HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတပုံအဟောင်းကို ပြန်လည်ဖြန့်ဝေတဲ့ အချက်အလက်အမှား

ကင်တာနားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံစဉ်က ပုံဟောင်းတစ်ပုံကို အသုံးပြုပြီး နိုင်ငံတော်သမ္မတ ရာထူးနဲ့ပတ်သက်လို့နားလည်မှုလွဲစေနိုင်တဲ့ ရေးသားမှုတစ်ခုထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar | 31 Dec 2020 7:44 AM GMT

ဒီရေးသားဖြန့်ဝေမှုကို အ ညာ သူ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

သူ့ရဲ့ပိုစ့်ထဲမှာ "မသိလို့ မေးမယ်နော် သမ္မတက ဘယ်သူလဲ" လို့ ရေးသားထားပြီး သမ္မတဦးဝင်းမြင့်ကို ကာလာနဲ့ ဝိုင်းပြထားတဲ့ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

ပုံထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ NLD နာယကသူရဦးတင်ဦး အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တာနား တို့ဝိုင်းထိုင်စကားပြောနေရာ နောက်ခုံမှာထိုင်နေတဲ့ သမ္မတဦးဝင်းမြင့် ကို ရည်ရွယ်ပြောဆိုထားတာ ဖြစ်ပါတယ်။

ရေးသားထားမှုနဲ့ ပိုစ့်အောက်က အပြန်အလှန်ပေးထားတဲ့ မှတ်ချက်များအရ သမ္မတအား အရာမဝင်လို့ နောက်ခုံမှာ ထိုင်နေရတဲ့အခြေအနေအဖြစ် ဝေဖန်ပြောဆိုနေတာ ဖြစ်ပါတယ်။


ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

 သတင်းဆန်းစစ်ချက်

တကယ်တော့ ဒီဖြန့်ဝေမှုမှာ ပါတဲ့ပုံဟာ ပုံဟောင်းတစ်ခုသာဖြစ်ပြီး အဆိုပါအချိန်က လက်ရှိသမ္မတ ဦးဝင်းမြင့်အနေနဲ့ သမ္မတမဖြစ်သေးသလို NLD ပါတီပင် အာဏာရရှိခြင်း မရှိသေးပါဘူး။

ဒီပုံထဲပါတဲ့ သူတွေကို ကြည့်ရုံနဲ့ နိုင်ငံရေးကို အနည်းငယ်မျှ စိတ်ဝင်စားတဲ့သူဆိုရင် ဒါဟာ ပုံဟောင်းတစ်ခုသာဖြစ်တယ် ဆိုတာ သိရှိမှာ ဖြစ်ပါတယ်။ ပုံထဲမှာ ပါတဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး NLD နာယက သူရဦးတင်ဦး ဟာလည်း ၂၀၁၇ ခုနှစ်မှာ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခဲ့တာပါ။

ဒီပုံကတော့ ဧရာဝတီ ဘလော့မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ဖော်ပြခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီက တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနား တို့ တွေ့ဆုံဆွေးနွေးပွဲမှ ပုံပဲ ဖြစ်ပါတယ်။


သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

Related Stories