HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျပ်ငွေ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်တွေ ရပ်စဲတယ်ဆိုတာ မဟုတ်ပါ

စစ်ကောင်စီက ကျပ်ငွေ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်တွေကို တရားဝင်ငွေအဖြစ်က ရပ်စဲတယ်ဆိုပြီး ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Sep 2023 6:16 AM GMT

ဒီအကြောင်းအရာကို Tam Kee ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေပြီး တစ်နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။ဖြန့်ဝေရာမှာ ‘စစ်ကောင်စီက ၅၀ကျပ်နဲ့ ၁၀၀ကျပ်တန်တို့ကို စက်တင်ဘာလ ၂၉ ရက်‌နေ့က စတင်ရပ်စဲလိုက်တယ်လို့ ထုတ်ပြန်ပါ ကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက် သောကြာနေ့ မနက် ၆နာရီအချိန်ကစလို့ တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်တာလို့ ထုတ်ပြန် တာဖြစ်ကြောင်း’ ရေးသားထားပါတယ်။
မူရင်းပို့စ်မှာတော့ စစ်ကောင်စီကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပုံစံတစ်ခုကိုပါတင်ထားပေးမယ့် စစ်ကောင်စီကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အစစ်ဟုတ်မဟုတ်တော့ရှင်းပြထားတာမရှိပါဘူး။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အချက်အလက်ဆန်းစစ်ထားခြင်းမရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တာတွေ့ရသလို ဒီငွေစက္ကူတွေနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်နဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာထုတ်ပြန်ထားခြင်းမရှိပါဘူး။

ပုံမှန်အားဖြင့် ငွေစက္ကူတွေပိတ်သိမ်းတဲ့အခါမှာ နိုင်ငံတော်ဗဟိုဘဏ်နဲ့ အစိုးရ သတင်းစာ၊ ရုပ်မြင်သံကြားတွေနဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာတပြိုင်နက်ကြေငြာလေ့ရှိပေမယ့် အခုသတင်းနဲ့ပကတ်သက်လို့တော့ ဒီရက်ပိုင်းထဲကြေငြာတာမရှိပါဘူး။အခုပို့စ်မှာဝေမျှနေသလို ကျပ်ငွေ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်တွေကို တရားဝင်ငွေအဖြစ်က ရပ်စဲတယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကောင်စီရဲ့ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ထုတ် ကြေးမှုံသတင်းစာ နဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ဖော်ပြထားမရှိပါဘူး။


ကြေးမှုံသတင်းစာ နဲ့ မြန်မာ့အလင်းသတင်းစာတွေကို ဒီနေရာ မှာ ဝင်ရောက် ဒေါင်းလုတ်ရယူ ဖတ်ရှု့နိုင်ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ပြောင်းလဲမှုတွေကအစ အလုပ်ခေါ်စာတွေအထိ ကြေညာနေတဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးဝက်ဆိုက် MYANMAR NATIONAL PORTAL ရဲ့ ကြေညာချက်တွေထဲမှာလည်း ၂၉ ရက်နေ့က ထုတ်ပြန်ထားတဲ့ အလုပ်အကိုင်နဲ့ ပက်သတ်တဲ့ ကြေညာချက်ကိုသာ နောက်ဆုံးထုတ်ပြန်ထားတာ တွေ့ရပါတယ်။


MYANMAR NATIONAL PORTAL ရဲ့ ကြေညာချက်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Related Stories