HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးကျော်မိုးထွန်းရဲ့ လက်နက်တောင်းဆိုမှုကို UN လက်ခံတယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရကို ယူကရိန်းလို လက်နက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုမှုကို UN လက်ခံလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 22 May 2022 3:47 PM GMT

ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ News Video ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၁ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

သတင်းကို "ဦးကျော်မိုးထွန်းတောင်းတဲ့ လက်နက်ကိစ္စ UN သဘောတူပြီ။ NUG ကို ယူကရိန်းလို လက်နက်ပေးဖို့ ဦးကျော်မိုးထွန်း တောင်းဆိုတာ UN က လက်ခံပြီ" လို့ ရေးသားကာ ၂ မိနစ်နီးပါ ကြာမြင့်တဲ့ video ဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို BOOM က ဆန်းစစ်ကြည့်ရာမှာ ဖန်တီးရေးသားထားတဲ့သတင်းအတုဖြစ်တာတွေ့ရပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ လက်နက်တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်း မရှိသလို လက်ရှိတော်လှန်ရေးအင်အားစုတွေအတွက် အထောက်အပံ့တွေပေးဖို့တောင်းဆိုထားတဲ့အခြေအနေလည်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှလည်း ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာနဲ့ ပတ်သတ်ပြီးတော့သာ ဆွေးနွေးခဲ့ပါတယ်။


ဦးကျော်မိုးထွန်းက အာဏာသိမ်းပြီးနောက် လက်ရှိပြည်တွင်းရေးအခြေအနေတချို့ကိုပြောဆိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်မှုနဲ့  နိုင်ငံလူဦးရေ တဝက်လောက်ဟာ ဆင်းရဲနွမ်းပါးမှုအောက်ရောက်သွားတယ်ဆိုတဲ့ကိစ္စတေကို ကုလရဲ့ စာရင်းတွေအပော်ကိုးကား တင်ပြမှုသာရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပါအဝင် ကမ္ဘာ့တဝန်း ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ အဆုံးသတ်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့သေးတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောကြားမှုနဲ့ ပါတ်သတ်ပြီး သတင်းတွေမှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories