သတင်းအတု

ဗိုလ်ချုပ်ဂွမ်မော်ကို မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူးအဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရက KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူးအဖြစ် ခန့်အပ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 11 Aug 2021 5:24 PM IST

ဗိုလ်ချုပ်ဂွမ်မော်ကို မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူးအဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား

ဒီသတင်းကို သြဂုတ်လ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေတာတွေ့ရပြီး NUG အစိုးရအနေနဲ့ KIAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူးအဖြစ် ခန့်အပ်လိုက်တယ်ဆိုပြီး သတင်းအကိုးအကားမရှိပဲ ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူးအဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်း၊ ကြေငြာချက်နဲ့ ထုတ်ပြန်ချက်တွေကို NUG အစိုးရရဲ့ ဝက်ဆိုက်နဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်တွေမှာ ထုတ်ပြန်ထားတမရှိပါဘူး။။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ပါတ်သတ်တဲ့ သတင်းတွေ ဦးစားပေးဖော်ပြနေတဲ့ Kachinwaves နဲ့ Kachin News Group တို့လို သတင်းဌာနတွေအပြင် အခြားယုံကြည်ရတဲ့ သတင်းဌာနကြီးတွေမှာလည်း ဖော်ပြထားခြင်းမရှိတဲ့အတွက် ဒီဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ ဝက်ဆိုက်နဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories