HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပလက်ဝ တိုက်ပွဲသတင်း စစ်တပ်ထောက်ခံသူတွေ သတင်းအမှားဖြန့်ဝေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သော်လည်း အဆိုပါတိုက်ပွဲမှာ ဖြစ်ပွားခဲ့မှု မရှိကြောင်း စစ်တပ်ထောက်ခံသူတွေက လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar | 20 May 2022 10:20 AM GMT

ဖြန့်ဝေမှုတွေကို စစ်တပ်ထောက်ခံတဲ့ People'svoice Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက စတင်ရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ "ပလက်ဝမြို့နယ်၊ သံထောင်ရွာမှာရှိတဲ့ AA အဖွဲ့က စစ်တပ်ရဟတ်ယာဉ်ကို သေနတ်နဲ့ပစ်ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်တယ်လို့ ခေတ်သစ်မီဒီယာမှာ ဖော်ပြထားမှုဟာ သတင်းအမှားတွေသာ ဖြစ်ကြောင်း၊ သံထောင်ဘက်မှာ လေချွန်သံတောင် မကြားရကြောင်းနဲ့ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်ကို စစ်မီးမွှေးဘို့ ပြုလုပ်တာသာ ဖြစ်ကြောင်း" ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးမှာ စစ်ရဟတ်ယာဉ်တစ်စီးနှင့် AA တို့ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ သတင်းကို ခေတ်သစ်မီဒီယာတင်မက အခြားယုံကြည်ရတဲ့ သတင်းဌာနတွေဖြစ်တဲ့ ဧရာဝတီ၊ Myanmar Now နဲ့ Mizzima သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြထားပါတယ်။


သတင်းထဲမှာ မေလ ၁၅ ရက် နေ့လယ်ပိုင်းက သံထောင်ကျေးရွာအနီး တောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် ဆင်းသက်စဉ် AA တပ်ဖွဲ့ ဝင်များက ချောင်းတဖက်ကမ်းက ပစ်ခတ်ခဲ့ရာက မိနစ် ၂၀ နီးပါး နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဖြန့်ဝေမှုမှာ ရေးသားထားသလို ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်းနေခြင်း မရှိတဲ့အပြင် စစ်ဆေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေလ ၁၅ ရက်နေ့မှာပဲ သတိပေးချက် ထုတ်ပြန်ထားပါသေးတယ်။

AA ၏ မေ ၁၅ ရက် ထုတ်ပြန်ချက်ထဲမှာ ၎င်းတို့၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို စစ်ကောင်စီက လိုက်လံနှောင့်ယှက်နေတဲ့အပြင် ၎င်းတို့အသိအမှတ်ပြုထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးဖို့ ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းတွေး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မေလ ၁၅ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ AA စစ်ဦးစီးချုပ်တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

သတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories