HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ လက်နက်တွေ စင်္ကာပူဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ လက်နက်တွေအကုန် စင်္ကာပူကဖမ်းဆီးတယ်ဆိုပြီး လူမှုကွန်ရက်မှာတွေပေါ်မှာ ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 May 2023 2:40 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Breaking News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ကူးယူဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ မိနစ် ၃၀ နီးပါးကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘စစ်ကောင်စီ လက်နက်အားလုံး စင်ကာပူ ဖမ်းဆီး။ စစ်ကောင်စီ လက်နက်အားလုံး ဖမ်းဆီးခံရ။ စင်္ကာပူ စစ်ရေး အရေးယူ’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မြန်မာစစ်တပ်ရဲ့ လက်နက်တင်ပို့မှုတွေနဲ့ ပက်သက်ပြီး ကုလသမဂ္ဂအစီရင်ခံက ဖော်ပြခဲ့ပြီးနောက် စင်္ကာပူက ပြန်လည်တုံ့ပြန်ပြောဆိုတဲ့ အခြားသတင်းဌာနတွေက သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။သတင်းထဲမှာ စစ်ကောင်စီရဲ့ လက်နက်တွေ စင်ကာပူ ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

မြန်မာစစ်တပ်ရဲ့ လက်နက်တင်ပို့မှုတွေနဲ့ ပက်သက်ပြီး ကုလသမဂ္ဂက မေလ ၁၇ ရက်နေ့မှာ အစီရင်ခံစာသစ်တစ်ရပ် ထုတ်ပြန် ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံနေရတဲ့ စစ်ကောင်စီဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားဆီက အဓိကရရှိနေတာဖြစ်သလို စင်္ကာပူ၊ ထိုင်းနဲ့ အိန္ဒိယတို့လည်း ပါဝင်ကြတယ်လို့ ဆိုထားပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်အပြီးမှာ စင်ကာပူနိုင်ငံဟာ မိမိရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် မည်သည့် လုပ်ငန်းအဖွဲ့အစည်းကို မဆို အရေးယူဖို့တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ နိုင်ငံရေး၊ စီးပွားရေး သတင်းတွေသာမက လူမျိုးရေးနဲ့ ဘာသာရေးလို သတင်းတွေကိုတောင် တမင်လိမ်ညာ အသုံးချပြီး ဖြန့်ဝေလာတာ တွေ့ရပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Related Stories