HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်သူ့စစ်မှုထမ်းဥပ‌ဒေ ပြန်လည်ရုတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတကာဖိအားကြောင့် စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ပြန်လည်ရုတ်သိမ်းကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 22 Feb 2024 2:04 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတေွ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ YouTube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၉ နာရီအတွင်း ကြည့်ရှု့သူ ၆၀၀၀ နီးပါးအထိ ရှိနေပါတယ်။

ဒါ့အပြင် ဒီ YouTube လင့်ကို ကူးယူပြီး ဖေစ့်ဘွတ်ပေါ်မှာ ပြန်လည်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေထားရာမှာ ကြာချိန် ၁၀ မိနစ်ကျော်ရှိတဲ့ ဗီဒီဖိုင်နဲ့အတူ 'အကြောက်လွန်ပြီး ပြန်ရုပ်သိမ်းပြီ။ နိုင်ငံတကာဖိအားကြောင့် စစ်မှုထမ်းဥပဒေ ပြင်ဆင်ရုတ်သိမ်းကြောင်း ဇော်မင်းထွန်းအတည်ပြု' လို့ ရေးသားထားပါတယ်။

အခြား YouTube ချန်နယ်တွေမှာလည်း 'စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်းကြေညာ။ စစ်ကောင်စီပြုတ်ပြီ' လို့ ရေးသား ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ပြန်လည်ရုတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ‘စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သည်သစ်များခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိတော့ဟု စစ်ကောင်ထုတ်ပြန်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ပြန်လည်ရုတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ့်အကြောင်း စစ်ကောင်စီက ယခုလအစောပိုင်းက ကြေညာခဲ့ပေမယ့် လတ်တလောမှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးတွေကို ခေါ်ယူမယ့် အစီအစဉ် မရှိသေးတဲ့အကြောင်း ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ ပြန်လည် ထုတ်ပြန်ထားပါတယ်။

လတ်တလော စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေ စိုးရိမ်နေကြပြီး ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ပြန်လည်ရုတ်သိမ်းတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Related Stories