HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မုံရွာ သင်္ကြန်မှာ ရိုက်ယူထားတဲ့ ဗီဒီယိုဖိုင် မဟုတ်ပါ

အခြားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စတိတ်ရှိုးပွဲတစ်ခုက ပုံရိပ်တွေအသုံးပြုပြီး စစ်ကောင်စီလက်ထက် သင်္ကြန်ပွဲ စည်ကားသယောင် ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 April 2024 3:25 AM GMT

ဒီအကြောင်းအရာကို အဖော်အချွတ်တွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဗီဒီယိုတွေ နေ့စဉ်ဖြန့်ဝေနေတဲ့ ᴛʜᴜʀsᴅᴀʏ ဆိုတဲ့ ဖေစ့်ဘွတ် ပေချ့်မှာ ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အမြောက်အများလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ လူအများအပြား ပါဝင်တဲ့ စတိတ်ရှိုးတစ်ခုကို ရိုက်ကူးထားတဲ့ စက္ကန့်ပိုင်းလောက်သာ ပါတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'မုံရွာ သင်္ကြန်။ မုံရွာ မဟာသင်္ကြန်မဏ္ဍပ်။ အကြတ်နေ့ည မြင်ကွင်း' ဆိုပြီး ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါ့ဒီပေချ့်မှာပဲ အခြား ဘိုကလေး၊ စဉ့်ကူး၊ မြင်းခြံမြို့နဲ့ မတ္တရာ သင်္ကြန် ဆိုပြီးလည်း စက္ကန့်ပိုင်းသာ ပါတဲ့ ဗီဒီယိုကလစ်တွေလည်း ဖြန့်ဝေထားပါသေးတယ်။


ဖြန့်ဝေမှုတွေကို ဒီနေရာ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်အတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းက ချီလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ နာမည်ကြီး ဂီတပွဲ Lollapalooza မှာ ဖျော်ဖြေခဲ့တဲ့ Limp Bizkit တို့ရဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဒီပွဲမှာ Limp Bizkit အဖွဲ့ရဲ့ ရှေ့ထွက်အဆိုတော် ဝတ်ဆင်ထားတဲ့ ဂျာကင်က ထင်ရှားနေပြီး ‘မုံရွာ မဟာသင်္ကြန်မဏ္ဍပ် အကြတ်နေ့ည မြင်ကွင်း’ ဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ထဲမှာလည်း တွေ့နိုင်ပါတယ်။


အခုဖြန့်ဝေနေတာတွေဟာ မြန်မာနိုင်ငံက မဟုတ်တဲ့ ပွဲတွေမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို ဖြတ်တောက် စာတမ်းထိုးပြီး ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Lollapalooza ဂီတဖျော်ဖြေပွဲကို မတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ချီလီနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး Limp Bizkit တို့အပြင် နာမည်ကြီး ဂီတအဖွဲ့တွေဖြစ်တဲ့ Blink-182၊ Feid၊ SZA၊ Sam Smith၊ Arcade Fire နဲ့ Hozier တို့ ပါဝင်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

အခြား ဘိုကလေး၊ စဉ့်ကူး၊ မြင်းခြံမြို့နဲ့ မတ္တရာ သင်္ကြန် ဆိုပြီးဖြန့်ဝေထားတဲ့ ဗီဒီယိုကလစ်တွေဟာလည်း ထိုင်းသင်္ကြန်ပွဲတော် (ဆုန်ခရမ်ပွဲ) ပွဲက ပုံရိပ်တွေကို ကူးယူဖြတ်တောက်ပြီး ဖြန့်ဝေထားတာသာ ဖြစ်ပါတယ်။

Related Stories