HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စုကို လူမျိုးတုံး သတ်ဖြတ်မှုခေါင်းဆောင်အဖြစ် အမေရိကန်သတ်မှတ်တယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum မှာ မတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး အတည်ပြုကြောင်း ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်သူအဖြစ် သတ်မှတ်တယ်လို့ ရေးသားဖြန့်ဝေတဲ့အကြောင်းအရတွေယခုရက်ပိုင်းအတွင်းပျံနှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 31 March 2022 6:05 AM GMT

ဒီသတင်းတွေကို စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းမှာ မတ်လ ၂၈ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး "ဒေါ်စုဘဝနေဝင်ချိန် ရောက်တော့မှာဖြစ်ကြောင်း၊ လူမျိုးသုန်းသတ်ဖြတ်တဲ့ ခေါင်းဆောင်အဖြစ် အမေရိကန်ရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ Covid-19 ကူးစက်ခံနေရတာကြောင့် Mar 24‌ထဲက ကွာရန်တင်းဝင်နေရကြောင်း၊ သူမနေအိမ် အကျယ်ချုပ် ကျနေစဉ် နိုဘယ်ဆုပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရဲတဲ့ ဒီမိုကရေစီသူရဲကောင်းအဖြစ် ဆုပေါင်းမြောက်များစွာပေးခဲ့တဲ့ အမေရိကန်သည်လည်း သူမကို လူမျိုးသုဉ်းသတ်ဖြတ်တဲ့ တရားခံခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ပြတိုက်တွင် ထည့်သွင်းထားလိုက်ကြောင်း" တွေ ရေးသားထား ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း သတ်မှတ်ဆုံးဖြတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မတ်လ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum မှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်တဲ့ တရားခံခေါင်းဆောင်အဖြစ် သတ်မှတ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းထဲမှာ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ မောင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင်သတ်မှတ်တဲ့ကြောင်း၊ အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ခုနစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ ရှစ်ကြိမ်မြောက် လူမျိုးတုံးသတ်ဖြတ်မှု ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရကြောင်း၊၂ဝ၁၇ ခုနှစ်မှာတော့ ရိုဟင်ဂျာ ၉ဝဝဝကျော် သတ်ဖြတ်ခံရပြီး ခုနစ်သိန်းလေးသောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မောင်းထုတ်ခံခဲ့ရကြောင်း" စတဲ့ အချက်တွေအရ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေကို ထုတ်ဖော်ပြောဆိုထားတာပါ။

ဒါ့အပြင် မိန့်ခွန်းထဲမှာ "သြဂုတ်လ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ တပ်မတော်အရာရှိအချို့ရဲ့ ဆိုရှယ်မီဒီယာတွေ အပေါ်မှာ ပြောဆိုရေးသားချက်တွေနဲ့ အဲဒီ စစ်ဆင်ရေးတွေကို ကိုယ်တိုင်တာဝန်ယူခဲ့တဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေဟာလည်း မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိနေတာကို ပြသနေကြောင်းနဲ့ အဲဒီ စစ်ဦးစီးချုပ်ကပဲ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံထားတဲ့ အစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး လက်ရှိမှာ မြန်မာပြည်သူကို ဖိနှိပ်နေတဲ့ စစ်ကောင်စီကို ဦးဆောင်နေတာဖြစ်ကြောင်း" အန်တိုနီ ဘလင်ကန်ရဲ့ ပြောကြားချက်အရ လူမျိုးသုဉ်းသတ်ဖြတ်တဲ့ တရားခံခေါင်းဆောင်အဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သတ်မှတ်ထားတယ်လို့ ယူဆရပါတယ်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ မတ်လ ၂၂ ရက်နေ့က ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ အန်တိုနီ ဘလင်ကန်ရဲ့ ပြောကြားချက် မိန့်ခွန်းအပြည့်အစုံကိုတော့ ဒီနေရာ မှာ ကြည့်ပါ။

Related Stories