ရဲ့ Comment တွေမှာ အလှူငွေ ထည့်ဖို့ ဆက်သွယ်ရမယ့်သူကို မေးမြန်းနေတာကိုလည်း တွေ့ရပါတယ်။


အဆိုပါ သတင်းအမှားတင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ အဲ့ဒီပေ့ချ်ဟာ တခြားသူတွေ တင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ၊ တခြားသတင်းဌာနက သတင်းတွေကို ပြန်လည် ကူယူးဖော်ပြနေတာကို တွေ့ရပါတယ်။ 

 


Related Stories