HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကိုဗစ်ကာကွယ်ဆေးနဲ့ အရက်နှစ်လမသောက်ရဘူးဆိုတဲ့အချက်အလက်အမှား

ရုရှားနိုင်ငံထုတ် Covid-19 ကာကွယ်ဆေး Sputnik vaccine ဟာ ကာကွယ်ဆေးထိုးပြီး နှစ်လအတွင်း အရက်သောက်သုံးခြင်း မပြုရဘူး ဆိုတဲ့ရေးသားမှုတွေအများအပြားလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒီအချက်ကအမှန်ပဲလားဆိုတာ ဒီဆန်းစစ်ချက်မှာဆက်လက်ဖတ်ရှုပါ။

By - Boom Live Myanmar | 12 Dec 2020 1:35 PM GMT

ဒီအကြောင်းအရာဟာ ပြီးခဲ့တဲ့အပတ်အတွင်း လူမှုကွန်ရက်မှာ ပုံစံအမျိုးမျိုးနဲ့ အလွန်အမင်းပျံ့နှံခဲ့ပြီး လူသိများတဲ့ နာမည်ကြီးသရုပ်ဆောင် လွင်မိုးကိုယ်တိုင် ရေးသားဖြန့်ဝေထားတာလည်း တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရက်သောက်သုံးမှုအများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံမှာ ဒီလို လူတိုင်းထိုးနှံရမဲ့ ကာကွယ်ဆေးထိုးပြီး ၂ လတာ အရက်ရှောင်ရမယ် ဆိုတဲ့ သတိပေးချက်ဟာ စိတ်ဝင်ကောင်းဖို့ ကောင်းနေပါတယ်။

သတင်းဆန်းစစ်ချက်

ပထမဆုံးအနေနဲ့ ပြောရရင် ဒီသတင်းဟာ တကယ်ပဲ ထွက်ပေါ်ခဲ့တာပါ။ ရုရှားနိုင်ငံရဲ့ စားသုံးသူကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အန်းနာပိုပိုဗာက ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V ထိုးတဲ့ သူမှန်သမျှ နှစ်လလောက် အရက်မသောက်သုံးသင့်ကြောင်းပြောဆိုခဲ့ပါတယ်။

သူပြောဆိုခဲ့တာက ကာကွယ်ဆေးမထိုးမီ နှစ်ပတ်လောက် အရက်သောက်တာ ရှောင်ရှားသင့်ကြောင်းနဲ့ ထိုးပြီး ၄၂ ရက်လောက်ထပ်မံ ရှောင်သင့်ပါတယ်လို့ ရုရှားအခြေစိုက် ရေဒီယိုသတင်းဌာနနဲ့ အင်တာဗျူးမှာ အကြံပေးချက်အနေနဲ့ ပြောဆိုခဲ့တာပါ။

ဒီအကြောင်းကို ရိုက်တာနဲ့ FOX News လို သတင်းဌာနကြီးတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ မူရင်းသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ အရက်ဟာ ကိုယ်ခန္ဓာခုခံအားကျဆင်းစေတဲ့ အကြောင်းကို ဆေးပညာမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ဖော်ပြီပြီး ဖြစ်ပေမယ့်အခုကိစ္စကိုတော့ ကျွမ်းကျင်သူတွေက လက်မခံခဲ့ကြပါဘူး။

အထူးသဖြင့် ဒီကာကွယ်ဆေးကို ထုတ်လုပ်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ Gintsburg ကိုယ်တိုင်က ဒီကိစ္စကိုပြန်လည်ခြေပထားပါတယ်။ Sputnik V ကာကွယ်ဆေးရဲ့ တရားဝင် တွစ်တာအကောင့်မှာ Memes တွေမှာသုံးလေ့ရှိတဲ့ လီယိုနာဒို ဒီကပ်ပရီယို ရဲ့ပုံကိုသုံးပြီးအခုလို ရေးသားထားပါတယ်။ "ရှန်ပိန်တခွက်သောက်ရုံနဲ့တော့ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ မင်းရဲ့ကိုယ်ခံစွမ်းအားကိုလည်း မထိခိုက်နိုင်ပါဘူး" လို့ ဒီဇင်ဘာ ၉ ရက်နေ့က ရေးသားဝေမျှထားပါတယ်။


မူရင်းပို့စ်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Sputnik V ကာကွယ်ဆေးရဲ့ တွစ်တာအကောင့်မှာ အဆိုပါ ဒီဇင်ဘာ ၉ ရက် နေ့မှာပဲ နောက်ထပ် ပိုစ့်တစ်ခုလည်း တင်ခဲ့ပါသေးတယ်။

ဒေါက်တာ Gintsburg အနေနဲ့ ဒီသတင်းမှား ၄၂ ရက် အရက်ရှောင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုံးဝရှောင်ရမယ်လို့ မပြောခဲ့ပါဘူး။ တော်တန်ရုံသောက်လို့တော့ ရပါတယ်။ ကာကွယ်ဆေးတွေထိုးတဲ့အခါ သူနဲ့ သက်ဆိုင်တဲ့ ဆေးတစ်ခုပြီးတိုင်း ၃ ရက်လောက် အရက်ရှောင်ဘို့တော့ တိုက်တွန်းပါတယ် ဆိုပြီး ရေးသားခဲ့ပါတယ်။


မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories