HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ဝေနေတဲ့အကြောင်းအရာ

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို Photoshop နဲ့ ပြုပြင်ပြီး နိုင်ငံရေးအမြတ်ထုတ် ဖြန့်ဝေထားတဲ့ ရေးသားမှုတစ်ခု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 15 Oct 2020 12:39 PM GMT

အဆိုပါ အကြောင်းအရာကို လူပျံတော် စကြ်ာမင်း ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ၃၄ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ဖြန့်ဝေမှုထဲမှာ NLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်ပုံ တစ်ခုကို တင်ထားပါတယ်။ အဆိုပါ ဓါတ်ပုံထဲမှာ NLD အင်္ကျီဝတ်ဆင်ထားတဲ့ သူတွေက ကရိန်းကား(မြေတူးယာဉ်) ၂ စီး အသုံးပြုပြီ NLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို စိုက်ထူနေကြပါတယ်။

အဲ့ဒီဆိုင်းဘုတ်ထဲက စာသားအတိုင်းဖေါ်ပြရရင် "လူကိုခွေးလို အုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့" လို့ ဖော်ပြထားပါတယ်။ ရေးသားဖြန့်ဝေသူဟာ အဆိုပါ ဓါတ်ပုံနဲ့ အတူ "အမေရီကန်အဂႅလိပ်မဟုတ်ဘူး မြန်မာပြည် NLD ရှုံးလို့ရတယ် ဒေါ်စုမရှိလည်း ဘာမှမဖြင့်ဘူး။ မြန်မာတွေ ရှုံးလို့မရဘူး မြန်မာပြည်မရှိလို့ မဖြင့်ဘူး ဒါဟာ မြန်မာပြည်။ ကာချုပ် ရှုံးလို့ရတယ် မင်းအောင်လှိုင်မရှိလို့ ဘာမှမဖြင့်ဘူး။ တပ်မတော် ရှုံးလို့မရဘူး တပ်မတော်မရှိလို့ မဖြင့်ဘူး ဒါဟာ မြန်မာပြည်။ မဘသ ရှုံးလို့ရတယ် ဦးဝိရသူမရှိလည်းဘာ မှမဖြင့်ဘူး။ သံဃာတော်တွေရှုံးလို့မရဘူး သံဃာတွေမရှိလို့ မဖြင့်ဘူး ဒါဟာ မြန်မာပြည်" (စာလုံးပေါင်းသတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပြီး စာရဲ့အောက်ဆုံးမှာ တနင်္သာရီ အမျိုးသားရေးအင်အားစု လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

အဆိုပါ ရေးသားဖြန့်ဝေမှုကို ထပ်ဆင့်ဝေမျှထားသူ ၇၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်ထိ ဖြန့်ဝေနေကြဆဲဖြစ်ပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ NLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်မှာ ရေးသားထားတာနဲ့ ပတ်သက်ပြီး Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ပြီး ရေးသားဖြန့်ဝေထားကြောင်း တွေ့ရပါတယ်။

မူရင်းဓါတ်ပုံဟာ မကွေးတိုင်း မြိုင်မြို့နယ်မှာ NLD ပါတီက စက်တင်ဘာလ (၈) ရက်နေ့မှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် စိုက်ထူစဉ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပြီး အဲ့ဒီဓါတ်ပုံထဲမှာ မူရင်းရေးသားထားတဲ့ စာသားတွေဟာ "လူကို လူလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကို မဲပေးစို့" လို့ ရေးထားတာ ဖြစ်ပါတယ်။

မြိုင်မြို့နယ် NLD ပြန်ကြားရေး က တင်ထားတဲ့ မူရင်း ဓါတ်ပုံတွေကို ဒီမှာ ကြည့်ပါ။

သတင်းအမှား ဖြန့်ဝေသူဟာ "လူကို လူလို အုပ်ချုပ်တဲ့အစိုးရ" ဆိုတဲ့ စကားလုံးကို "လူကိုခွေးလို အုပ်ချုပ်တဲ့ အစိုးရ" ဆိုတဲ့ စာသားကို ပြောင်းလဲကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုပြင်ထားတဲ့ ဓါတ်ပုံကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။


ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ထွက်ပေါ်နေပြီး အစိုးရနဲ့ NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီလို သတင်းအမှားဖြန့်သူတွေကို အရေးမယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ဒါပေမယ့် ကိုရိုနာရောဂါနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကိုတော့ အရေးယူမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

 


Related Stories