HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG သမ္မတ အဖမ်းခံရပြီး ပြည်သူတွေရှုံးပြီဆိုတဲ့ သတင်းအမှား

သမ္မတ အဖမ်းခံရတဲ့အတွက် ပြည်သူတွေနဲ့ NUG အစိုးရ လုံးဝကျရှုံးသွားပြီဆိုတဲ့ အကြောင်းနဲ့ NUG ဝန်ကြီးတွေ အကုန်နီးပါး အဖမ်းခံရဆိုပြီး ရေးသားဖြန့်ဝေနေတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 22 July 2022 12:25 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Third News II ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Drama 45 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇူလိုင်လ ၁၄ ရက်နဲ့ ဇူလိုင် ၁၈ ရက်နေ့တွေမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေ အများအပြားလည်း ရှိနေပါတယ်။

ဇူလိုင်လ ၁၄ ရက်က ဖြန့်ဝေတဲ့ သတင်းမှာ သမ္မတ အဖမ်းခံရတဲ့အတွက် ပြည်သူတွေရှုံးပြီ၊ စစ်တပ်သွေးခွဲနေပြီ၊ NUG အစိုးရ လုံးဝ ကျရှုံးပြီလို့ ရေးသားကာ ရုပ်သံဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာလည်း NUG ဝန်ကြီးတွေအကုန်နီးပါးအဖမ်းခံရ၊ ဝန်ကြီးနဲ့ အတူ CDM ၂၂၀ ကျော် ထပ်ဖမ်းလို့ ရေးသားကာ ရုပ်သံဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာတွေကို စတင်ဖြန့်ဝေတဲ့ Third News II ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Drama 45 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ သတင်းအမှားတွေကို ဆက်တိုက်ဖြန့်ဝေနေတာ တွေ့ရပြီး Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းများစွာ နေ့စဉ်ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။

ဖြန့်ဝေနေတဲ့ ကာဗာပုံမှာ "NUG ဝန်ကြီးတွေအကုန်နီးပါးအဖမ်းခံရ၊ ဝန်ကြီးနဲ့ အတူ CDM ၂၂၀ ကျော် ထပ်ဖမ်း" လို့ ရေးသားထားပေမယ့် ဗွီဒီယိုဖိုင်ထဲက သတင်းမှာတော့ သတင်းဌာနတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲချဘို့ အကောင်းဆုံးအချိန်ဖြစ်နေပြီလို့ NUG အစိုးရဝန်ကြီးချုပ် ပြောကြားတယ်ဆိုတဲ့ သတင်းနဲ့ NUCC မှ KPICT နှုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေနိုင်လို့ ပြောတယ်ဆိုတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာဟာ အများပြည်သူ အထင်မှားအောင် လုပ်ကြံထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Related Stories