HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ထိုင်းစစ်တပ်က မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ စစ်ကောင်စီတပ်စတခန်းတွေကို ထိုင်းစစ်တပ်က မီးရှို့ပြီး စစ်ကောင်စီတပ်သား (၂၀၀) ကျော် ကိုလည်း ဖမ်းဆီးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Sept 2025 5:17 PM IST

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းနယ်စပ်ရှိ မအလစခန်း ထိုင်းစစ်တပ် မီးရှို့။ ထိုင်းနယ်စပ်ရှိ မအလ စစ်ခွေးတပ်(၂၀၀)ကျော် ထိုင်းစစ်တပ် ဖမ်းဆီး၊ စခန်းကို အကုန်မီးရှို့ ဖျက်ဆီး' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ထိုင်းစစ်တပ်က မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media သတင်းဌာနမှာ ဇွန် ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံး၊ နမခ စစ်ဌာနချုပ်တွင် ကြောက်လန့်နေကြပြီး ညအချိန် မီးများအားလုံးပိတ်ထားရန် အမိန့်ထုတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ထိုင်းစစ်တပ်က မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories