HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြည်နယ်အချို့ကို ၆ လ နဲ့ သိမ်းပိုက်ပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေကို ၆ လ နဲ့ ပြန်သိမ်းပိုက်ပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး စစ်ကောင်စီဘက်က ကြေညာသယောင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 March 2024 3:00 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လုံးဝထင်မထားဘူးဗျို့။ ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်ပြည်နယ်များအားလုံးကို ၆ လ နဲ့ ပြန်သိမ်းပိုက်ပြီး ရွေးကောက်ပွဲကျင်းပမည်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ကိုးသောင်းနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်နယ်အချို့ကို ၆ လ နဲ့ သိမ်းပိုက်ပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မြေလတ်အသံ သတင်းဌာနမှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'PDF နဲ့ EROs တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့မပြောတော့ဘဲ လက်အောက်စစ်သားတွေ အသက်ပေးကာကွယ်ကြဖို့သာ စစ်ခေါင်းဆောင်တိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာ ဖြစ်ပါတယ်။


မြေလတ်အသံ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories