HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြဝတီမြို့ ကို KNU သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

မြဝတီမြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်တွေက အပြီး သိမ်းပိုက်လိုက်ပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 April 2024 12:45 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထွက်ပြေးတဲ့ အရာရှိတွေကို သေဒဏ်ချ။ မြဝတီမြို့ KNU အပြီးသိမ်းလိုက်ပြီ။ စစ်သား ၁၈၀၀ နဲ့ ရဲ ၉၈၀ ယောက် သတ်နိုင်ခဲ့။ ရဲနှင့် စစ်သား မိသားစုဝင်များကို အကုန်ဖမ်းဆီးထား' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ၂၄ နာရီ မပြည့်မီ ဝင်ရောက်ကြည့်ရှု့သူ သိန်းကျော် ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြဝတီမြို့ ကို KNU သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာ မြဝတီမြို့ ကို KNU သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာ အပါဝင်ပါဘူး။

အခုလ ၂၁ ရက်နေ့ကစပြီး မြဝတီမြို့ကို တိုက်ခိုက်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ မြို့ကနေ ဆုတ်ခွာသွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ကရင်နယ်ခြားစောင့်တပ် (BGF) တွေက မြို့ရဲ့ လုံခြုံရေးကို ရယူထားတယ်လို့ သိရပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories