HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်ချုပ်ဂွမ်မော်ထံ စစ်တိုင်းမှူးတစ်ဦးလွှတ်ကာ ညှိနှိုင်းခိုင်းခဲ့တယ်ဆိုတဲ့ သတင်းအမှား

စစ်အာဏာသိမ်းခေါင်းဆောင်က ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ဆီကို စစ်တိုင်းမှူးတစ်ဦး စေလွှတ်ကာ ညှိနှိုင်းခိုင်းခဲ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 16 Dec 2023 5:10 AM GMT

ဒီအကြောင်းအရာကို BN29 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂၅ မိနစ် နီးပါး ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်တိုင်းမှူးကို ဗိုလ်ချုပ်ဂွမ်မော်ထံ လွှတ်တယ့် မအလ။ စစ်တိုင်းမှူးကို ဗိုလ်ချုပ်ဂွမ်မော်ထံ ညှိနှိုင်းခိုင်းခဲ့တဲ့ မအလ' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

ဗီဒီယိုဖိုင်ထဲမှာ ယခင်က ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးသန်းအောင်နဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် တို့ စကားပြောဆို ဆွေးနွေးနေတာ တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ဆီ စစ်တိုင်းမှူးတစ်ဦးလွှတ်ပြီး ညှိနှိုင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ ယခင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူခဲ့စဉ်အချိန်က KIO အဖွဲ့နဲ့ အပစ်ရပ်ရေး လာရောက် ဆွေးနွေးခဲ့တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့က ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအချိန်က KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးသန်းအောင်တို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


ဒီသတင်းကို သတင်းဌာန အများအပြားမှာ ဖော်ပြခဲ့ပါတယ်။ RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဖြန့်ဝေနေတာတွေဟာ ယခင်က ရုပ်သံဖိုင်အဟောင်းကို ပြန်လည်ကူးယူပြီး ယခုဖြစ်နေသယောင် ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Related Stories