HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် အနားယူတော့မယ်ဆိုတဲ့ သတင်းအမှား

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မှာဖြစ်တယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Jan 2024 9:14 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Kyaw Myo Min - Baw Ma Gyi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပြည်သူ့တရားစီရင်ခြင်းခံရမှာကြောက်ပြီး မင်းအောင်လှိုင် အနားယူတော့မည်ဟု သူကိုယ်တိုင်ပြောလိုက်ပြီ’ လို့ရေးသား ဖြန့်ဝေထားတာပါ။ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ စစ်တပ်ထောက်ခံတဲ့ NP News သတင်းချန်နယ်မှာ ညစဉ်ဖော်ပြနေတဲ့ ဂျာနယ်လစ် ကျော်မျိုးမင်းရဲ့ ဗီဒီယိုဖိုင်ကို ဖြတ်တောက်ပြီး ပြန်လည်ဖော်ပြထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ခေါင်းဆောင် အနားယူတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်တပ်လော်ဘီ သတင်းဌာန NP News သတင်းချန်နယ်မှာ ညစဉ်ဖော်ပြနေတဲ့ ကျော်မျိုးမင်းရဲ့ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက ဗီဒိုယိုဖိုင်ကို ကူးယူဖြတ်တောက်ကာ ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ရဲ့ အစပိုင်း ၃ မိနစ်နီးပါးလောက်မှာ သတင်းတင်ဆက်သူ ကျော်မျိုးမင်းက လီဗာပူးဘောလုံးအသင်း နည်းပြ ယာဂင်ကလော့ပ် ယခုနှစ် ဘောလုံးရာသီကုန်မှာ ထွက်ခွာတော့မယ်ဆိုတဲ့ အကြောင်းကို စစ်ခေါင်းဆောင် နှုတ်ထွက်တော့ သယောင် နောက်ပြောင်ပြောဆိုထားတာပါ။

ရုပ်သံဖိုင်ကို ဆက်လက် ကြည့်ရှု့ပါက လီဗာပူးဘောလုံးအသင်း နည်းပြ ယာဂင်ကလော့ပ် အကြောင်း ပြောဆိုနေတာကို သိနိုင်မှာ ဖြစ်ပါတယ်။ အခုဖြန့်ဝေမှုက ဒီရုပ်သံကို ဖြတ်တောက်ပြီး ခေါင်းစဉ်တလွဲတပ်ကာ သတင်းအမှား ဖြန့်ဝေမှုသာ ဖြစ်ပါတယ်။ ဒီရုပ်သံ အစအဆုံးကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိင်ပါတယ်။

Related Stories